မဂျစ် က What's in my bag လို့ tag တာနဲ့ အိတ်ထဲမှာ ရှိတာတွေ ရေးလိုက်ပါတယ်။ အခုလို အိတ်ထဲ ရှိတာလေးတွေကို သူငယ်ချင်းတွေကို ချပြရလိမ့်မယ်လို့ တစ်ခါမှ မစဉ်းစားမိဖူးပါဘူး။ ဒါကြောင့် ပထမဆုံး အိတ်ထဲမှာ ရှိတဲ့ပစ္စည်းတွေ ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ပေးပြီး Blog ပေါ်တင်လိုက်ပါပြီ။ လိုချင်တာရှိလည်း ယူသွားကြပါ... (ယူလို့ရရင်.. :D)
၂။ သော့တွဲ (စက်ဘီး သော့နဲ့ အိမ်သော့ကို တွဲချိတ်ထားတာ။ ပျောက်ရင် အိမ်ထဲလည်း ၀င်မရဘူး။ စက်ဘီးလည်း စီးမရတော့ဘူး.. :D )
၃။ ဟန်းဖုန်း (ဘယ်သွားသွား သူပါပေမယ့် အမျိုးသားကလွဲရင် သူစိမ်းဆီက ဖုန်းလာတာဆိုလို့ Blogger သူငယ်ချင်း ၁ ယောက်ကြီးများတောင် ရှိတာ။)
၎။ သီချင်းနားထောင်လို့ရအောင် iPod
၅။ ဘဏ် စာအုပ် ၂ အုပ် (သွားလေရာ သူပါတယ်။ ပိုက်ဆံထုတ်ပြီးတိုင်း စာအုပ်မှာ update လုပ်လို့ရအောင်။ တစ်အုပ်က ကိုယ့်စာအုပ်၊ နောက်တစ်အုပ်ကတော့ အမျိုးသားရဲ့ စာအုပ်။ အထင်မကြီးပါနဲ့နော်။ စာအုပ်ပဲ ရှိတာ ဘဏ်ကဒ်က သူယူထားတယ်။ :P)
၆။ မှတ်စုစာအုပ် (ခေါင်းထဲ မမှတ်နိုင်လို့ သူ့ကို ဆောင်ထားရတယ်... )
၇။ ဘုရားစာအုပ်
၈။ ပိုက်ဆံအိတ် (အိတ်ထဲမှာ ပိုက်ဆံကလွဲပြီး Bank Card၊ Foreign Registration Card, Health Insurance ကဒ်၊ ဈေးဝယ်ရင် သုံးတဲ့ Point Card..၊ ကျောင်းသားကဒ်၊ စာကြည့်တိုက်ကဒ်၊ အသင်းဝင်ကဒ်.. ကဒ်ပေါင်းစုံ ... အဲဒါတွေပဲ ရှိတယ်)
၉။ ဘောပင်ထည့်တဲ့အိတ်
၁၀။ တိုတိုထွာထွာ အိတ် (မိတ်ကပ်၊ နှုတ်ခမ်းနီဘူး မိန်းခလေး အသုံးအဆောင်ပစ္စည်းတွေကို ရှာရတာ ရှုတ်လွန်းလို့ အိတ်တစ်လုံးထဲစုပြီး ထည့်ထားလိုက်တော့ အေးရော.. )
၁၁။ ထီး
၁၂။ လက်သုတ်တဲ့ တဘက်အသေး
- မမြရွက်ဝေ
- Dilo
- Totto Chan
14 comments:
ချစ်မ nu-san အိတ်ထဲမှာ iPod ပါတယ်။
ဘဏ်စာအုပ်တွေလည်းပါတယ်။
လာတွမ်ဦးမယ်။
သိမ်းသာထားတော့ နော်။
မမ ဂျပန်မှာ မဟုတ်ရင် မီးမီးဆက်ပါတယ် မရာ။
မိုးချစ်သူ
အမရေ .. ဘဏ်စာအုပ်တွေ ယူသွားမယ် အဟီ ။
အဲဗျ .. ကျွန်တော် ဘာယူရင် ကောင်းမလဲ ..
အစ်မပေးချင်တာ ပေးတော့ ကျွန်တော်က ဘာဖြစ်ဖြစ်ရပါတယ်ဗျာ ..း)
အိုး --- öÖ tagထားပါလား။
အမအိပ်ထဲမှာ အများကြီးပဲ။
လာယူလိုက်မှာနော်...
°ﺏ° ☺ °ﺏ° ☻ °∨°
တော့တိုးကို 'တက်' တယ်ပေါ့။ တက် ရင်ရေးရမှာပေါ့ အိတ်ထဲမှာ ဘာရှိလဲ ချို(ဆို)တော့ .. ကြည့်လိုက်အုံးမယ်။
မနုစံ...ဘဏ်စာအုပ်နှစ်အုပ်တောင် မလေးမ ဆီမှာချေးတာအတိုးများလို့  အစ်မဆီကခဏ ချေးပ်ါလားဗျ...အစ်မရေ့ စက်ဘီးသော့ပျောက်ရင် ကားသော့လာမှာပေါ့ ဒီတစ်ခါပျောက်ရင်မရှာနဲ့ တော့ နော့ ..နေရာသာပြောပြ ကျနော်လာရှာမလို့ 
aww..sis.
u are so neat!!neat and tidy!
emm..reminds me of someone..
many small lil bags..but..
nice nice..
hee..meme like like..
oh and,,me me now busy busy ..o_O''
so will proceed on with ur tag in near future pop naw..
but whatever it is..reali thanks thanks naw..for ur remembrance :D
keke
:D
မိုးချစ်သူလေး, မဂျစ် -> ဘဏ်စာအုပ်လား ယူသွား ညီမလေးတို့.. (အပြင်မှာ တကယ်ယူလို့ မရလို့ ရက်ရက် ရောရော ပေးနေတာ.. :D )
မျှားပြာ -> ဘာလိုချင်လဲ? လိုချင်တာ ဘာဖြစ်ဖြစ် ယူသွားနော်။ ဟိုအိတ်ကလေးတော့ ယူမသွားနဲ့.. နှုတ်ခမ်းနီ၊ မိတ်ကပ် ထည့်ထားတဲ့ အိတ်လေးကို ပြောတာ.. :D
မမြရွက်ဝေ, Totto လေး -> အဟဲ.. tag ထားတယ်.. ညီမလေးတို့ အိတ်ထဲလည်း လာချောင်းမှာနော်.. :)
မောင်မျိုးရေ.. ပိုက်ပိုက် ချေးမယ်ပေါ့လေ.. လိုချင်တဲ့အချိန်ပြောနော်. ရှောင်နေမလို့.. :D ကားသော့ကတော့ မပျောက်နိုင်ပါဘူး ဟယ်.. စက်ဘီးလေးတောင် အနိုင်နိုင်.. :(
Dilo -> Sure! I'm looking forward your new post. write if you have time. :)
အမ..
ဘာမှလဲယူလို့ရဘူး.. အီးအီး..
ဒီမို့ဆီမှာလည်း လာကြည့်လေ..
http://barnyarbarnyar.blogspot.com/2007/11/whats-in-demos-bag.html
ပစ္စည်းချင်းလှဲလို့ရမလား မသိဘူးနော်.. ဟိဟိ..
အမ ဆီကပစ္စည်းတွေများရှင်းနေတာပဲ..
ဒီမို
အစ်မပစ္စည်းတွေက သပ်ရပ်နေတာပဲ။
ဓားပြတိုက်သွားပြီနောက်တစ်ယောက်ကို။
မ..တို၂ထွာ၂ အိတ်ကလေး...လေးမ ကိုပေး...။ မျှားပြာမယူစေနဲ့...။ ကြောင်မျိုးကို ဘာမှမပေးနဲ့ ...။ အတိုးများသလေးဘာလေးနဲ့  ဒီမှာ အတင်းလာအုပ်နေတာ...။
မရေ
တော့တိုး အိတ်ကို လာချောင်းချင်ရင် ချောင်းလို့ ရပါပြီရှင်။ နောက်ကျသွားတာ ခွင့်လွှတ်နော်။ မ မှာ cbox ရှိဘူးလား? အော်ချင်လို့ပါ .. :D
ဒီမိုလေး.. ဒီမို့ပစ္စည်းတွေ အမ ကြည့်ပြီးသွားပြီ။ :) လာလည်သွားတဲ့အတွက် ကျေးဇူးပါ ဒီမိုလေးရေ..
ဝင်္ကဘာ>> အမ ကို ဓားပြတိုက်တယ်လား.. လူကို ယူပါ ပစ္စည်းကိုတော့ ချမ်းသားပေးပါ.. :D :D
လေးမ>> အင်း.. အမ အိတ်လေး မျှားပြာကို ပေးဘူး။ မောင်မျိုးကို လည်း ပိုက်ဆံ ချေးဘူး..း)
Totto လေး.. အမ ညီမလေးအိတ်ထဲ ချောင်းကြည့်ပြီးပါပြီ။ Totto အိတ်ထဲက ဘာယူရရင် ကောင်းမလဲ စဉ်းစားနေတာ.. :D အမ cbox မထားဖြစ်ပါဘူး။ အဆင်မပြေရင် သည်းခံပါနော်.. :)
ဒီအိတ်ကလေးကို ဘယ်လိုကျော်ဖတ်သွားလည်း မသိ အခုမှမြင်တယ်။. ဘဏ်စာအုပ်တွေ ခိုးသွားပြီ။
Post a Comment