November 25, 2007

Momiji Festival

ဂျပန်တွေက ချယ်ရီပန်းပွင့်ချိန်ဆိုရင် ချယ်ရီပန်းကြည့်ပွဲ လုပ်ကြသလို ဆောင်းဦးပေါက် ရာသီရောက်ပြီဆိုတာနဲ့ မေပယ်လ်ရွက်တွေ အရောင်ပြောင်းတဲ့အချိန်မှာ Momiji Festival လုပ်လေ့ရှိကြပါတယ်။ ကြော်ငြာစာအုပ်၊ website link တွေက တဆင့် ဖတ်မိတာကတော့ Momiji ရာသီဆိုရင် Kyoto နဲ့ Nikko ဘက် က အလှဆုံးလို့ဆိုပါတယ်။ တခြားနေရာတွေလည်း လှကြပေမယ့် အဲဒီနေရာတွေကတော့ အလှဆုံးဖြစ်တယ်လို့ဆိုလိုချင်တာပါ။ ကျမကတော့ အဲဒီဘက်တွေကို တစ်ခါမှ မရောက်ဖူးသေးပါဘူး။ အအေးပိုလာတာနဲ့ အမျှ အရွက်တွေက တဖြည်းဖြည်း အရောင် ပြောင်းလာတာဆိုတော့ ကြည့်လို့ အလှဆုံးဖြစ်မဲ့အချိန်ကို နိုဝင်ဘာ လလယ်လောက်က စပြီး လကုန်လောက်အထိဖြစ်တယ်ဆိုပြီး အကြမ်းအားဖြင့် ကြော်ငြာထားကြတာ တွေ့ရပါတယ်။ ဒါကြောင့် နိုဝင်ဘာလရဲ့ ရုံး ပိတ်ရက်တွေမှာ ဂျပန်လူမျိုး တော်တော်များများ က Momiji ပွဲတော် ရှိတဲ့ နေရာကို အပန်းလည်းဖြေရင်း အရွက်တွေ အရောင်ပြောင်းတာလည်း ကြည့်ရင်း ရက်တို ရက်ရှည် ခရီးထွက်လေ့ ရှိတတ်ကြပါတယ်။

ကျမတို့ ၂ ယောက်ကတော့ Osaka ကနေ သိပ်မဝေးတဲ့ နေရာမှာရှိတဲ့ Mino မြို့ ရဲ့ Momiji ပွဲတော်ကို ပြီးခဲ့တဲ့ ပိတ်ရက်က ရောက်ဖြစ်ခဲ့ပါတယ်။ Osaka ကနေ မိနစ် ၃၀ လောက်ရထားစီးရင် ရောက်တာမို့ နေ့ချင်းပြန်သွားလို့ရတာကြောင့်လည်း အဲဒီ နေရာကို သွားဖြစ်ခဲ့တာပါ။ Mino မှာ Momiji ရာသီရောက်ပြီဆိုရင် အရွက်တွေ အရောင်ပြောင်းတာ လာကြည့်ကြသလို တချို့ကြလည်း ရေပူ လာစိမ်တဲ့ သူတွေလည်း ရှိပါတယ်။ အဓိက နာမည်ကြီးတာက Mino ပန်းခြံမှာရှိတဲ့ သဘာဝ ရေတံခွန်ကြောင့်ပါပဲ။ ရာသီဥတု လေးမျိုးစလုံး ရေတံခွန်က တမျိုးစီလှပေမယ့် Momiji ရာသီဆိုရင် Mino ကို လာတဲ့လူတွေ ပိုများလှပါတယ်။

Mino Hankyu ဘူတာရုံ ကနေ ထွက်လိုက်တယ် ဆိုရင်ပဲ ပွဲတော်ရက်က နိုဝင်ဘာ ၁ ရက်ကနေ ၃၀ ရက်ဆိုတဲ့ စာတန်းချိတ်ဆွဲထားတာ မြင်နေရပါပြီ။ တောင်ခြေဖြစ်တဲ့ ဘူတာ ကနေ ရေတံခွန်ဆီရောက်ဖို့က ၂.၈ ကီလိုမီတာ လမ်းလျှောက်ရပါတယ်။ လမ်းတလျှောက်မှာလည်း ဈေးဆိုင်တန်းလေးတွေ ရှိသလို ခဏအနားယူလို့ ရအောင် ဆောက်ထားတဲ့ အဆောင်တွေလည်း ရှိပါတယ်။ ဈေးဆိုင်တွေမှာအများဆုံးရောင်းတာက Momiji Tempura (မိုမိဂျိ အရွက်ကို မုန့်နှစ်နဲ့ ကြော်ရောင်းတာပါ) ၊ ခြံထွက် အသီးအနှံတွေအပြင် second hand ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တွေကို ပါ တွေ့ခဲ့ရပါသေးတယ်။

လမ်းတလျှောက်မှာတော့ ရေတံခွန်ကနေ စီးဆင်းလာတဲ့ တောင်ကျချောင်းရဲ့ ရေစီးသံကြားနေရတာမို့ လမ်းလျှောက်ရတာ မောပန်းတယ်လို့ မခံစားမိပါဘူး။ ရေတံခွန်ဆီသွားရင်း မြင်ရတဲ့ မြင်ကွင်းတွေထဲမှာ တချို့ အဘိုးအဘွားတွေကျတော့လည်း တယောက်နဲ့ တယောက် အမှီသဟဲပြုပြီး တဖြည်းဖြည်းချင်း တွဲလျှောက်လာတာမျိုးရှိသလို သားငယ် သမီးငယ်တွေကို လက်တွဲပြီး လျှောက်လာတဲ့ အဖေနဲ့အမေ၊ ကလေးက လမ်းလျှောက်ရတာ များလို့ ဂျီကြပြီး ငိုယိုနေတာ အဖေ၊အမေက ချော့နေတာမျိုးလည်း မြင်ရပါတယ်။ တချို့မိသားစုတွေ ကျတော့လည်း လမ်းမလျှောက်တတ်သေးတဲ့ ကလေးငယ်ကို တွန်းလှည်းလေးထဲထည့်ပြီး အဖေနဲ့အမေက တလှည့်စီ တွန်းနေကြတာမျိုးလည်း မြင်ခဲ့ရပါတယ်။ တချို့တချို့သောသူတွေကျတော့လည်း ၂ ယောက်သား လက်တွဲပြီး လောကကြီးမှာ နှစ်ယောက်တည်းရှိတယ်လို့ ထင်နေတဲ့ စုံတွဲတွေနဲ့ အားလုံးဟာ ရေတံခွန်စီကို ဦးတည်ပြီး တလှုပ်လှုပ် သွားနေကြတာပါပဲ။

ကျမတို့ ၂ ယောက်လည်း စကားပြောရင်း လမ်းလျှောက်လိုက်၊ မောလာရင် ခဏနားပြီ်း လိမ္မော်သီးစားလိုက်၊ လှတဲ့နေရာတွေ့ရင် ဓာတ်ပုံပြေးရိုက်လိုက်နဲ့ နောက်ဆုံး ၄၅ မိနစ်ကျော်ကျော် ၁ နာရီနီးပါးရှိတော့မှ ရေတံခွန်နားကို ရောက်ပါတယ်။

ရေတံခွန်နား ၀န်းကျင်မှာတော့ စားသောက်ဆိုင်ခန်းတွေရယ် အနားယူတဲ့သူတွေရယ်နဲ့ အတော်လေး လူများနေပါပြီ။ ကျမတို့လည်း ရေတံခွန်က ကျလာတဲ့ ရေစီးသံနဲ့ သဘာဝ ရှုခင်းကို ခဏလောက် ခံစားပြီး နေ့လည်စာ စားဖို့ စားသောက်တန်းဘက်ဆီ လှမ်းလာခဲ့ပါတော့တယ်။ စားသောက်ပြီးလို့ အပြန်ကျတော့ အလာတုန်းကထက် ပိုမြန်သွားပါပြီ။ အလာတုန်းကတော့ တောင်တက်လမ်း ဆိုတော့ ခရီးက သိပ်မတွင်လှပါဘူး။ အပြန်ကျတော့ ၂ ယောက်သား ကလေးတွေနဲ့အပြိုင် ပြေးဆင်းလာလိုက်တာ တောင်အောက်ကို မိနစ် ၃၀ ကျော်ကျော်လောက်နဲ့ ပြန်ရောက်ပါတယ်။ တောင်ခြေရောက်မှ Mino က နာမည်ကြီးတဲ့ Momiji Tempura ကျော်ကို ၀ယ်စားရင်း ရထားဘူတာရုံဆီကို ပြန်လျှောက်လာလိုက်ပါတော့တယ်။

တကယ်လို့ ရေတံခွန်ရှိတဲ့ နေရာကနေ နောက်ထပ် ၃ ကီလိုမီတာ လောက်ဆက်လျှောက်ရင် ပန်းခြံတစ်ခုကို ရောက်မှာဖြစ်ပြီး မျောက်တွေကို တွေ့ရမယ်လို့ပြောပါတယ်။ ကျမတို့လည်း လမ်းဆက်မလျှောက်နိုင်တာနဲ့ ရေတံခွန်ကနေပဲ လှည့်ပြန်လာခဲ့တာပါ။ Mino ရဲ့ Momiji festival ကို အားလုံးလည်း ကြည့်လို့ရအောင် Virtual tour လုပ်ပြီး တင်ပေးလိုက်ပါတယ်။



နိုဝင်ဘာ ၂၅၊ ၂၀၀၇။

11 comments:

thamudayanwe said...

osaka မှာစောတယ် ကျိုတိုမှာနောက်အပတ်မှ..UJIသွားမယ်,kyoto မှာနာမည်ကြီးနေရာတွေက
ုKiyomizu, Tofukuji,Kinkaguchi,Ginkaguchi,
Hayen Jinja, Nensen Ji, Uji,Arashiyama,
this is the famous place in Kyoto.
အခုစာပိနေတယ်..ရွှတ်.. ၃၀ရက်နေ့ ရျပန်စာပြီးရင်
လျှောက်လည်မလို့ဆိုတော့ ၂၉ရက်နေ့အပြီးတင်ရမယ်
..အဟင့်အဟင့် :((

Anonymous said...

နှစ်ယောက်ထဲ ရှိတယ်လို့ထင်တဲ့ စုံတွဲထဲမှာ မမတို့ စုံတွဲက ထိပ်ဆုံးက ...ဟုတ်တယ်ဟုတ်... ခုလိုမျှဝေတာကျေးဇူး....။

Winkabar said...

ပို့စ်နဲ့တော့မဆိုင်ဘူးအစ်မရေ။ မေ့နေပြီမလား။ လာမယ်ပြောထားပြီးတော့။ မေ့နေလည်းထားလိုက်တော့။
မုန့်လာစားပါနော်။

Chit Lay Pyay said...

မနုစံ - ဂျပန်ပြည်ကြောင်း သိကောင်း စရာလေးတွေ မျှဝေပေးတာ ကျေးဇူးပါ၊ ဓာတ်ပုံလေးတွေ လှတယ်၊

စိုးထက် - Soe Htet ! said...

မောနင်းဗျာ လာနှုတ်ဆက်တာပါ :D

မြရွက်ဝေ said...

မရောက်ဖူးတဲ့နေရာကို အမတင်ထားတဲ့ဓာတ်ပုံတွေကတဆင့် တဝလည်ပလိုက်တယ်။ ကျေးဇူးနော် မnu-san :)

မျှားပြာ said...

ရောက်ဖူးချင်လိုက်တာဗျာ ... အစ်မတို့လို့ စုံတွဲလေးဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲ အားကျတယ်ဗျာ ..။
အဆင်ပြေပါစေ။

Anonymous said...

အစ်မ...ပုံတွေ ကအရမ်းလှတာပဲ....ကျနော်လဲေ၇ာက်ဖူးချင်လိုက်တာ...ဂျပန်နိုင်ငံ က သဘာဝကပေးတဲ့ အလှတွေ ထူးဆန်းလိုက်တာနော်...

Anonymous said...

ချစ်မရေ

ပုံလေးတွေ ဝေမျှပေးတာ ကျေးဇူးပါနော်
ရောက်ဖူးချင်လိုက်တာ။
ချစ်မခေါ်မလားဟင် :P :P :P

မိုးချစ်သူ

nu-san said...

မသမုဒယ>> အင်း.. ဟုတ်တယ် မ.. Osaka ဘက်က နည်းနည်းပိုစောတယ်.. အမလည်း စာပိတာ မြန်မြန်ဖြိုနိုင်ပါစေ.. :)

လေးမ>> အဟဲ.. အမတို့က အသက်ကြီးပြီဆိုတော့ ခလေးတွေလို ဟုတ်ပါဘူး.. :P

ဝင်္ကဘာလေး>> မွေးနေ့ မုန့်လာစားပြီးသွားပါပြီ။ အမ မမေ့ပါဘူး။ ပိတ်ရက်က အလုပ်ရှုတ်နေလို့ပါ.. :)

ချစ်လေပြေ>> ဓာတ်ပုံလေးတွေက လှတယ်ပြောလို့ လေပြေကို ကျေးဇူးပြန်တင်ပါတယ်.. :D

ကိုစိုးထက်>> ဟုတ် ကိုစိုးထက်.. လာလည်တာ ကျေးဇူးပါ.. :)

မြရွှက်ဝေ>> တကယ်လာလည်ပါလား ညီမလေးရ.. :)

မျှားပြာ >> အားကျတယ်လား မောင်လေး.. ငါ့မောင်လေးလည်း အဆင်ပြေပါစေဟယ်.. :P

မောင်မျိုး >> ဟုတ်တယ်.. ဒီက ရာသီဥတုနဲ့ သဘာဝ ပတ်ဝန်းကျင်က အမတို့ဆီက တောင်ကြီးဘက်နဲ့ဆင်သလိုပဲ.. တနေ့တော့ ရောက်ရမှာပေါ့ မောင်မျိုးရယ်.. :)

မိုးချစ်သူ>> တကယ်လာ မလား ညီမလေး.. အမ ရန်ကုန်ပြန်ရင် ညီမလေးကို အမအ၀တ်သေတ္တာထဲ ၀ှက်ပြီး ခေါ်ခဲ့မယ်လေ.. မကောင်းဘူးလား... :D :D

နှင်းပွင့်ဖြူ said...

ကြည့်ချင်တယ်ကွာ... သစ်ရွက်အရောင်ပြောင်းတာ
အန်တီကြီး.. နောက်နေ့ မီးမီးဂျီကိုလာရင်
လင့်ချန်ထားခဲ့နော်..
မဟုတ်ရင် ခြေရာကောက်ရတာ.. မူးတယ် အန်တီကြီးရဲ.
ဟီးဟီး... နော် အစ်မနော်

ခင်တဲ့
နှင်းပွင့်ဖြူလေး

ဆီပုံး မထားဘူးလား ဟင်