အိမ် - ထူးအိမ်သင်
စိတ်မှာကိုယ်စီတွေး .. အချစ်တွေရှင်သန်ရင်း..
ထာဝစဉ်အမြဲ ဘ၀ရဲ့အသိုက်အမြုံရယ်..
ရင်မှာ ဆောက်တဲ့အိမ်လေး.. မနက်ဖန်အိမ်မက်များ.. မျှဝေကာ ခံစား...
ရင်ဆိုင်ရင်း ဘ၀ရဲ့အမောတွေ.. ချွေးသိပ်နားခိုရာ...
ပိုင်ဆိုင်ခွင့် တစ်နေ့တော့ရပြီနော့်.. ရင်ထဲက အိမ်လေး..
ဘ၀ကိုတည်ဆောက်ရင်း..
တို့တွေ အတူဖန်ဆင်း..
လုံခြုံနွေးထွေးခြင်းများနဲ့ တို့နှစ်ယောက်ရဲ့ အိမ်ယာ..
အဖြူစင်ဆုံး ကြိုးစားကြမယ်ကွဲ့ ... ရင်မှာဆောက်တဲ့အိမ်လေး..
တို့ရင်ခုန်သံများ.. မျှဝေကာ.. ခံစား..
ကန္တာရ ဘ၀ရဲ့လမ်းမှာ ချွေးသိပ်နားခိုရာ..
အလုံခြုံဆုံး... ရင်မှာအမျှော်လင့်ဆုံး...
ပိုင်ဆိုင်ခွင့် တစ်နေ့တော့ရပြီနော့်.. ရင်ထဲက အိမ်လေး..
အချစ်ကို ယုံကြည်ခြင်း ... ဘ၀ကိုကျေနပ်ခြင်း..
မျှော်လင့်ရင်း နှစ်သိမ့်ကြမယ်... တို့နှစ်ယောက်ရဲ့အိမ်ယာ..
အလုံခြုံဆုံး... ရင်မှာအမျှော်လင့်ဆုံး...
ပိုင်ဆိုင်ခွင့် တစ်နေ့တော့ရမယ်နော့်.. ရင်ထဲက အိမ်လေး..
မြဲမြံခိုင်တည်ခြင်း.. ချစ်ခင်စုံမက်ခြင်း..
မျှော်လင့်ရင်း ၀မ်းမြောက်ကြမယ်.. တို့နှစ်ယောက်ရဲ့အိမ်ယာ...
အရင်တုန်းကတော့ “အိမ်”ဆိုရင် ခြံဝင်းလေးနဲ့ နေတာကို “အိမ်” လို့ခေါ်ကြပေမယ့် အခုကျမ ပြောတဲ့ “အိမ်”ဆိုတာကတော့ ရန်ကုန်မြို့ရဲ့ လူနေမှု အဆင့်အတန်း ပြောင်းလဲလာတာနဲ့အမျှ အဆင့်မြင့်မြင့်နေနိုင်အောင် စီမံဆောင်ရွက်ထားကြတဲ့ ၆ ထပ်တိုက် ၊ ၇ ထပ်တိုက် အစရှိတဲ့ အထဲက တိုက်ခန်းတခန်းပါပဲ။ ဒါကြောင့် အိမ်ရယ်လို့ ပီပီပြင်ပြင် မပြောနိုင်ပါဘူး။
ဒါပေမယ့် ဒီနေရာလေးကပဲ ကျမတို့ နှစ်ယောက်အတွက်ကတော့ ကိုယ်ပိုင်ဆိုင်တဲ့ နေရာလေးတခုဖြစ်သလို ၂ ယောက်သား ဘ၀တစ်ခုကို တည်ဆောက်မယ့် “အိမ်” လေးတခုပါပဲ။
မှတ်ချက် - ယခုသီချင်းကို MyanmarMP3.net ထူးအိမ်သင်၏ “အမှတ်တရ ဒဏ်ရာ သီချင်းများ” Album မှ Download လုပ်၍ ဖော်ပြပါသည်။
သြဂုတ် ၂၅၊ ၂၀၀၇။
No comments:
Post a Comment