March 21, 2008

ရွှေအမြုတေ website

ဒီနေ့ရုံးမှာ အလုပ်ပါးတုန်း အင်တာနက်ထဲလျှောက်သွားရင်းက ရွှေအမြုတေ ရဲ့ website ကို တွေ့လိုက်ရပါတယ်။ website လုပ်ထားတာလည်း သိပ်ကြာသေးပုံမရပါဘူး။ မြန်မာပြည်မှာတုန်းကတော့ foreverspace မှာ အလကားတင်ပေးတဲ့ မဂ္ဂဇင်းတွေကို download လုပ်ထားပြီး အချိန်အားမှ စုဖတ်ရတယ်။ မဂ္ဂဇင်းတွေဆိုရင်လည်း ၂၀၀၄၊ ၂၀၀၅ ခုနှစ်လောက်က စာအုပ်တွေပေါ့။ ဂျပန်ရောက်တော့ foreverspace က online ရောင်းတဲ့ စာအုပ်ကို ၀ယ်ဖတ်ချင်တာနဲ့ ရန်ကုန်က မောင်လေးကို ငွေသွားသွင်းခိုင်းတော့ online အရောင်းပိတ်ထားတယ်ဆိုပြီး ၀ယ်မရခဲ့ဘူး။ အဲဒါနဲ့ မဂ္ဂဇင်းအဟောင်းတွေဆိုရင် ရန်ကုန်ကနေ တကူးတက ပို့ပေးမှပဲ ဖတ်ရတော့တယ်။

အခုလို website တွေ ပေါ်လာတော့ မြန်မာပြည် ပြင်ပရောက်နေသူတွေ အလွယ်တကူ ဖတ်လို့ရတာပေါ့။ နောက်ပြီး ရန်ကုန် စာတိုက်ကြီးက တဆင့် စာအုပ်ပို့ပေးမယ့်သူတွေ အလုပ်မရှုတ်တော့ဘူး။ မြန်မာမဂ္ဂဇင်းတွေနဲ့ ဝေးနေချိန်မှာ online ကနေ လစဉ်ထုတ် မဂ္ဂဇင်းတွေ ဖတ်ရမယ်ဆိုတော့ မပျော်ပဲ ဘယ်သူရှိပါ့မလဲနော်။ ရွှေအမြုတေ website ရဲ့ Homepage မှာရေးထားတဲ့ စာသားက


“ရွှေအမြုတေ မဂ္ဂဇင်း၊ Teen Magazine နှင့် အလင်းတန်းဂျာနယ်များကို ဂျာနယ်ထွက်ထွက်ချင်း၊ မဂ္ဂဇင်းထွက်ထွက်ချင်း နိုင်ငံတကာမှ စာဖတ်ပရိတ်သတ်များ ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ www.shweamyutay.com website ဖြင့် လွှင့်တင်ထားခြင်းဖြစ်ပါသည်။”


ဒီ website ကို လစဉ် update လုပ်ပေးနိုင်မယ်ဆိုရင် ပိုပြီး ကောင်းမယ်လို့လည်း တွေးမိတယ်။ တချို့သူတွေလည်း ဒီ website link ကိုသိပြီးသားဖြစ်ပါလိမ့်မယ်။ မသိသေးတဲ့ သူငယ်ချင်းတို့လည်း အားရင် သွားလည်ကြည့်ကြပါနော်...


မတ် ၂၁၊ ၂၀၀၈။

6 comments:

Anonymous said...

ဆိုဒ်ကောင်းလေးတစ်ခု ညွှန်ပြတာ ကျေးဇူးပါ အစ်မရေ့ ကျနော့် ဘလော့မှာလင့်ယူထားလိုက်တယ် တစ်ပုဒ်ပဲဖတ်ရသေးတယ် အရမ်းကြိုက်သွားလို့ ဂျာနယ် ၀ယ်ဖတ်စရာမလိုတော့ဘူး =)

MgThaJan said...

မဂဇင်း လင့်အတွက် ကျေးဇူး မနုစံရေ

သက်ဝေ said...

သူငယ်ချင်းရေ...
အသစ်လေးတွေ မျှော်နေတယ်နော်..

ကလိုစေးထူး said...

သိပြီးတာကြာပြီ။ :P

Layma said...

ခုမှသိတယ်... မရေ...ကျေးဇူး..ကျေးဇူး..။

ကိုဇေယျာ said...

shweamyutay.com website လေးအကြောင်းရေးပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်ဗျာ။ ဦးဝင်းငြိမ်း ကိုပြောပြတော့ ပြုံးပြုံးကြီးနဲ့ ကျေနပ်သွားပါတယ်။