January 5, 2008

2008 New Year Resolution



နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လာတာ ၅ ရက်တောင် ရှိပြီ။ ကျမကတော့ စကားပြောရင် ယောင်ပြီး နောက်နှစ်လို့ ပြောမိနေတုန်းပဲ။ အမှန်တော့ ဒီနှစ်လို့ ပြင်ပြောရတော့မှာ။ ဒီနှစ်အတွက် New Year Resolution က ဘာတွေလည်းလို့ ညီမလေး s0wha1က tag လာတော့ ကျမလည်း ဘာပြောရမှန်း မသိဘူး။ အရင်နှစ်တုန်းကတော့ ဘာတွေလုပ်မယ် ဆိုပြီး စိတ် ပြင်းပြင်းထန်ထန် မရှိခဲ့ပါဘူး။ ဒီနှစ်တော့ ကိုယ့်အတွက် အရမ်းကြီး Heavy ဖြစ်မနေတဲ့ဟာမျိုး၊ နောက်ပြီး ကိုယ်ကလည်း တကယ် လိုက်နာနိုင်မယ့် အရာမျိုး ကို လုပ်ဖြစ်အောင် လုပ်မယ်လို့ သန္နိဋ္ဌာန် ချလိုက်ပါတယ်။

၁။ ရုံးတက်ရမယ့် နေ့ဆိုရင် အိပ်ယာက စောစောထပြီး ရုံးကို နောက်မကျအောင် သွားမယ်လို့ စိတ်ဆုံးဖြတ်ထားပါတယ်။ (အဲဒါက ကျမအတွက်တော့ တော်တော်ကို မလွယ်တဲ့ ကိစ္စပါ။ )

၂။ အပြောနဲ့ လက်တွေ့ ကိုက်ညီအောင် နေပါမယ်။ တဖက်သားကို ကတိတစ်ခု၊ စကားတစ်ခုကို လွယ်လွယ်မပြောဖြစ်အောင်၊ ပြောပြီးရင်လည်း ပြောတဲ့အတိုင်း လုပ်ပေးနိုင်အောင် ကြိုးစားပါမယ်။

၃။ အ၀တ်အစား အသုံးအဆောင် ပစ္စည်းတွေကို တကယ် မလိုအပ်ပဲ၊ မလိုချင်ပဲ မ၀ယ်မိအောင် ကြိုးစားပါမယ်။


ဘယ်လောက် လိုက်နာနိုင်မလဲဆိုတာတော့ ကိုယ်တိုင်ပဲ စောင့်ကြည့်ရမှာပါပဲ။ ကိုယ့်ကို ကိုယ် မညာမိအောင်၊ စိတ်ကို အလိုမလိုက်မိအောင် ကြိုးစားဖို့က အင်မတန် ခက်ပါတယ်။ နှုတ်တစ်ရာ စာတစ်လုံးလို့ ဆိုစကားရှိတော့ အခုလို စာနဲ့ ရေးပြီး blog ပေါ်တင်လိုက်တာဟာ ပိုပြီး ကိုယ့်စိတ်ကို လေးနက်စေမလားပဲ။

တခါတလေ တကယ့်လုပ်ရပ်နဲ့ ဆန့်ကျင်ဘက်ကို ပြောမိရင် ကျမ အမျိုးသားက “စိုင်းထီးဆိုင် ဆိုတဲ့ သီချင်းလေး တပုဒ် ကို သတိရတယ် ...~~မင်းပြောတဲ့စကားများ ~~ နားကြားများလွဲသလား~~” တဲ့။ သူက ကျမ စကားကြီး စကားကျယ်ပြောတိုင်း အဲဒီလို အမြဲနောက်ပြောင်တတ်ပါတယ်။ တကယ်လား အပြောလားဆိုတာကို ၂၀၀၈ ခုနှစ်ကုန်ချိန်မှာ ပြန်ပြောကြတာပေါ့နော်....



ဇန်န၀ါရီ ၅၊ ၂၀၀၈။

6 comments:

s0wha1 said...

ဟီဟီ... မရန်ကုန်သူရဲ့ Resolution အတိုင်း တကယ်လိုက်နာနိုင်ပါစေ။ အမရဲ့ Resolution သုံးခုလုံးက ညီမလည်း ကျင့်သုံးချင်တဲ့ဟာတွေကြီးပဲ။။။။:D

Anonymous said...

၃ ကိုတော့ အစ်ကိုက တော်တော်ကျေနပ်နေမှာပဲနော်..။
မ..အောင်မြင်ပါစေ..။

မြရွက်ဝေ said...

အမက သန္နိဋ္ဌာန် တွေချလို့ပါလား။ ညီမတော့ ကိုယ့်အကြောင်းကိုယ်သိမို့ သံသေတ္တာဘဲ ချတော့မယ်။ :P

Winkabar said...

နှစ်သစ်မှာ ပြုလုပ်ဖို့စီစဉ်ထားသမျှအားလုံးအောင်မြင်နိုင်ပါစေအစ်မရေ။ မရောက်တာကြာတော့ဖတ်စရာတွေပုံနေတယ်။ ဖြည်းဖြည်းချင်းဖတ်သွားတယ်နော်။

ဘာလုပ်နေလဲဆိုတော့ ဒီလိုပါပဲ။ ဟိုလုပ်ဒီလုပ်ပေါ့။ ပျင်းလို့အိမ်တွင်းအောင်းနေတာလည်းပါတယ်။ :P ။ မနက်ဖြန်ကျောင်းပြန်တက်ရတော့မယ်လေ။
နေကောင်းတယ်နော်အစ်မ။

diLo said...

sis!

cheers to ur new year resolutions!
i believe that having set target and the will to work towards the goal is already a step near to reaching it!

jia you naw!
to a better year!
2
0
0
8

Anonymous said...

နံပတ် ၃ က ဟဲ............
လိုက် လုပ်ဖို့ တော်တော် ခက်တယ်နော်...ချစ်မ
အောင်မြင်ပါစေ.................

မိုးချစ်သူ ပြန်မရေးဖြစ်တော့ဖူး။ စိတ်
အနှောက်အယှက်လေးတွေရှိလို့ပါ။
ချစ်မဆီတော့ စာတွေလာဖတ်မယ်လေနော်

TAke care dear sis!!
Wish u have a wonderful life in 2008 !