October 19, 2007

Flower Arrangement - Sep 25, 2007



ပြီးခဲ့တဲ့လက ရုံးမှာ နောက်တစ်ခါ ပန်းအလှပြင်ပွဲ ထပ်လုပ်ကြတယ်။ ကျမအတွက်တော့ ဒုတိယအကြိမ်မြောက် ပါဝင်ခဲ့တာပါ။ Halloween Special ဆိုပြီး ပန်းအစစ်တွေနဲ့ လုပ်ကြတာပါ။ အဓိက ကတော့ Halloween အမှတ်အသား ဖရုံသီးပန်းအိုးလေးပါပဲ။ သွားဖြဲထားပြီး ရီနေတယ်လို့ ထင်ရတဲ့ ပန်းအိုးလေးက သူ့ချည်းကြည့်ရင် ကြောက်စရာမကောင်းလှပဲ ရီစရာပဲ ကောင်းနေသေးတော့တယ်။ ပန်းတွေကတော့ စုံနေတာပဲ။ များလွန်းလို့ မနည်းပြန်စဉ်းစားပြီးရေးလိုက်ရပါတယ်။


ဂန္ဓမာပန်းလိုမျိုး ပြောရမယ်နဲ့တူတယ်။ နာမည်လည်း သေချာမသိတော့ ထင်တာပဲ ရေးလိုက်တော့မယ်.. ဓာတ်ပုံထဲသာ ကြည့်လိုက်ကြပါနော်။ ဂန္ဓမာပန်း ကြက်သွေးရောင် ၃ ပွင့်၊ ကာနေရှင်းပန်း အနက်ရောင် ၂ ပွင့်၊ မြန်မာပြည်မှာဆိုရင်တော့ စိန်ချယ်ပန်းလို့ခေါ်မလားပဲ။ အဲဒီလိုမျိုး အပွင့်ကြီးကြီးတွေက ၁ ခိုင်၊ ကျောက်ခက် ၁ ခက်၊ စပါးနှံလည်းပါလိုက်သေးတယ်။ ပြီးတော့ ကြက်သွေးရောင် ပန်းခက်ကြီးတခက်၊ ပန်းအိုးထဲမှာ ပန်းစိုက်ပြီး ထိုးလို့ရတဲ့ ဖော့သားလိုမျိုး အတုံးတစ်ခု ရတယ်။

ပန်းစမထိုးခင် ဆရာမက သေချာတော့ ရှင်းပြပေးသား။ ဘယ်ပန်းကို အဓိကနေရာမှာ ထားရမယ်။ ဘယ်ပန်းနဲ့ ဘယ်ပန်းဆို အရောင်က ဘယ်လိုပေါ့လေ။ ကိုယ်ကမှ ဂျပန်စာ သိပ်မသိတာ။ ဒါကြောင့် နားလည်သလောက်မှန်းသန်းပြီး လုပ်လိုက်ရတယ်။ မဆိုးဘူး ပန်းတွေ ထိုးပြီးသား ဖြစ်သွားတာပဲ။ မလှတာပဲ ရှိမယ်။


အဓိကတော့ ကြက်သွေးရောင် ဂန္ဓမာပန်းနဲ့ တခြားပန်းအသေးတွေကို ဘေးက ကြည့်ကောင်းအောင် ရံခိုင်းတာပါ။ ဆရာမက ရှင်းပြရင်း သူကိုယ်တိုင်လည်း ပန်းစထိုးလိုက်တာ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ ပထမဆုံး ဖော့တုံးကို ရေဆွတ်ပြီး ပန်းအိုးထဲထည့်ရပါတယ်။





ပြီးမှ ကြက်သွေးရောင် ပန်းသုံးပွင့်ကို ကြည့်ကောင်းသလို နေရာချပြီး ဘေးက စိန်ချယ်ပန်း၊ ကာနေရှင်းပန်း၊ နောက်ကျန်တဲ့ ကျောက်ခက်၊ စပါးနှံရယ်ကို ကြည့်ကောင်းသလို ထိုးလိုက်တော့ ဒီလိုပုံရလာတာပါပဲ။



ပန်းတွေအပြည့်ထိုးထားတဲ့ ရွှေဖရုံသီးလေးကို ကြည့်ရတာ မချိသွားဖြဲနေသလိုပဲ။ ငါ့ကို ပန်းတွေ ထည့်ထားလိုက်တာ လှလဲ မလှဘူးလို့ တွေးနေသလားတော့ မသိဘူး။ သူ့မှာ မချိတင်ကဲ ရီသာပြနေရတယ်။ တချို့ idea ကောင်းတဲ့သူတွေကျတော့ ပန်းအိုး မျက်နှာလေး ပေါ်အောင်ထားပြီး စပါးနှံလေးတွေကို ကျစ်ဆံမြီး ကျစ်သလို ကျစ်ပြီး ဘေးမှာ ချထားလိုက်တော့ ပန်းအိုးလေးက မိန်းခလေးလိုလေး ဖြစ်သွားတယ်။ အမျိုးမျိုး စိတ်ကူးသင့်သလို လုပ်ထားတာဆိုတော့ တယောက်တမျိုးစီတော့ လှကြတာပါပဲလေ။ ကိုယ့်ပန်းအိုးကတော့ အလှဆုံးလို့ ကိုယ်ကိုယ် ကိုယ် ဖြည့်တွေးလိုက်တော့လည်း အရာ အားလုံးက ပျော်စရာကြီးပါပဲ။ နောက် ၃ ရက် လောက်လည်းနေရော ပန်းတွေ ညှိုးကုန်လို့ အခုတော့ ဖရုံသီး ပန်းအိုးလေးတစ်ခုတည်း ငေါင်စင်းစင်းလေး ကျန်နေရစ်ခဲ့ပါတော့တယ်...

အောက်တိုဘာ ၂၀၊ ၂၀၀၇။

6 comments:

မြရွက်ဝေ said...

ပန်းထိုးထားတာလှတယ်-- အမ
ကျွန်မလည်း "အိခဲဘန"စိတ်ဝင်စားတယ်။ TVမှာ ပန်းထိုးနည်းလာရင် ကြည့်ထားတယ်။ လွယ်မလိုနဲ့ ခက်တယ်နော်။ ပန်းပေါ်ကြည့်ပြီး စဉ်းစားရတာ။

thamudayanwe said...

တင်ပေးပါ။..
တင်ပေးပါ..
စကားမပီတာခွင့်လွတ်ပါ..
သ နဲ့ တ မကွဲလို့ပါ
န နဲ့တော့ဝေးပါတယ်

MCT said...

အမ ပန်းထိုးတာကို အရမ်းစိတ်ဝင်စားတယ်။
ဒါမယ့် ညီမ မသင်ဖူးဘူး။ နောက် ပြောပြပေးမယ့်သူလည်း
မရှိဘူး။ ညီမ က သိပ်လည်း မျက်စိမလျင်ဘူး။
အမ အားတဲ့ အချိန်လေး ပန်းထိုးရင်လိုတဲ့
အခြေခံနည်းလေးတွေ ပို့စ်တင်ပေးပါနော်။
ကျေးဇူးပါ အမ။

Layma said...

သင်ပေးပါ..သင်ပေးပါ...။

diLo said...

woah!
nice nice..thanks for sharing this post sis!

ရွှန်းမီ said...

ရောက်လာပါတယ် မနုစံ..
ဖရုံသီးလေး ပန်းပန်ထားတာ ချစ်ဖို့ကောင်းနေတယ်..
း-)