February 17, 2010

၁ လပြည့် မွေးနေ့ အလှူ


၂၀၁၀ ခုနှစ် အတွက် ပထမဆုံးပို့စ်ကို သမီး ၁ လပြည့်အလှူနဲ့ စ ပြီး ဖွင့်လိုက်ပါရစေ..

ဒီနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့မှာ သမီးလေးကို မွေးခဲ့တာဆိုတော့ အခု ဖေဖေါ်ဝါရီ ၁၇ ရက်နေ့မှာ သမီးလေး ၁ လ ပြည့်ပါတယ်။ ၁ လ ပြည့်တဲ့နေ့မှာ ထွေထွေ ထူးထူး မလုပ်ပေးဖြစ်ပါဘူး။ အမှန်တော့ ဖြစ်နိုင်မယ်ဆိုရင် အိမ်မှာ ဘုန်းကြီးဆွမ်းလေး ဘာလေး ကပ်ချင်တာပါ။ ဒါပေမယ့်လည်း ကျမတို့ သိရသလောက် Osaka မှာ မြန်မာဘုန်းကြီးကျောင်း မရှိတာကြောင့် ကိုယ်တိုင် ကိုယ်ကျ ဘုန်းကြီး ဆွမ်းကပ် ဖို့က မဖြစ်နိုင်ပါဘူး။ ဒါကြောင့် စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းမှာ မွေးနေ့အတွက် နေ့ဆွမ်းကပ်လှူဖို့ မ၀ါဝါခိုင်မင်းဆီ အကူအညီတောင်းခဲ့ရပါတယ်။ မ၀ါဝါခိုင်မင်းဆီကို နေ့ဆွမ်းအတွက် ငွေလွှဲ ပြီးတော့မှ အမက တဆင့် စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းကို ငွေပြန်လွှဲပြီး လှူခဲ့ရတာပါ။ အားလုံးရဲ့ ကျေးဇူးကြောင့် သမီးလေးအတွက် မွေးနေ့အလှူ တစ်ခု လုပ်ခွင့်ရသွားလို့ အရမ်းကို ၀မ်းသာ ပီတိ ဖြစ်ရပါတယ်။ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်းရဲ့ Blog မှာလည်း ဆွမ်းအလှူအတွက် ဓာတ်ပုံတွေ တင်ထားတာမို့ ပုံတွေ ကြည့်ရင်း ကြည်နူးရတယ်။

ဒီအလှူဖြစ်မြောက်ဖို့အတွက် အမ မ၀ါဝါခိုင်မင်း၊ စစ်ကိုင်းတောင်ရိုး ဆွမ်းလောင်းအသင်း နဲ့အတူ ဝေယျာဝစ္စကုသိုလ်ရှင်များ ကိုလည်း ကျေးဇူးတင်ပါတယ်။

“သမီးလေးမအိမြတ်မွန် မွေးနေ့မှစ၍ စိတ်၏ချမ်းသာခြင်းကိုယ်၏ ကျန်းမာခြင်းအပေါင်းနှင့်ပြည့်စုံလျှက် မိဘကျေးဇူး ဆပ်နိုင်သော သမီးမြတ်ရတနာဖြစ်ပါစေလို့ဆွမ်းလောင်းအသင်းမှ
ဆုမွန်ကောင်းတောင်း လိုက်ပါ တယ်။”

သမီးလေးအတွက် ဆွမ်းလောင်းအသင်းက ဆုတောင်းပေးထားတာလေးပါ။ အမှတ်တရအနေနဲ့ ကူးယူထားလိုက်ပါတယ်။ “ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ” လို့လည်း ထပ်ဆင့် ဆုတောင်းပါတယ်။

*****

အခုလို လှူဒါန်းရတဲ့ ကုသိုလ်ကောင်းမှုအစုစုတို့ကို ၃၁ ဘုံမှာ ကျင်လည်ကျကုန်သော ဝေနေယျ သတ္တ၀ါ အားလုံးကို အမျှပေးဝေပါတယ်။ အားလုံး ကြား ကြားသမျှ အမျှ.. အမျှ.. အမျှ ယူတော် မူကြပါကုန်လော့။

သာဓု.. သာဓု... သာဓု

မွေးနေ့အလှူအကြောင်းကို စစ်ကိုင်းတောင်ရိုးဆွမ်းလောင်းအသင်း Blog မှာ ကြည့်လို့ရပါတယ်။

ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၀။

22 comments:

khaingzm said...

happy birthday baby nu-san lay !

pandora said...

သာဓု သာဓု သာဓု
၁ လပြည့်မှသည် ဘ၀တလျှောက်လုံး စိတ်ချမ်းသာကိုယ်ချမ်းသာရှိပြီး ထူးချွန်ထက်မြက်တဲ့ သမီးလေး ဖြစ်ပါစေ။

Shinlay said...

သာဓု၊သာဓု၊သာဓု
သမီးကောင်းသမီးမြတ်လေးဖြစ်ပါစေလို့ ဆုတောင်း ပေးပါတယ်။

လုလု said...

သာဓု သာဓု သာဓု ပါနော်
သမီးလေးရဲ့ တစ်လပြည့်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ချစ်သော ဖေဖေ+ချစ်သောမေမေတိုနဲ့ ပျော်ရွှင်ကျန်းမာစွာ နေထိုင်နိုင်ပြီး ထူးချွန်လိမ္မာသော သမီးကောင်းရတနာလေးဖြစ်ပါစေနော်။
တီတီလု

kay said...

သမီးလေးတို့ မိသားစု ကို နှုတ်ဆက်သွားတယ်..နုစံး)

Anonymous said...

အို....သမီလေးရဲ့ နာမည် နောက်ဆုံးအလုံးက တို့နာမည်..
(မင်္ဂလာဝင်ယူသွားတယ်)
ကိုယ်စိတ်ချမ်းသာ ကျန်းမာတဲ့အပြင် လိမ်မာတဲ့ ကလေးလေးဖြစ်ပါစေ။
mm

သက်ဝေ said...

ချစ်စရာ သမီးလေးနဲ့ သာယာပျော်ရွှင်ဖွယ်ရာ မိသားစုလေး ဖြစ်ပါစေ... ဆထက်တပိုး တိုးလို့ လှုနိုင် တန်းနိုင်ပါစေ...

အစောကြီးလာရေးရင် သမီးလာတန်းစီတယ် ထင်မှာစိုးလို့ အေးဆေးမှလာတယ်...း))

subuueain said...

သမီးလေး Happy Birthday ပါနော်။ မမရော နေကောင်းတယ်မလား ?

Anonymous said...

Happy Birthday tha mee lay.. :-)
Ma Nu, How are you?

Hti KL

ပုံရိပ် / Pon Yate said...

လိမ္မာယဉ်ကျေးသော သမီးလေး ဖြစ်ပါစေ။

့်Home Sweet Home said...

အမ nu-san ရေ

အလှုအတွက်သာဓုခေါ်ပါတယ်အမရေ။
သမီးလေးတောင်တစ်လပြည့်သွားပြီနော်။ မိခင်ကောကလေးကောကျန်းမာပါစေ။ မိဘကျေးဇူးဆပ်နိုင်တဲ့ သမီးကောင်းသမီးမြတ်လေးဖြစ်ပါစေ။

WWKM said...

HAPPY BIRTHDAY ပါ သမီးလေးရေ..

အလှူလေးအတွက် ထပ်တူ ၀မ်းသာကြည်နူးရပါတယ် ညီမလေးရေ။
ကျန်းမာ ချမ်းသာပြီး ယဉ်ကျေးလိမ္မာ ထူးချွန်ထက်မြက်သော သမီးလေး ဖြစ်နိုင်ပါစေ။

Anonymous said...

သာဓု သာဓု သာဓု
အလှူ idea လေးကောင်းတယ် အမ၊

ဆွမ်းလောင်းအသင်းရဲ့ Blog ကပုံတွေ ကြည့်တာ အားရကြည်နူးစရာ ကောင်းလိုက်တာ။
သမီးလေး တစ်လပြည့်မွေးနေ့မှသည် ဘ၀တလျှောက်လုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကောင်းသောလိုရာဆန္ဒ ပြည့်ဝပါစေလို့ဆုတောင်းပေးပါတယ်နော်။

ကလေးတို.မေမေ(wesheme)

မြရွက်ဝေ said...

သာဓု သာဓု သာဓု
ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ သမီးလေး "အိမြတ်မွန်" ရေ
ထူးချွန်ထက်မြတ်တဲ့ သမီးလိမ္မာလေးဖြစ်ပါစေလို့ :)

တန်ခူး said...

နုရေ… ချစ်သမီးလေးတောင် တလပြည့်ပြီနော်… မွန်မြတ်သောအလှူအတွက် သာဓုခေါ်ပါတယ် ညီမရေ… သမီးလေးလဲ တော်တော်ဖွံ့ နေရောပေါ့… စကားမစပ်… သမီးလေးနာမည်က အမတို့ အတန်းက ကွင်းနဲ့ နာမည်တလုံးပဲကွာတယ်သိလား… ဒါကြောင့် သမီးချောလေးဖြစ်နေတာပေါ့… ချစ်သမီးလေးရဲ့ တလပြည့်မွေးနေ့ မှသည် ချစ်သောဖေဖေ မေမေနဲ့  စိတ်ချမ်းသာကိုယ်ကျန်းမာစွာ မွေးနေ့ ပေါင်းရာထောင်သောင်းဆင်နွှဲနိုင်ပါစေလို့ …

ချစ်ကြည်အေး said...

ညီမနုရေ...ကောင်းမြတ်တဲ့ အလှူလေးပါ...သမီးကလေး တလပြည့်မှသည် နောက်နှစ်ပေါင်းများစွာ ဖေမေ တို့နဲ့ အတူ ကုသိုလ်တွေ အများကြီး ပြုနိုင်ပါ စေ ...သာသနာအကျိုး သယ်ပိုးရွက်ဆောင် နိုင်သော သမီးကလေး ဖြစ်ပါစေနော်....

ကြယ်ပြာ said...

မနုရေ ... ကလေးလေးပုံတွေကို Face book မှာတွေ့ရတယ် ... မို့အိလည်း ဘလော့မလည်တာကြာတော့ မသိလိုက်ဘူးရယ် ... ကလေးမွေးနေ့အလှုအတွက် သာဓုသုံးကြိမ်ခေါ်သွားပါတယ် အစ်မရေ .... သမီးလေး ကျန်းမာချမ်းသာပါစေလို့ ဆုတောင်းပေးသွားပါတယ် ...

layma said...

သမီးလေးမွေးတဲ့ အစ်မအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ အစ်မရေးတဲ့ စာတွေဖတ်ပြီး အစ်မများ ကလေးရရင် သမီးလေးဖြစ်မယ်ထင်တယ်လို့  တွေးထားခဲ့ဖူးတယ်.။ မရေ.. တကယ်ကို ကြည်နူးမိပါတယ်။

ခင်တဲ့
လေးမ

မီယာ said...

နုစံရေ သမီးလေးတောင် ၁လပြည့်သွားပြီလား... နံမည်လေး လှလိုက်တာ (မွန်ပါလို့ထင်တယ်) :P

nu-san said...

သမီးလေး ၁ လပြည့်မွေးနေ့မှာ ဆုတောင်းပေးကြတဲ့အတွက် အားလုံးကို ကျေးဇူး (အထူး) တင်ပါတယ်.. ပေးတဲ့ဆုနဲ့ပြည့်ပါရစေ။

တစ်ယောက်ချင်းဆီ စာမပြန်တော့ဘူးနော်.. :)

Anonymous said...

ဒီစာကိုအရင်မဖတ်ပဲ +၂၀ မှာ စာရေးမိပါတယ်။
ကလေးအတွက်ရောမိဘတွေနဲ့အတူ အလှူအတွက်ပါ သာဓုခေါ်ပါတယ်ခင်ဗျ။

Anonymous said...

သမုဒယ ရဲ့ ကြိုးမဲ့ချည်တိုင်ကို ဖမ်းဆုပ်တဲ့ လောက
အို လူသား,
လိုတာ ပြည့်စေ သမီးရေ