January 18, 2011

သမီးလေး ၁ နှစ်ပြည့် မွေးနေ့အလှူ



ဒီလ ၁၇ ရက်နေ့က သမီးလေး ၁ နှစ်ပြည့်ပါတယ်။ ၁ နှစ်ပြည့် အတွက် မွေးနေ့အလှူကို စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှာပဲ အလှူလုပ်ပေးဖြစ်ခဲ့တယ်။ သမီးလေး ၁ လ ပြည့်တုန်းကလည်း အဲဒီမှာပဲ ဘုန်းကြီးတွေကို နေ့ဆွမ်း ကပ်လှူခဲ့ဖူးပါတယ်။ အခုတစ်ခါကတော့ ဘုန်းကြီးတွေရော သီလရှင်တွေပါ လှူဖြစ်ခဲ့တာမို့ အတိုင်းမသိ ကြည်နူး ၀မ်းသာရတယ်။ အလှူနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေကိုတော့ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှာရော မမ၀ါရဲ့ blog မှာပါ တင်ထားပါတယ်။

မွေးနေ့ ဆုတောင်းစကား တချို့ကို blog မှာ အမှတ်တရအဖြစ် ကူးယူထားလိုက်ပါတယ်။

ဆွမ်းလောင်းအသင်းရဲ့ မွေးနေ့ ဆုတောင်းပါ..
သမီးလေး အိမြတ်မွန် မွေးနေ့မှ စ၍ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် မိဘ ကျေးဇူးသိတတ်သော သမီးရတနာလေး ဖြစ်ပါစေလို့ သံဃာများနှင့် သီလရှင်များ ကိုယ်စား ဆွမ်းလောင်းအသင်းမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။

အန်တီဝါရဲ့ မွေးနေ့ ဆုတောင်း..
စံ+နုနု(မနုစံ-ဂျပန်)တို့၏ တစ်ဦးတည်းသော ချစ်သမီးလေး အိမြတ်မွန်၏ (၁)နှစ်ပြည့်မွေးနေ့မှသည် ချစ်သောဖေဖေ မေမေတို့နဲ့အတူ ကျန်းမာ ပျော်ရွှင်စွာဖြင့် မွေးနေ့ပေါင်း နှစ်၁၀၀တိုင်အောင် ကျင်းပနိုင်ပြီး ထူးချွန်ထက်မြက် လိမ္မာသော သမီးရတနာလေးတစ်ဦး ဖြစ်ပါစေလို့ အန်တီဝါ မှ ဆုတောင်းပေးလိုက်ပါတယ်။

အန်တီသက်ဝေရဲ့ မွေးနေ့ ဆုတောင်း..
သမီးလေးမွေးနေ့အတွက် လာဆုတောင်းပါတယ်...
ကျန်းမာ ချမ်းသာပြီး အသိဥာဏ်ပညာများ ထူးချွန်ထက်မြက်တဲ့ သမီးလေးတယောက်ဖြစ်ပါစေလို့...

ဦးဦး Andy ရဲ့ မွေးနေ့ ဆုတောင်း..
Happy Birthday, Ei Myat Mon.
(Kids wouldn’t know whether or how their first ever Birthday was celebrated. But we do know for the rest of our live.)

အန်တီ သက်နန္ဒာရဲ့ မွေးနေ့ဆုတောင်း သီချင်းလေးပါ..

♫ ♪ ♫ ♪....Happy Birthday to you...! ♫ ♪ ♫ ♪........Happy Birthday to you...! ♫ ♪ ♫ ♪........Happy Birthday Dear. Ei Myat Mon ...! ♫ ♪ ♫ ♪........Happy Birthday to you...♫ ♪ ♫ ♪....!

အန်တီဝါ၀ါမွန် ရဲ့ မွေးနေ့ဆုတောင်းပါ..
Happy Birthday Ei Myat lay yay...D birthday hma sa lo mam mam tway a myar kyee sarr Naing par say shin :)
သမီးလေး ထမင်းမစားရင် စိတ်ညစ်ရလို့ ထမင်းများများစားဖို့ ဆုတောင်းပေးထားတာ. :)


အန်တီမိုးချိုသင်း ရဲ့ မွေးနေ့ ဆုတောင်းပါ..
သမီးလေး ကံကောင်းတယ်။ ဒီအဖေ ဒီအမေက တုန်နေအောင် ချစ်ကြတာ သမီးလေးကြီးလာတဲ့ တနေ့ ကျေးဇူးတင်လိမ့်မယ်။ Happy Birthday ပါ သမီးရေ..

သမီးလေး မွေးနေ့အတွက် ဖုန်း၊ Email အပြင် FaceBook မှာပါ ဆုတောင်းပေးကြတဲ့ သူငယ်ချင်းတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ 'ပေးတဲ့ဆုနဲ့ ပြည့်ပါစေ'လို့ ပါပါးနဲ့ မေမေက ထပ်ပြီး ဆုတောင်းပါတယ်။

ဇန်န၀ါရီ ၁၈၊ ၂၀၁၁။

10 comments:

PAUK said...

သမီးလေး အိမြတ်မွန်
မွေးနေ့မှာပျော်ရွှင်ပါစေ..

Lorem Ipsum said...

နာမည်တစ်လုံးပဲကွဲတဲ့ ညီမလေးအိမြတ်မွန်
မွေးနေ့မှာပျော်ရွှင်ပါစေ စိတ်ချမ်းသာကိုယ်ကျန်းမာ လိုရာဆန္ဒပြည့်ပြီး ပါပါးမာမားအားကိုးရတဲ့သမီးလိမ်မာလေးဖြစ်နိုင်ပါစေ

Maung Myo said...

Happy Birthday ခလေးပေါက်စလေးရေ ခင်မင်ဖွယ်စိတ်သဘောထားပြည့်လှတဲ့ ပါပါးနဲ့ မာမားရဲ့ သမီးအလိမ်မာလေးဖြစ်ပါစေဗျာ ။

ဟိတ်...ပေါက်စလေး ဇန်န၀ါရီဖွားတွေက စိတ်သဘောထားနုညံ့ပြီး စိတ်ခံစားမှုမှာ တော်တယ်လို့ကြားဖူးတယ် (ဟိ ရမ်းတုတ်တာ ဦးဦးမွေးနေ့လည်း နီးပြီးဗျ )

JuneOne said...

သမီးလေး အိမြတ်မွန်
happy birthday!!
ပါပါးမာမား တို့နဲ့အတူ ပျော်ရွှင်ဖွယ်ရာမွေးနေ့ပေါင်းများစွာ
ကိုဆင်နွဲနိုင်ပါစေ။
သမီးလေးပုံလေးတွေတင်ပါအုံး။

့်Home Sweet Home said...

Happy Birthday နော် သမီးအိမြတ်မွန်...:)

Shinlay said...

သမီလေး ကျန်းမာပျော်ရွှင်စွာအမြဲရှိပါစေ။

Kyaw Hnin Se Lwin said...

သမီးလေး အိမြတ်မွန်
မွေးနေ့နှင့်အတူ ဖေဖေ မေမေတို့နဲ့တသက်တာလုံး
စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာ ပျော်ရွှင်စွာ ရှိပါစေလို့

မ..နည်းနည်းတော့နောက်ကျသွားတယ်
:))

subuueain said...

သမီးလေး မွေးနေ့မှာပျော်ရွှင်ပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ သမီးအလိမ္မာလေး ဖြစ်ပါစေနော်။

NSA said...

သမီးကလေး...မွေးနေ့ကစလို့ အမြဲတမ်းရေလိုအေး..ပန်းလိုမွှေးပါစေ...


အန်တီစင်စင်

lcd said...

မနုစံတို့ရဲ့သမီးလေးဘဝတလျှောက်လုံးကိုယ်ကျန်းမာစိတ်ချမ်းသာပါစေ။