November 22, 2007

ှ့Shinno Festival

လွန်ခဲ့တဲ့ ၂ ရက်လောက် ကစပြီး ကျမတို့ Company ရှေ့လမ်းတလျှောက်မှာ မီးပုံးတွေ ချိတ်ဆွဲထားတာရယ်၊ နောက်ပြီး ရုံးတိုင်းရဲ့ Building အရှေ့တွေ မှာလည်း ၀ါးပင်မှာ ဆေးဘူးအခွံမျိုးစုံ အစီအရီ ချိတ်ဆွဲထားတာ တွေ့ရတော့ “Shinno Festival” နီးလာပြီ ဆိုတာ သတိရမိပါတယ်။

Osaka ရဲ့ “Shinno Festival” အကြောင်းကို Internet မှာရှာရင်း PDF file တစ်ခုမှာ ဖတ်လိုက်မိတာက..


Since the 17th century, Dosho-machi Street in Osaka has had the reputation of being the centre of pharmacy in Japan as it's where many of the countries leading pharmacy wholesalers and manufacturers are based. It's also where on November 22 and 23 each year, people from across the country come to mark the Shinno festival to celebrate Japan's gods of pharmacy.

Shinno was the Chinese King who is believed to have written the oldest Chinese herbal pharmacopoeia. His legend spread to Japan and to this day he is still worshipped as a god of pharmacy. Japan also has its own pharmacy god called Sukuna-hikona no Mikoto, but over the years the legends of Shinno and Sukuna-hikona no Mikoto have been merged and now both are worshipped as pharmacy gods at special shrine in Dosho-machi Street.

The symbol of the Shinno festival is branches of bamboo grass with a hanging paper tiger. It's another tradition stemming from the important role that pharmacy has played in Japan's history. Around 180 years ago, Japan was struck by a serious cholera epidemic. The pharmacy wholesalers and manufacturers on the Dosho-machi Street gathered to discuss the situation and to develop a potion to combat the disease. They developed a pill from the bones of a tiger and it was said to be so effective that it stopped the spread of the disease. During the festival people crowd around the shrine to the pharmacy gods, holding bamboo grass and paper tigers, believing that by doing so they will ward off evil.

Copy from: http://www.pjonline.com/students/tp2003/southeastasia.html


အပေါ်က စာပိုဒ်ကို ဖတ်ပြီးတော့မှ ဘာကြောင့် ၀ါးပင်မှာ
ဆေးဘူးတွေ ချိတ်ဆွဲထား ရသလဲဆိုတာကို ရော ဘုရားကျောင်းရဲ့ ရာဇ၀င်ရော နားလည်သွားပါတော့တယ်။ ကျမ လက်ရှိ အလုပ်လုပ်နေတဲ့ Company ကလည်း ဆေးဝါးနဲ့ ပတ်သက် ဆက်နွယ်နေတဲ့ Company ဆိုတော့ ရုံးကလည်း Dosho-machi လမ်းပေါ်မှာပါပဲ။ ဒါကြောင့် ပွဲတော်ရက် ရောက်တော့မယ်ဆိုရင် လမ်းတလျှောက် အပြင်အဆင် ကြည့်တာနဲ့ အလွယ်တကူ သိနေရပါပြီ။


ဒီနေ့က ၂၂ ရက်နေ့ဆိုတော့ ပွဲတော် စတဲ့နေ့ပါ။ ဒါကြောင့် နေ့လည် ထမင်းစားချိန်မှာ ပွဲဈေးတန်းဘက်လျှောက်ဖို့ သူငယ်ချင်းတွေနဲ့ လိုက်သွားဖြစ်ခဲ့ပါတယ်။ ရုံးကထွက်လိုက်တယ်ဆိုရင်ပဲ လမ်းတလျှောက်က ပွဲဈေးတန်းကို မြင်နေရပြီ။ ဘုရားကျောင်း (Sukunahikona Shrine) ကို လာတဲ့သူတွေရယ် အနီးနားဝန်းကျင်က နေ့လည်စာ ထွက်စားကြတဲ့ ရုံးဝန်ထမ်းတွေရယ်နဲ့ ပွဲဈေးတန်းက စည်ကားလို့နေပါတော့တယ်။ ဘုရားကျောင်းကို လာကြတဲ့ သူတွေရဲ့ လက်ထဲမှာ ပွဲတော် အထိမ်းအမှတ်ဖြစ်တဲ့ ၀ါးကိုင်း နဲ့ စက္ကူကျားရုပ်လေးတွေ ကိုင်ထားကြတာ တွေ့ရပါတယ်။ တချို့လူတွေက ၀ါးကိုင်းအခြောက်ကို ကိုင်လာကြပြီး၊ တချို့ကတော့ အစိုလေးတွေ ကိုင်ထားတာ မြင်လို့ ရုံးက သူငယ်ချင်းကို မေးကြည့်တော့မှ အဲဒီ ၂ ခု ကွာခြားချက်ကို သိရတာပါ။ ၀ါးကိုင်းအစိုကို ဘုရားကျောင်းကနေ အိမ်ကို ယူသွားရင် ဆေးနတ်ဘုရားတွေက တစ်နှစ်ပတ်လုံး စောင့်ရှောက်တယ်လို့ ဂျပန်လူမျိုးတွေ အယူရှိကြပါတယ်။ နောက်တစ်နှစ် ပွဲတော်ချိန်ရောက်ရင် အိမ်က ၀ါးကိုင်း အခြောက်ကို ဘုရားကျောင်းကို ပြန်ယူလာပြီး ၀ါးကိုင်းအစိုနဲ့ ပြန်လဲကြတယ်။ဲဒါကြောင့် ၀ါးကိုင်းအခြောက်တွေ ကိုင်တဲ့သူက ကိုင်လာပြီး တချို့က အစိုအကိုင်းလေးတွေ ကိုင်လာကြတာပါ။ ထူးခြားတာ တစ်ခုက တနှစ်ပတ်လုံး အိမ်မှာ ထားတဲ့ ၀ါးကိုင်းက ခြောက်ယုံတင် ခြောက်နေပြီး အရွက်တွေက ကြွေမကျသွားပါဘူး။ သူ့အခက်အတိုင်းလေးပဲ ပုံစံမပျက် ရှိနေပါတယ်။


ဘုရားကျောင်းထဲကိုတော့ ဘယ်သူမဆို အလကား ၀င်လို့ရပြီး ၀ါးကိုင်းနဲ့ စက္ကူကျားရုပ်တွဲ ထားတာကို တော့ ၀ယ်ရတယ်လို့ သူငယ်ချင်းက ပြောပြပါတယ်။ ကျမလည်း အထဲဝင်ကြည့်ချင်ပေမယ့် ရုံးက ထမင်းစားနားချိန်ခဏလေးမှာ ရောက်ဖြစ်တာက တစ်ကြောင်း၊ ဘုရားကျောင်းထဲကို ၀င်မဲ့ သူတွေက အများကြီး တန်းစီနေတာ ဆိုတော့ တန်းစီဖို့ အချိန်မရှိတာနဲ့ပဲ ပြန်လာခဲ့ရတယ်။ သူတို့ရဲ့ ဓလေ့ထုံးစံ တစ်ခု ကို မြင်လိုက်ရတော့ ဂျပန်လူမျိုးတွေလည်း အယူအစွဲ ကြီးကြတာပဲလို့ ကောက်ချက်ချမိပါတယ်။


ညဘက် ရုံးဆင်းတော့ ဘုရားကျောင်း ရှေ့က ဖြတ်သွားရင်း ကျောင်းထဲကို ၀င်ကြည့်ချင်တာနဲ့ အထဲဝင်ကြည့်လိုက်တော့လည်း ထူးထူးခြားခြား မရှိလှပါဘူး။ ကျမတို့ရှေ့မှာ တန်းစီနေတဲ့သူတွေထဲက တချို့လည်း ဆုတောင်းပြီး ခေါင်းလောင်းထိုးကြတယ်။ တချို့ကျတော့လည်း ၀ါးခက်လေးတွေ ၀ယ်၊ သတင်းစာ နဲ့ ပတ်ပြီး အိမ်ကို ပြန်သယ်သွားကြတယ်။ ကျမ နဲ့ ကျမခင်ပွန်းလည်း အထဲရောက်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ ရှေ့က လူတွေ လုပ်သလို လက်အုပ်ချီပြီး ခေါင်းလောင်းကြိုးပဲ ဆွဲလိုက်ပါတယ်။ ၀ါးကိုင်း ကတော့ ယန်း ၂၀၀၀ ဆိုတာနဲ့ မ၀ယ်ဖြစ်တော့ပါဘူး။ အလှူခံပုံးထဲကိုပဲ အလှူငွေ ထည့်ပြီး ဘုရားကျောင်းကနေ ပြန်ထွက်လာလိုက်ပါတော့တယ်။ ပိုပြီး ပြည့်စုံသွားအောင် ဓာတ်ပုံတွေနဲ့ ယှဉ်တွဲကြည့်ကြပါနော်။



မနေ့က ပွဲတော်မစခင် လမ်းတလျှောက် ပြင်ဆင်ထားတာကို ရိုက်ယူထားတာပါ။ အခု မြင်ရတဲ့ လမ်းမကြီးက ဆေး Company တွေ အများဆုံးရှိတဲ့ Dosho-machi Street ပါပဲ။


Building တွေရဲ့ ရှေ့မှာတော့ ပွဲတော်အထိမ်းအမှတ်အဖြစ် ပုံမှာ တွေ့ရသလိုမျိုး ၀ါးလုံးမှာ ဆေးဘူးတွေကို အစီအရီ ချိတ်ဆွဲပြီး ထောင်ထားကြပါတယ်။


ဘုရားကျောင်းရဲ့ ၀င်ပေါက်ပါ။ ညာဘက်က ၀င်ရပြီး ဘယ်ဘက်က ပြန်ထွက်ရပါတယ်။ (ဒါက နေ့လည် ၄ နာရီလောက်က ရုံးက ခဏခိုးထွက်ပြီး ဓာတ်ပုံ ရိုက်ယူထားတာပါ.. )


ဘုရားကျောင်းရှေ့မှာ ရှိတဲ့ ကျားရုပ်တု ပါ။


မနှစ်က ၀ါးကိုင်းနဲ့ ကျားရုပ်ကို လွှင့်ပစ်ထားတဲ့ နေရာပါ။ ၀ါးကိုင်းအသစ်ရောင်းတဲ့ နေရာက လူများလို့ ဓာတ်ပုံမရိုက်ခဲ့လိုက်ရပါဘူး။


ပုံမှာ ရေးထားတဲ့ အတိုင်း ၀ါးကိုင်းနဲ့ စက္ကူကျားရုပ်တစုံ ကို ယန်း ၂၀၀၀ ပေးရမယ်တဲ့။ အစက ဘယ်လောက်မှန်း မသိပေမယ့် အဲလောက် ဈေးကြီးမယ် မထင်မိဘူး။


ကျောင်းဆောင်ရှေ့မှာပါ။ ကျောင်းဆောင်ထဲမှာတော့ ဂျပန်ရိုးရာ ၀တ်စုံဝတ်ထားတဲ့ သူတွေ ထိုင်နေကြပါတယ်။ သူတို့ရှေ့မှာ ကျားရုပ်တုလည်း ရှိတယ်။


သူတို့က ၀တ်ပြု ဆုတောင်းပြီးသွားရင် ခေါင်းလောင်းကြိုးကို ဆွဲကြတယ်။

နိုဝင်ဘာ ၂၂၊ ၂၀၀၇။

7 comments:

မြရွက်ဝေ said...

အမရေ
“Shinno Festival” အကြောင်း လေ့လာမှတ်သားသွားပါတယ်။ Osakaမှာဘဲ ကျင်းပပုံရတယ်ထင်တယ်နော်။

diLo said...

sakura sis,
thanks for sharing with us on this festival..
me feel like..want to come over there to celebrate it!hae hae..

မျှားပြာ said...

အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်နော် အစ်မ
သွားကြည့်ချင်တယ် ... အဆင်ပြေပါစေ အစ်မရေ ။

Anonymous said...

အစ်မ...ဂျပန်လို အရမ်းတိုးတက်တဲ့ နိုင်ငံမှာ လဲ အဲ့လို အယူတွေရှိသေးတယ်နော်....၀ါးကိုင်းလေးကလဲ ဈေးကြီးလိုက်တာဗျာ
ဗဟုသုတတွေ ဝေမျှပေးတဲ့အတွက်ကျေးဇူးပါ....ကိုရီးယာ အ၀တ်လျှော်နည်း ပြောပြထားတယ်နော်...ပျော်ရွှင်ပါစေ

Anonymous said...

မရေ... ဓလေ့ထုံးစံဆိုတာ လူမျိုးတိုင်းမှာရှိနေကြတာပဲနော်...။ ခုမှသိရတဲ့ ဂျပန်တို့ရဲ့ ဓလေ့လေးတွေအတွက် ကျေးဇူး....။

Anonymous said...

ချစ်မရေ...............

ရောက်ဖူးချင်လိုက်တာ။
အမ ဘလော့ဂ်ဖတ်ပြီး
သွားချင်တယ်
ပိုက်ပိုက်လဲအရှိဝူး။
ဟီး ဘိုလိုလုပ်မလဲ....

မိုးချစ်သူ

nu-san said...

မြရွက်ဝေ>> ဟုတ်တယ် ညီမလေးရေ... Osaka မှာပဲ လုပ်တာ.. Osaka ထဲမှာတောင် Doshomachi လမ်းမှာပဲ ရှိတယ်... :)

Dilobear>> You're welcome. Pls visit here!! I cordially invite you. :)

မျှားပြာ>> မျှားပြာလည်း အဆင်ပြေပါစေလို့ အမက ပြန်ဆုတောင်းပေးပါတယ်ဟယ်.. :)

မောင်မျိုး>> ၀ါးကိုင်းက ဈေးကြီးလို့ အမလည်း မ၀ယ်ဘူး.. :P ကိုရီးယား အ၀တ်လျှော်နည်းလည်း လာဖတ်ပြီးသွားပါပြီ။ :D

လေးမ>> အမကလည်း တကူးတက လာလည်တဲ့ လေးမကို ကျေးဇူးတင်ပါတယ်.. :)

မိုးချစ်သူ>> ရောက်ရမှာပေါ့ ညီမလေးရယ်.. ကံကို ဘယ်သူက ပြောနိုင်ပါ့မလဲ.. နော်.. အားမလျှော့နဲ့ သိလား.. :)