အားလုံးကို Happy Halloween လို့အရင်ဆုံး နှုတ်ဆက်ရမယ်။ အမှန်တော့ Halloween ဆိုတာ ကျမတို့ ဗုဒ္ဓဘာသာဝင်တွေနဲ့ မသက်ဆိုင်တဲ့ နေ့တစ်နေ့ပါ။ အနောက်နိုင်ငံတွေမှာ ရုပ်ရှင်ထဲကြည့်ဖူးတာတော့ အပျော် trick or treat လုပ်ပြီး ကစားကြတာ မြင်ဖူးပါတယ်။ သရဲမျက်နှာဖုံးစွပ်ပြီး နောက်ပြောင်ကြတာမျိုးလည်း မြင်ဖူးပါတယ်။ ဂျပန်လူမျိုးတွေကတော့ အဲဒီနေ့မှာ အပျော်အနေနဲ့ ဘာတွေလုပ်ကြလဲတော့ မသိပါဘူး။ ကျမကတော့ Halloween နေ့ကို ဒီလိုလေး ကုန်ဆုံးလိုက်ပါတယ်...
Computer သုံးတိုင်း တစ်ခုခု သိချင်ရင် Google Search ကို သုံးရတာမို့လို့ ထူးခြားတဲ့ရက်မျိုးဆိုရင် Google က အထိမ်းအမှတ် တစ်ခုအဖြစ် Google Logo တွေကို ပြောင်းပြီးတင်ပေး တတ်တာကို ကျမ သဘောကျနေတာ ကြာပါပြီ။ ကျမ ဒီနှစ်ဦးပိုင်းလောက်က စပြီး ထူးခြားတဲ့ Google Logo တွေကို စိတ်ဝင်တစား စောင့်ကြည့်နေမိပါတယ်။ ဒါကြောင့် ကျမရဲ့ IE မှာရော Firefox မှာပါ Default Homepage အနေနဲ့ Google.com ကို setting လုပ်ထားပါတယ်။ ဒါမှလည်း Logo ပြောင်းရင် ချက်ချင်းသိနိုင်အောင်လို့ပါ။
ကျမအတွက်ကတော့ Halloween နဲ့ပတ်သက်ပြီး ထူးခြားတဲ့ ဖြစ်ရပ်မျိုး မရှိပါဘူး။ Google ကတော့ ထုံးစံအတိုင်း Happy Halloween ဆိုပြီး Logo အသစ် လေးကို တင်ထားတာ ရုတ်တရက် တွေ့လိုက်တာနဲ့ ကျမလည်း ပြီးခဲ့တဲ့ နှစ်တွေက Logo လေးတွေ ဘယ်လို များရှိမလဲဆိုပြီး Search လုပ်ကြည့်လိုက်တော့ ဒီပုံလေးတွေ ရလာတာပါပဲ.. ဒီနေ့အတွက် အမှတ်တရဖြစ်အောင် ကျမ blog လေးမှာ တင်ထားလိုက်ပါတယ်။ အားလုံးလည်း Halloween မှာ Google Logo လေးတွေ ကြည့်ပြီး ပျော်ရွှင်ကြပါစေ။
2007 Logo

2006 Logo

2005 Logo

2004 Logo

2003 Logo
2002 Logo

2001 Logo
အောက်တိုဘာ ၃၁၊ ၂၀၀၇။
15 comments:
မုန့်ချားကြွပါ မမရေ.....
မြန်မြန်လာနော်
ဟုတ်တယ်အစ်မရေ google က logoတွေက
နေ့ကြီးရက်ကြီးဆိုပြောင်းတာအရမ်းကောင်းတယ်နော်။
ကိုယ့်ကိုဒီနေ့ဘာနေ့လဲဆိုတာပြောပြနေသလိုပဲ။
အရင်နှစ်က logo ကိုတော့မှတ်မိတယ်။ အရင့်အရင်ကဟာတွေကမမြင်ဖူးဘူးလေ။
အရင်ကအင်တာနက်သိပ်မသုံးဖြစ်လို့။
အခုလိုစုထားတာသိပ်ကောင်းတာပဲ။
ဒါနဲ့ အစ်မကcboxမထားဘူးလားဟင်။
ဒီနှစ်logoကိုဘဲ သိတာ။
အရင်ကဟာတွေ မမြင်ဖူးဘူး။
ありがとう!
ဟာ..တယ်တော်ပါလား..yahoo လဲပြောင်းတယ်လေ
..အမလဲသတိထားမိတာကြာပြီ
ထူးခြားတဲ့နေ့တိုင်းပြောင်းပေးလို့..
ကျေးဇူးပဲ
မိုးချစ်သူ -> စားပြီးပါပြီညီမလေးရေ.. ကောင်းမှကောင်း.. :)
ဝင်္ကဘာ -> ဟုတ်တယ်..အမလည်း အဲဒီ Logo တွေကို သဘောကျနေတာ.. cbox မထားဖြစ်သေးဘူး ညီမလေးရေ.. သည်းခံပါနော်.. :)
မမြရွက်ဝေရေ.. အမလည်း အခုမှ အဟောင်းတွေ ရှာကြည့်မိတာ.. :)
မသမုဒယ -> Yahoo ရော ပြောင်းတယ်လား အမ.. Yahoo တော့ သိပ်မသုံးဖြစ်လို့ သတိမထားမိဘူး မရေ..
ကျွန်တော် အစ်မဆီကပဲ အမှတ်တရ သိမ်းလိုက်ပြီ ..
အလုပ်မှာ အဆင်ပြေရဲ့လား အစ်မရေ ..
အရာရာ အဆင်ပြေပါစေ အစ်မနုစံရေ ..။
အမှတ်တရ စုထားပေးတာ ကျေးဇူးဗျို့ ... :)
သူ့အိမ်ကို အခုမှပဲတွေ့တော့တယ်.
Logo လေးတွေမိုက်တယ်
သိုင်းကျုး..
cbox မထားလည်းကိစ္စမရှိပါဘူး။
comment မှာပဲလာအော်တော့မယ်။
အစ်မဖတ်ပြီးဖျက်ချင်လည်းဖျက်ပေါ့နော်။
အသစ်ရေးပြီးပြီ။ အဲဒါလာပြောတာပါ။
Konbanwa Nu-san’… Gokigen Ikaga desu ka? မနုက ဘလော့ကို လာလည်တိုင်း ခြေရာ မချန်ခဲ့တော့ ခြေရာ ကောက်ရင်း လိုက်လို့ မရလို့ ခုမှ လိုက်ရှာလို့ တွေ့တော့တယ်။ စာတွေ တ၀ကြီး ဖတ်သွားတယ် Oyasuminasai ne’…
မနုစံရေ…
ကျနော့်ဆီ အမြဲလာလည်ပြီး မှတ်ချက်တွေ ရေးပေးသွားလေ့ ရှိပေမယ့် ကျနော်ကတော့ ဒီဘက်ကို အရောက်အပေါက်နည်းသလို ဖြစ်နေတာ ခွင့်လွှတ်ပါ။ :) ဟော်လိုဝင်းက ပြီးသွားပြီဆိုတော့ ပို့စ်အသစ်တွေ တင်ပါအုံး။ လောလောဆယ်တော့ ကျနော် မဖတ်ရသေးတဲ့ အဟောင်းတွေကို ဖတ်သွားပါတယ်။
ဟား...မိုက်တယ်နော...မ...။ ချစ်စရာလေးတွေ...။ လေးမလဲ သတိထားမိတယ်...။ အဟောင်းတွေပြန်ရှာကြည့်ဖို့ စိတ်ကူးမရဘူး...။
ထပ်လာလည်တာပါ .. :)
great!
its refreshing to read a post about halloween in this manner!
i like..
xie xie ni..sakura jie jie :D
မျှားပြာရေ. အလုပ်မှာ အဆင်ပြေပါတယ်ရှင်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ထပ်ဆုတောင်းပါတယ်။
အကိုစိုးထက် -> အကို ၂ ခေါက် လာလည်သွားတာ ကျေးဇူးပါ။
နှင်းပွင့်ဖြူလေး -> ဟုတ်ပ့ါ ဒါ အမအိမ်ပါ။ ထိုင်ပါအုံး.. :)
ဝင်္ကဘာလေး -> အမ ဖတ်ပြီးသွားပါပြီရှင်။
မခွန်မြလှိုင် -> Konbanwa အဟဲ.. မခွန်မြလှိုင်လည်း ဂျပန်လို တတ်တယ်နော်.. နောက်လည်း လာလည်ပါနော်.. ဖိတ်ပါတယ်။
ဟုတ်.. ရပါတယ် ကိုစေးထူးရေ.. နောက်ကြုံရင်လည်း ၀င်လည်ပါရှင်။
Dilo -> I'm happy to hear that you like Google logos.. :)
Post a Comment