November 27, 2007

မြခွာညို



တေးဆို- ဗစ်တာခင်ညို
တေးဆို - ရဲသွင်

ချမ်းအေးတဲ့ နှင်းအလှ ပြာသို
အုံ့မှိုင်းလို့ ၀ိုးတ၀ါး မစိုတစို
သစ်ရွက်တို့ တဆတ်ဆတ် ရှိုက်ကာငို...
ကြွေရစ်လွန့်လူးတဲ့ ဆောင်းသဇင်
ရနံ့ကြိုင်ကာ သင်းတဲ့ဆောင်းလေ
ကြည်စယ်သလို ရင်မှာပုန်းရှောင်ခို...

မခို့တရို့နဲ့ သူ့အလှ ကဗျာဆန်
ကြည့်ရင်းနဲ့ စွဲမက်လာတာ
မှတ်မိသေး မင်းနဲ့ ချစ်ချိန်တွေ ...
ကိုယ် ကိုယ်တိုင် ခူးပေးခဲ့တဲ့
ဆောင်းသဇင်တွေ မင်းဆံမြိတ်ထက်မှာ
ဘယ်အချိန် ဘယ်အခါ ကိုယ်မမေ့နိုင်ပါ...

နှင်းမြူတွေ ဆိုင်းရင်...
ဆောင်းသဇင်တွေ ပွင့်နေ...
မင်းလာမဲ့လမ်းက အမြဲကိုယ်
ကြိုလင့်စောင့်ရင်း...

အရှေ့လေပြေသွေးရင်...
အချစ် ဘယ်ဆီကို ရောက်နေ...
မကြွေခင်မှာ လာလေပေါ့အချစ်
မေ့မရ ကိုယ့် အချစ်ဆုံး မြခွာညို...

ဒီသီချင်းကို မူရင်း သီဆိုသူက ဗစ်တာ ခင်ညိုပါ။ ကျမတို့ ငယ်ငယ်ကဆိုရင် တီဗွီ တေးဂီတအစီအစဉ်က မကြာ မကြာ လာတတ်ပြီး ကြိုက်နှစ်သက်ခဲ့ ရတဲ့ သီချင်းတစ်ပုဒ်ပါပဲ။ သီချင်းစာသားက သီချင်းထက် ကဗျာဘက်ကို ပိုနွယ်သလို ခံစားရပါတယ်။ အခုခေတ် လူငယ်တွေတော့ နားထောင်လို့ရပါ့မလား မသိပါဘူး။ ကျမကတော့ အခုတလော ခဏခဏ နားထောင်ဖြစ်ပါတယ်။

ဒီသီချင်းကိုပဲ ရဲသွင်ကလည်း ပြန်ဆိုထားပါတယ်။ ရဲသွင် ဆိုထားတဲ့ သီချင်းကိုတော့ MyanmarMP3.net မှာ Download လုပ်ယူလို့ရပါတယ်။ ဗင်တာခင်ညို ဆိုထားတဲ့ သီချင်းကတော့ Download မပေးထားပါဘူး။ Version နှစ်မျိုးစလုံး တစ်မျိုးစီတော့ နားထောင်လို့ကောင်းပါတယ်။

မှတ်ချက် - ယခုသီချင်းကို MyanmarMP3.net “မြခွာညို” နှင့် “အသိတရား” Album များမှ ကူးယူ၍ ဖော်ပြပါသည်။

နိုဝင်ဘာ ၂၇၊ ၂၀၀၇။

12 comments:

မျှားပြာ said...

သီချင်းလေး ယူသွားပြီ အစ်မရေ ..

ကလိုစေးထူး said...

ရဲသွင် အသံကို သိပ်မကြိုက်လှပေမယ့် သီချင်းကိုတော့ သဘောကျမိတယ်။

Anonymous said...

မ ... သီချင်းဆိုပြနေတယ်...။

လုလု said...

အဲ့ဒီသီချင်းလေး သိပ်ကြိုက်တာ။ ကျေးဇူးနော် နုစံ

thamudayanwe said...

မြခွါညို..ပန်းတော့မမြင်ဘူးပေမဲ့
၆တန်းတုန်းက..သူငယ်ချင်းတယောက်ရဲ့နာမည်..
နောက်များမှပဲ..သီချင်းသွင်းပုံသွင်းနည်းမေးတော့မယ်

အလုပ်ရှုပ်ပေမဲ့..စာရေးထားသေးတယ်..
လာအော်ပါဦး...
gd night!

မြရွက်ဝေ said...

အရင်ကသီချင်းတွေ ကြိုက်တယ်။ ငယ်ငယ်က အိမ်မှာ အဒေါ်အငယ်ဆုံး အမြဲဖွင့်လို့ နားထောင်နေကျ။ မျှဝေပေးတာ ကျေးဇူးပါ အမ။

မျှားပြာ said...

သီချင်လေးပဲ ထပ်နားထောင်သွားတယ် အစ်မရေ ..
အဆင်ပြေပါစေ။

မာန်လှိုင်းငယ် said...

သီချင်းလေးကို ကျနော်လည်း နှစ်သက်တယ် အစ်မရေ။ တခါမှလည်း မလည်ဖြစ်ဘူး အခုမှ ရောက်ဖြစ်တယ်ဗျာ။ စီပုံးလေး မတွေ့လို့ အခု ကွန်မန့် ချန်သွားတယ်။ အဲဒီသီချင်းလေးကိုတော့ သိမ်းသါားပြီဗျာ။

နှင်းပွင့်ဖြူ said...

လာလည်တယ် အစ်မရေ
ဆီပုံမရှိလို့ ကွန်မန့် မှာ ပွတ်သွားတယ်
မင်္ဂလာပါနော်

nu-san said...

သီချင်းလေးကို သဘောကျတယ်လို့ပြောလာတဲ့ ကိုစေးထူး၊မျှားပြာ၊မလု၊မြရွက်ဝေ တို့ကိုလည်း ခံစားချက်ချင်းတူတဲ့အတွက် ၀မ်းသာပါတယ်။ :)

မမသမုဒယ>> အမ သူငယ်ချင်းရဲ့ နာမည်ကလည်း “မြခွာညို” တဲ့လား။ သီချင်းသွင်းတာ လွယ်ပါတယ် အမရ.. :)

မာန်လှိုင်းငယ်>>လာလည်တဲ့အတွက် ကျေးဇူးပါ သီချင်းလည်း သိမ်းသွားတယ်ဆိုလို့ ၀မ်းသာပါတယ်.. :)

နှင်းပွင့်ဖြူလေး>> လာလည်ပြီး တကူးတက Comment ရေးသွားတဲ့ ညီမလေးရေ.. ကျေးဇူးပါ။ :)

ThuHninSee said...

very nice song. Thanks.

Anonymous said...

ဗစ်တာခင်ညိုသီချင်း ကူးသွားပါတယ်။ ဒေါင်းမရတော့ Record လုပ်လိုက်တာပေါ့။ သူ့အသံတော်တော်ကျ သွားတယ်။ အရင်ဆိုထားတဲ့ ဟာလေးရရင် အတော်ကောင်းမှာ။