December 1, 2007

ဒီဇင်ဘာည



* ဒီဇင်ဘာည သီချင်းကို ကိုမာန်လှိုင်းငယ် ဆီမှ တဆင့် ကူးယူဖော်ပြပါသည်။

တေးဆို - Lynn Nith

အပြင်မှာ နှင်းတွေ ကျဆင်းလို့နေပြီ....အိမ်မက်ဟောင်းတွေ
ရင်ထဲရောက်လာသည်...ငါမလိုချင်သော နာရီများ
လွန်ဆန်ချင်နေလည်း...။
မျှော်လင့်ခြင်းတွေ.....ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ......မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား......

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ.....
ဒီလိုအချိန်လေးရောက်လာ
ဟိုအရင်က အပြာရောင်အိမ်မက်လေးကို ပြန်လည်တမ်းတရင်း ကြေကွဲ
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်။
ပြန်ဆုံနိုင်မဲ့ ကံကို ငါတမ်းတတယ်......
ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့
လွမ်းနေဆဲ...။

ပူလောင်ခြင်းတွေ ....ရင်ထဲပြည့်နေပြီ ဒီဇင်ဘာညကို အံတုလို့နေပြီ
ငါမလိုချင်သော ဒဏ်ရာလေး နာကျင်နေပြီပဲ
မျှော်လင့်ခြင်းတွေ..ငါမုန်းလိုက်ချင်ပြီ
ဒီလိုညတွေ ကုန်ဆုံးလိုက်ချင်ပြီ...မြူမှုန်တွေရဲ့ ခြေသံလေး
နင်ပြန်မလာတော့ဘူးလား.....

ဒီဇင်ဘာည အဖြူရောင်မြူနှင်းကြားမှာ အတူဆုံနေကြ
ဒီလိုအချိန်လေးရောက်လာ ဟိုအရင်က အပြာရောင်အိမ်မက်လေးကို
ပြန်လည်တမ်းတရင်း ကြေကွဲ .....။
ငါ ငိုနေဆဲ..ယုံပါ ကောင်မလေးရယ်
ပြန်ဆုံနိုင်မဲ့ ကံကို ငါတမ်းတတယ်...... ဒါပေမယ့်လည်း အဖြူရောင်မြူနှင်းကြားမှာ
ငါဟာ အချစ်ပျောက်လိုက်ရှာ ရင်းနဲ့ လွမ်းနေဆဲ...။

ဒီဇင်ဘာ ၁၊ ၂၀၀၇။

9 comments:

Mintasay said...

ဆီဗောပ်စ်မရှိဘူးလားဗျ

Winkabar said...

ဒီသီချင်းတော်တော်ရေပန်းစားနေတယ်နော်။ အစ်မလည်းပြန်တင်ထားတယ်။
အခုကတော့ အေးအေးနဲ့ကွေးလို့ကောင်းမှကောင်းပဲ။
ပျော်ရွှင်စရာဒီဇင်ဘာလေးဖြစ်ပါစေနော်အစ်မရေ။

Anonymous said...

Happy December Ma Nu-San

Layma said...

ဒီသီချင်း မကြားဖူးဘူး...။

pandora said...

ဒီညတော့ မနုစံဆီမှာ သီချင်းလေးတွေ နားထောင်ရင်း အချိန်တော်တော်ကြာ အပန်းဖြေဖြစ်တယ်လို့

မြရွက်ဝေ said...

မင်္ဂလာနံနက်ခင်းပါ မnu-san။ သီချင်းလည်းနားထောင်သွားတယ်။

Chit Lay Pyay said...

ဟုတ်တယ် ဒီသီချင်းမကြားဖူးဘူး၊ ဒီဇင်ဘာ နံနက်ခင်း မင်းသတိရရင် အမှတ်တရ နေရာဟောင်း ဆောင်းမကြွင်းမှီ အချိန်မနှောင်းသေးခင် တခေါက် အရောက်သာလာစေချင်တဲ့၊ အောင်ကောင်းထက် ဆိုတဲ့ သီချင်းပဲကြားဖူးတယ်၊ သီချင်းလေးအတွက်ကျေးဇူးနော်

MCT said...

မမ ကြီး
ဒီဇင်ဘာမှာပျော်ရွှင်ပါစေနော်

nu-san said...

Mintasay>> Cbox မရှိပါဘူး ကိုမင်းတစေရေ.. တကူးတက လာလည်တဲ့သူကို ဧည့်ဝတ်မကျေတာ ခွင့်လွှတ်ပါနော်..

ဝင်္ကဘာလေး >> အင်း ... ဒီသီချင်းကို အမလည်း ကြိုက်လို့ ... အမတော့ အေးလို့ကွေးရင်းက ပြန်မဆန့်ချင်တော့ဘူး.. :D :D ပျင်းတာလေ။ ၀င်္ကဘာလေးလည်း ပျော်ရွှင်စရာ ဒီဇင်ဘာလေး ဖြစ်ပါစေနော်... :)

ဘာညာလေး>> Same to you!! ပါ ဘာညာရေ.... :)

လေးမ၊ ချစ်လေပြေ>> ဒီသီချင်းကို အမလည်း အခုမှ ကြားဖူးတာ.. :)

ပန်ဒိုရာ>> သီချင်းလေးတွေ နားထောင်ရင်း မပန်တစ်ယောက် အပန်းဖြေဖြစ်တယ်ဆိုလို့ ၀မ်းသာပါတယ် မပန်ရေ..

မိုးချစ်သူ>> စာရေးကောင်းတဲ့ ဆရာဝန်မလေးလည်း ဒီဇင်ဘာမှာ ပျော်ရွှင်ပါစေ.. :)