February 10, 2009

မိသားစု လူဦးရေ

ရန်ကုန်မှာဆို အစိုးရနဲ့ သတင်းဌာနတွေ တွေ့ဆုံပြီး မေးမြန်းကြတာကို သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်လို့ ပြောကြတယ်။ အဲဒီလို ရှင်းလင်းပွဲမျိုးကို တခြားသူတွေတော့ မပြောတတ်ဘူး ကျမတော့ တခါမှ စိတ်ပါဝင်စားစွာ မကြည့်ဖြစ်ဘူး။ အခု ကျမ blog မှာတော့ သတင်းစာ ရှင်းလင်းပွဲအကြောင်း ရေးမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ပို့စ်ရဲ့ comment တွေ ဖတ်ပြီး အပြင်က သူငယ်ချင်းတွေကရော စာလာဖတ်တဲ့ သူတွေကရော သို့လော သို့လော အတွေးတွေ ဖြစ်လာကြလို့ အခုလို ပို့စ်ရေးပြီး ရှင်းလင်းရပါတယ်။ ရန်ကုန်က သတင်းစာ ရှင်းလင်းပွဲမှာက သတင်းထောက်တွေ မေးတာကို ပညာသားပါပါ လှည့်ပတ်ပြီး ဖြေတတ်ကြတာ။ ကျမက ဘာမှ လည့်ပတ် လိမ်ညာစရာ တစ်ခုမှ မရှိတဲ့အတွက် အမှန်အတိုင်းပဲ ဖြေမှာပါ။


အဖြစ်က မနှစ်ကနဲ့ မတူ လို့ ပြောရမယ်။ အခုတလော ကျမ ပတ်ဝန်းကျင်မှာ သူငယ်ချင်း တော်တော်များများ ကိုယ်ဝန်ဆောင်ကြတယ်။ ကလေးမွေးကြတယ်။ ရုံးကနေ maternity leave ယူ ကုန်ကြတယ်။ ကျမနဲ့ အလုပ်အတူတူ လုပ်နေကြတဲ့သူထဲမှာကို ၂ ယောက်က ကိုယ်ဝန်ဆောင်ထားကြပြီး နောက်တစ်ပတ်လောက်ဆို ခွင့်ယူကြတော့မှာ။ နောက်ပြီး ကျမတို့ မန်နေဂျာကလည်း သူ့မိန်းမမှာ ဒုတိယ ကလေး ကို ကိုယ်ဝန်လွယ်ထားနေရပြီ။ အဲဒါဆိုတော့ လောလောဆယ် အိမ်ထောင်ကျပြီး ကလေး မရှိသေးတာဆိုလို့ ကျမတစ်ယောက်ပဲ ရှိတယ်။ ဒါကြောင့် သူတို့အတွက် ကျမဟာ မျက်စောင်းထိုးစရာ မျက်စေ့ဆံပင်မွှေး စူးစရာ များဖြစ်နေသလားပဲ။ လူစုံလို့ စကားပြောကြပြီဆို ကလေးယူဖို့ တရား ထိုင်နာရတာ အနည်းလေး ၂ နာရီလောက် ကြာတယ်။ ရုံးကနေ နေမကောင်းဖြစ်လို့ ခွင့်ယူတိုင်းလည်း ကလေး ရှိပြီလား၊ ကလေး ရလို့လား ဆိုပြီး တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီး လည်းကောင်း မေးကြတယ်။ မဟုတ်ပါဘူးလို့ ဖြေရပေါင်းလည်း များလှပါပြီ။


အမှန်တော့ ကျမတို့ ရုံးက ကလေးမီးဖွားမယ်ဆို ခွင့် ၁ နှစ်ပေးပါတယ်။ ခွင့် ၁ နှစ်အတွင်းမှာ Insurance Company ကလည်း ပိုက်ဆံပေးထားပါသေးတယ်။ အဲဒါဆိုတော့ ကျမတို့ရဲ့ မန်နေဂျာရော ဒါရိုက်တာကပါ ဒီကို စပြီး ရောက်ကတည်းက ကလေး ယူဖို့ ပြောပါတယ်။ ပြီးတော့ သူတို့ မွေးနေ့အတိုင်း ကလေးကို ချိန်ကိုက်ပြီးလည်း မွေးခိုင်းလို မွေးခိုင်း၊ ပြီးရင် နာမည်ပါ သူတို့ နာမည်တပ်ခိုင်းချင်ကြပါသေးတယ်။ ကျမကတော့ ရီပဲ နေလိုက်တော့တယ်။ အဲဒီလိုသာ အချိန်ကိုက် ကိုယ်လိုချင်တဲ့ အချိန် ကလေးရနေမှတော့ ကလေးတွေ ထားစရာ နေရာတောင် ရှိမှာ မဟုတ်ပါဘူး။ ဒီစရောက်တုန်းကသာ ပတ်ဝန်းကျင်အသစ်မှာ နေရတာ အဆင်မပြေဖြစ်မှာစိုးလို့ ကလေး မရချင်သေးတာပဲ ရှိပါတယ်။ တကူးတက မလာပါနဲ့လို့လည်း မတားထားသလို လာပါလို့လည်း မခေါ်ဖြစ်ပါဘူး။ အဲဒါဆိုတော့ အရာရာကို ကလေးနဲ့ ကိုယ့်ရဲ့ ကံတရားလို့ပဲ သဘောထား ထားပါတယ်။


ပြီးခဲ့တဲ့ ပို့စ်မှာတုန်းက comment ထဲမှာ မေးသွားတဲ့ မကေ၊ မ၀ါဝါခိုင်မင်း၊ ၀မ်းသာစရာ သတင်းဘယ်တော့ ကြားရမလဲလို့ မေးတဲ့ မမသက်ဝေ နဲ့အတူ သတင်းထူးရင် ပြောပါဦးဆိုပြီး လှမ်းမေးကြတဲ့ သူငယ်ချင်းများ အားလုံးအတွက် အဖြေကတော့ “မိသားစု လူဦးရေ တိုးတက်မှု မရှိသေးပါဘူး” လို့ စိတ်မကောင်းစွာနဲ့ ဖြေလိုက်ပါတယ်။


ဖေဖေါ်ဝါရီ ၁၁၊ ၂၀၀၉။

24 comments:

ThuHninSee said...

..အင်း..မင်းတစ်ယောက်တည်း မဟုတ်ဘူး..သီချင်းဆိုပြရမလား နစံ။

JuneOne said...

မီးဖွားခွင့် တစ်နှစ်တောင်လား။ဒီမှာအများဆုံး ၃လပဲပေးတယ်။

ခလေးမရခင်ကလိုချင်တယ်။ရပြီးတော့ ဖတ်ဖတ်ကိုမောနေတာပဲ

မနုစံ။

kay said...

အီ......... အဲလိုလား..သိဘူးလေ..သို့လော သို့လော ဆိုတော့ကာ။ ဆော်တီး ..
ဘာပဲဖြစ်ဖြစ်.. ဘုရားပေးရင် လာလိမ့်မယ်။း)

Anonymous said...

"ဖတ်ဖတ်ကိုမောနေတာပဲ" ဆိုတာနားမလည်ပါ..(JuneOne)..ရေ့။

Anonymous said...

မနုရေ ... သူငယ်ချင်းဟောင်းတွေ တော်တော်များများလဲ ကလေးတွေနဲ့ အထူးသဖြင့် မိုင်ဆော့သူ၊သားများ ကလေးတွဲလောင်းလေးတွေဖြစ်ကုန်ကြပြီ ... သမီးတော့ ကလေးထိန်းကျောင်းထောင်ပြီး သူငယ်ချင်းတွေရဲ့ကလေးတွေပဲလိုက်ထိန်းရင် ကောင်းမလားလို့ ... အစ်မ လူဦးရေတိုးလာရင်လဲ ပြောနော် ... သမီးထိန်းပေးမယ် ဟီး .... စိတ်မကောင်းမဖြစ်ပါနဲ့အစ်မရေ ... အချိန်တန်တော့သူ့ဘာသာသူဖြစ်လာမှာပဲ ...

Anonymous said...

အမနုစံ လူဦးရေမတိုးသေးလည်း ရုံးအလုပ်ကို စိတ်ဖြောင့်ဖြောင့်လုပ်ရတာပေါ့နော်။ သူများကလေးတွေ ချစ်လည်း ရတာပဲလေ။ ကံတိုက်ဆိုင်လာတဲ့နေ့ ရမှာပေါ့။ နော်ရယ်။
စာရေးကလည်း ကောင်းမှကောင်းဗျာ။

Melody said...

မနုရေ ... ကိုယ့်နဲ့ ထိုက်တဲ့ ကလေး ကိုယ်ရမှာပါပဲ။ အချိန်မတန်သေးလို့ နေမှာပါ။

WWKM said...

ဟတ်ဟတ်..မနုစံကြီး ပို့စ်ရေးပြီးဖြေရှင်းပြရှာ
တယ်။ယုံပါတယ်ရှင်။း)
ဝါ၀ါလည်း နောက်တစ်ယောက်ကလေးယူဘို့
အစီအစဉ်ရှိစဉ်းစားခဲ့ပါသေးတယ်။ ဒါပေမယ့်
ဝါ၀ါကျတော့ ကျန်းမာရေးမကောင်းတတ်တော့
ကလေးထပ်ရပြီး ကျန်းမာရေးမကောင်းဖြစ်ရင်
ဒီမှာက ဒုက္ခရောက်မှာ မနုစံရဲ့.. အဲ့ဒါကြောင့်
စိတ်မကူးဖြစ်တော့ဘူးလေ။
ဒီမှာက ကလေးမွေးရင် ကုန်တဲ့ငွေပိုက်ဆံပြန်
ရတော့ သူငယ်ချင်းတွေက ကလေးမွေးဖို့အား
ပေးကြတယ်။ ဟဟ..သူတို့တွေသာ ကလေး
ရသွားကြတယ်.. ၀ါဝါကတော့ မစဉ်းစား
တော့ပါဘူး မနုစံရယ်။း)
ကလေးရဘို့ အချိန်တန်ရင် ရမှာပါ မနုစံရေ။
ဝါ၀ါက ၁၉၉၆မှာ အိမ်ထောင်ကျပြီး သမီးလေးကို ၂၀၀၁မှာမွေးတာပါ။
ကလေးမရှိသေးတော့လည်း ၂ ယောက်တည်း အေးအေးဆေးဆေးပေါ့ မနုစံ ရေ။ :D

ပျော်ရွှင်ချမ်းမြေ့ပါစေ။

Andy Myint said...

မနုစံ.. အကြောင်းထူးရင် သံချောင်း ခေါက်လိုက်ဦး... ဟီးဟီး . .. ဒီလောက် သတင်းစာ ရှင်းလင်းပွဲ လုပ်နေတာတောင် မလျှော့ချင်သေးဘူး။ ကလေးဆိုတာလည်း အခြေအနေ အရပ်ရပ် တိုက်ဆိုင်မှ ရတာကိုး။ ဒါကြောင့် လူပြည့်က အပ်နဲ့ နတ်ပြည်က ဘာညာဘာညာ ဆိုကြတာ.. ဘာပဲဖြစ်ဖြစ် မနုစံက ကလေး ချစ်တတ်တော့ လူဦးရေ အမြန်တိုးတက် ပါစေ ဆုတောင်းနေတယ်။

:P said...

အဖော်ရှိပါတယ်၊ မနုစံ...။
ခေါင်းမမူးရဲဘူး၊ သွေးအားမနည်းရဲဘူး၊
အမျိုးသားရဲ့ မိတ်ဆွေတွေက ဟိုဟာလား ဆိုပြီး သူတို့က အရင်ဝမ်းသာနေကြလို့၊
ကာယကံရှင်က ဘာမှ မဘာရသေးဘူး...။
**အပေါ်က ကောမန့်ဖျက်လိုက်တာက
သတ်ပုံမှားလို့ပါ..။

Moe Cho Thinn said...

နုရေ အသက်သိပ်မကြီးခင်တော့ ကလေးလေး တယောက်လောက် ယူတာ ကောင်းတာပေါ့။ ကလေးနဲ့ သိပ်အလှမ်းမကွာဘူးပေါ့။
တို့မှာတော့ ကျန်းမာရေးကြောင့် သားအိမ်ထုတ်ထားရလို့ ကိုယ်ပိုင်ကလေးလေးတော့ အိပ်မက်မမက်နိုင်တော့ဘူး။ ဒါပေမဲ့ ဟိုဖက် ဒီဖက် တူတူမချည်း ၆ယောက်တောင် ရှိပါတယ်။ More than enough! နုရေ..
(ဒါနဲ့ လစာပြည့် ခွင့် ၁နှစ်ရတယ်ဆိုတော့ သဘောကျသွားတယ်။ ကလေး မရဘဲ အဲဒီခွင့် ယူလို့ရသလားငှင်..စင်စင့်လေသံဖြင့် ပြောသွားသည်)

PAUK said...

အင်းးး
နု...
နု...
နု...
relax...

မြရွက်ဝေ said...

တာမီး နောက်လိုက်တာ အမတော့ ဖြေရှင်းနေရပြီ။ ဟီ ဟီ :P မရည်ရွယ်ပါဘူး။ အတည်နောက်တာပါ။:D

khin oo may said...

ကြိုးစားမှူညံလို့ဖြစ်ပါလိမ့်မယ်။

မီယာ said...

တို့လည်း မေးတဲ့လူများလွန်းလို့ ခရစ်စမတ်ကဒ်မှာ ဖြေရှင်းချက်ထုတ်လိုက်တယ်.. ဖြေရတာ မောလို့။ maternity leave ပြီးရင် ကလေး ဘယ်သူ ကြည့်မှာလဲလို့ တွေးမိပြီး စိတ်ရှုပ်လို့။

ပုံရိပ် / Pon Yate said...

မနုစံ သတင်းစာ ရှင်းလင်းပွဲ လာကြည့်တာ။ ခွင့်တစ်နှစ် ဆိုတော့ အများကြီးပဲ။ ကောင်းလိုက်တာ။

သက်ဝေ said...

မိသားစု လူဦးရေ ဆိုတဲ့ခေါင်းစဉ်ကြည့်ပြီး
ရမ်းသမ်း ၀မ်းသာနေတာ...
လာဖတ်တော့မှ မဟုတ်သေးကြောင်း ရေးထားမှန်း သိရတော့တယ်...
ဖြေးဖြေးပေါ့ ညီမရေ... စိတ်မကောင်းမဖြစ်ပါနဲ့... လိုအပ်တာတွေ ပြင်ဆင်ဖို့ အချိန်ရတယ်လို့သာ သဘောထားပါလေ...

khin oo may said...

ထပ်လာဖတ်သွားတယ်။

ဇနိ said...

ပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့ ပါ အမ..

တန်ခူး said...

နုရေ… နု ကငယ်သေးပါတယ်… တို့ ဆို အသက် ၃၅နှစ်မှ သားကိုမွေးတာ… နည်းပညာတွေကလဲ အရမ်းတိုးတက်လာတဲ့ ခေတ်ဆိုတော့ အခွင့်လဲ ပိုသာလာပါတယ်… ရည်ရွယ်ချက်ရှိရင်တော့ ဖိဖိစီးစီးတော့လုပ်နုရေ… အသက်ရလာလေပင်ပန်းလာလေပဲ…ငယ်တုန်းက ပိုကောင်းတာပေါ့နော်…

Layma said...

ဟီး.. အားရှိစရာကြီး.. ဒီရှင်းလင်းပွဲ အကြိုက်ဆုံးပဲ..။
အစ်မရေ... ခွင့် တစ်နှစ်ကတော့ စိတ်ဝင်စားဖို့  ကောင်းတယ်နော...။
အစ်မရယ်.. ယောက်ျားရှိရင် ကလေးရှိရမယ်ဆိုတဲ့ ဖော်မြူလာထဲမှာ မိန်းမတွေ ရိုက်သွင်းခံနေရသလိုပဲ...။ ကလေးဆိုတာကလည်း အဆန်းသား... လိုချင်တိုင်းမရ.. မလိုချင်လည်းရ... ။

WWKM said...

Comment တွေ ထပ်ဖတ်သွားတယ် မနုစံရေ။ :P

nu-san said...

သုနှင်းဆီ>> တို့တွေ club တစ်ခု ထောင်ထားပြီး member တွေ ခေါ်ရင် ကောင်းမယ်နဲ့တူတယ်နော်.. ဘ၀တူ သမားတွေလေ..:D

June One >> ကျော့ရေ.. သူများရုံးတွေတော့ အမမသိဘူး.. အမတို့ ရုံးက လက်ရှိ ၁ နှစ်ရတယ်။ အဟဲ.. ကိုယ့်အလှည့်ကျမှ rule ပြောင်းရင်တော့.. “သေပြီ ဆရာ..” ပဲ.. :D သားသားက ချစ်ဖို့ ကောင်းတယ် ကျော့ရ.. တို့တွေက ဓာတ်ပုံထဲတင် ချစ်နေရတော့ မောပါဘူး ဆိုသလို ဖြစ်နေပြီ.. :)

မကေ>> ဟုတ်ကဲ့ မရေ.. ဘုရားပေးသလိုပေါ့။ ကုသိုလ်ကံပေါ့ အမရယ်.. :)

ကြယ်ပြာ>> ညီမလေးရေ.. တခါတလေဆို ဆရာနဲ့ အမ မိုင်ဆော့ စုံတွဲ ဘယ်နှစ်တွဲလည်း ရေ ကြည့်ဖြစ်တယ်.. ဘယ်သူတွေတော့ဖြင့် ကလေးရပြီဆိုပြီးလည်း တွက်ကြည့်မိတယ်.. ညီမလေး အကြံ မဆိုးဘူး သိလား.. ကလေးထိန်းကျောင်း ဖွင့်ရင်တော့ ကိုယ့်လူချင်းမို့ တကယ် စိတ်ချကြမှာ သေချာတယ်.. :) တကယ်ထိန်းပေးမှာလား.. အမ အဲဒီကို ပါဆယ်နဲ့ ပို့လိုက်မယ်လေ.. အဟီး.. မုန့်ဆီကြော် မုန့်ဆီကြော်လို့သာ အရင်အော်လိုက်ဦးမယ်.. :D

မဇနိ>> ဟုတ်တယ် မဇနိရေ.. လူဦးရေ မတိုးသေးတော့လည်း ကိုယ့်ဘာသာကိုယ် အလုပ်ကို စိတ်ဖြောင့်ဖြောင့် လုပ်လို့ ရတယ်.. ဘာလို့လည်း ဆိုတော့ အမတို့ ရုံးက ဂျပန်မလေးဆို သူ့သမီးလေးကို အလုပ်ချိန်မှာ မူကြို ပို့ထားခဲ့ရတယ်။ အဲဒါ ကလေးက တော်ကြာ ကိုယ်ပူပြန်ပြီဆို ရုံးကနေ ချက်ချင်း မူကြို ကျောင်းကို အမြန်ပြန်ပြေးပြီး ကလေး သွားပြန်ခေါ်ရတယ်။ တခြားကလေးတွေ ကူးမှာစိုးလို့ မူကြိုကျောင်း ကလည်း သိပ်ပြီး serious ဖြစ်တာ။ တော်ကြာ ချောင်းဆိုးပြန်ပြီဆို ပြေးရပြန်ရော.. အခု သူက နောက်ကိုယ်ဝန်ကြီးနဲ့ မွေးခါနီးပြီမို့ မီးဖွားခွင့် ယူသွားပြန်ပြီလေ.. :)

Melody >> ဟုတ်ကဲ့ပါ မမယ်လိုဒီရေ.. အချိန်မတန်သေးလို့ပဲ သဘောထားပါတယ်။ ကိုယ်နဲ့ ကံပါရင်တော့ ရမှာပါ.. လာလည်တာ ကျေးဇူးပါနော်.. :)

မ၀ါဝါခိုင်မင်း>> မ၀ါက သမီးလေး ရှိတော့ တော်သေးတယ်နော်.. ဟုတ်တာပေါ့ အမရယ်.. ကိုယ့်ကျန်းမာရေးကိုလည်း ပြန်ကြည့်ရတာပေါ့။ မ၀ါက အိမ်ထောင်ကျပြီး ၅ နှစ်လောက်မှ သမီးလေးကို မွေးတာပေါ့နော်.. အင်း.. ကံပေါ့ အမရယ်.. ကျနော်ကတော့ ဘာမှ ကြိုမစဉ်းစားပါဘူး။ ရလာတော့လည်း ကိုယ့်ကလေးပဲ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင်တော့ ကြိုးစားရမှာပေါ့... အခုချိန်ကတော့ ၂ ယောက်တည်းပဲဆိုတော့ တခုခုဆို သိပ်စဉ်းစားဖို့ မလိုသေးပဲ အေးအေးဆေးဆေး ရှိတာတော့ အမှန်ပဲ.. မ၀ါရေ.. Comment reply ပြန်ဖို့ နောက်ကျနေတာ တောင်းပန်ပါတယ်နော်..ごめんね!!

Andy Myint >> ဦးဦး Andy တို့ မိသားစုရဲ့ ကံကိုတော့ မမီသေးပါဘူးကွယ်.. သားလေးတစ်ယောက် သမီးလေးတစ်ယောက် နဲ့ ဘယ်လောက် ပျော်ဖို့ကောင်းလဲလို့.. အားကျမိပါတယ် တကယ်ပါ။ :) ကလေးကတော့ ချစ်တယ် Andy ရေ.. သူများကလေးဆို ပိုချစ်သေးတယ်.. ဟိုကလေး မြင်ရင် ချစ်၊ ဒီကလေး မြင်ရင်လည်း ချစ်နဲ့။ စိတ်ချ.. သံချောင်းသံ အကျယ်ကြီး ခေါက်လိုက်မယ်နော်.. တောင်းတဲ့ ဆုနဲ့ ပြည်ပါစေရှင်.. :D

Sin Dan Lar>> Sin Dan Lar ပြောတာ ပိုရီရတယ်။ ခေါင်းမမူးရဲဘူး။ သွေးအားမနည်းရဲဘူးဆိုတာလေ.. ဟုတ်တယ်နော်.. တို့လည်း ရုံးက ခွင့်ယူပြီဆိုတာနဲ့ ရိုးရိုး နေမကောင်းဖြစ်တာလားဆိုတဲ့ မေးခွန်းက စတာ.. :D

မမိုးချိုသင်း>> အမ ရော အကိုရော စိတ်ရင်းကောင်းပြီး ကြင်နာတတ်တာ ကြောင်လေးတွေ အကြောင်း ရေးတဲ့ ပို့စ်တွေ ဖတ်ပြီး ခံစားလို့ရတယ်။ အမတို့မှာ တူ၊ တူမ ၆ ယောက်ရယ် သားသား မီးမီး ကြောင်လေးတွေရယ်နဲ့ ချစ်စရာတွေအများကြီးပဲ။ အဲဒီလို မေးခွန်းမျိုး ကျနော်လည်းလေ မန်နေဂျာကို မေးချင်တာ ရင်ထဲ ကလိကလိပဲ.. အဟိ.. လစာပြည့်တော့ မဟုတ်ဘူး အမ.. လစာရဲ့ ၆၀ % ကို ပထမ ၆ လမှာပေးပြီး နောက် ၆ လကတော့ ၃၀ လား ၄၀ % နှုန်းလား မသိဘူးပေးတယ်။ အဲဒါက Insurance Company က ပေးတာ။ ရုံးက တပြားမှ မပေးဘူး။

ပေါက်>> ပေါက်.. ပေါက်.. ပေါက်.. relax ပါတယ် ပေါက်ရဲ့.. :D

မြရွက်ဝေ>> ရပါတယ် တာမီးရယ်.... :D

မမခင်ဦးမေ>> မမကတော့လေ.. ပြောတတ်တယ်.. :P ၂ ခါ တိတိ လာဖတ်သွားတဲ့ အတွက် ကျေးဇူးပါ အမရေ.. :)

ကိုဇနိ>> ပျော်ရွှင်ဖွယ်ရာ ချစ်သူများနေ့ပါ ကိုဇနိရေ.. :)

မီယာ>> ဟုတ်တယ်နော်..ကလေး မွေးတာက ပြဿနာ မဟုတ်ဘူး.. မွေးပြီး ကလေးကို ပြုစုစောင့်ရှောက် ကြည့်ပေးမယ့်သူ မရှိတာက ပြဿနာ။ အဖြေကလည်း ရှင်းတော့ ရှင်းပါတယ်လေ.. ကိုယ့်ကလေး ကိုယ့်ဘာသာ ကြည့်ရမှာပေါ့နော်... နည်းနည်း ကြီးလာရင်တော့ ကလေးထိန်းကျောင်းပို့ပေါ့ အမလည်း အဲဒီအကြောင်းတွေးလိုက်ရင် စိတ်ရှုတ်လာရော.. အဲဒီတော့ ဖြစ်လာမှပဲ အဆင်ပြေသလို ကြည့်လုပ်ကြတာပေါ့လို့ပဲ တွေးထားလိုက်တော့တယ်.. :)

ပုံရိပ်>> ပုံရေ.. (အဟိ.. ခေါ်လို့ကောင်းလိုက်တာ.. :D) ခွင့်တစ်နှစ်ပေးတာ အမလည်း သဘောကျတယ်.. နောက်မှ rule ပြောင်းရင်တော့ မပြောတတ်ဘူးပေါ့ ညီမလေးရေ.. :)

မမသက်ဝေ>> မမရေ.. ၀မ်းသာစရာ မဟုတ်သေးဘူး။ ဟုတ်.. သဘောထားပါတယ် အမရယ်.. :)

မတန်ခူး>> အဟီး..ငယ်သေးတယ်ပြောလို့ သဘောကျနေတာ.. အမရေ...ဒီက ဂျပန်မတွေကလေ ပထမတစ်ဦးကို ၃၇၊၃၈ လောက်မှ စပြီး ယူကြတယ် ကျနော်တို့ ရုံးက လူတွေပေါ့နော်.. တခြားသူတွေတော့ မသိဘူးရယ်.. ၄၀ လောက်အထိလည်း ယူနေကြတုန်းပဲ.. အဲဒီတော့ သူတို့က ကျနော့်ကို ငယ်သေးတယ်... ငယ်သေးတယ်.. အေးဆေးပါတဲ့။ အမလည်း သားသားကို ၃၅ မှ မွေးတာပေါ့နော်.. ကံပဲပေါ့ အမရယ်.. ကိုယ်နဲ့ ထိုက်တော့လည်း ရလာမယ်လို့ ထင်ပါတယ်.. :)

လေးမ>> ဟုတ်တယ် ညီမလေးရေ.. အိမ်ထောင်ရှိပြီး ကလေး မရှိရင်ကို ချို့ယွင်းချက်တခုလို့ မြင်ကြတယ်။ လေးမပြောတာပဲ သဘောကျတယ်.. “လိုချင်တိုင်းမရ၊ မလိုချင်လည်း ရ” တဲ့လား..

Anonymous said...

U Wa Tote, pls try hard.