February 14, 2009

Valentine's Dinner



Photo Link

ဒီနေ့ Valentine Day ဆိုတော့ အမျိုးသားက ညစာကို အပြင်မှာ လိုက်ကျွေးပါတယ်။ သွား စားဖြစ်တဲ့ ဆိုင်က Osaka Station နားမှာရှိတဲ့ အာရှစားသောက်ဆိုင်မှာပါ။ ဆိုင်နာမည်က “Monsoon” ဆိုတော့ မြန်မာလိုဆိုရင် “မုတ်သုန်” ပေါ့။ အဲဒီဆိုင်မှာ အာရှ အစားအစာတွေ စားလို့ကောင်းသလို ဈေးလည်းကြီးတယ်။ ကျမတို့ ဆိုင်ရောက်သွားတော့ ပါတီ တစ်ခု လုပ်နေတာနဲ့ ကြုံလို့ ညစာ စားဖို့ကို ၁ နာရီ နီးပါးလောက် စောင့်လိုက်ရတယ်။ နောက်ပြီး ဆိုင်ကို လာကြတဲ့ စုံတွဲတွေလည်း မနည်းဘူး။


ဆိုင်က အဆောက်အဦးရဲ့ အပေါ်ဆုံးထပ်မှာ ရှိတာမို့ ညဘက်မြင်ရတဲ့ ရှုခင်းကို အသားပေးပုံရတယ်။ ဆိုင်ထဲ ၀င်လိုက်ရင် မီးမှိန်မှိန်လေးပဲ ထွန်းထားတယ်။ ကျမတို့ ၂ ယောက်အတွက်တော့ အခုတစ်ခါ နဲ့ဆို အဲဒီ ဆိုင်ကို ရောက်ဖြစ်တာ ၃ ခါရှိပါပြီ။ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ တရုတ် အစားအစာတွေ မှာလို့ ရပါတယ်။ ၃ ခါ သွားတာ တခါနဲ့ တခါ menu က မတူဘူး။


နောက်ပြီး ဆိုင်က နေရာကျယ်တော့ မင်္ဂလာဆောင်ဧည့်ခံပွဲတို့ မွေးနေ့ပါတီတို့ လာလုပ်ကြတာ တွေ့ရဖူးတယ်။ ဒီနေ့မှာကိုပဲ မွေးနေ့ ၂ ခုနဲ့ ကြုံခဲ့ရတယ်။ လူအများကြီး ဖိတ်တဲ့ မွေးနေ့ပွဲမျိုးတော့ မဟုတ်ပါဘူး။ ကိတ်မုန့်တွေ ဘာတွေ လှီးတာမျိုး မဟုတ်ပဲ မှာထားတဲ့ အစားအသောက်တွေ အားလုံး စားပြီးလို့ နောက်ဆုံး အချိုပွဲမှာ ဖယောင်းတိုင်နဲ့ မီးပန်းသေးသေးလေး ထွန်းပြီး ဆိုင်က ၀န်ထမ်းတစ်ယောက်က မွေးနေ့ရှင် စားပွဲကို ယူလာပေးပါတယ်။ အဲဒီအချိန်မှာ မီးအားလုံး မှိန်ထားလိုက်ပြီး ဆိုင်က မန်နေဂျာကအစ စားပွဲထိုးရော မီးဖိုချောင်က စားဖိုမှူးတွေပါ မကျန် အကုန် လိုက် ထွက်လာပါတယ်။ မွေးနေ့ရှင်ရှိတဲ့ စားပွဲရောက်တော့မှ Happy Birthday to you သီချင်းနဲ့ လက်ခုပ်ဝိုင်းတီးပြီး ဆုတောင်းပေးကြတာမျိုးပါ။ ဘေးစားပွဲတွေက ထိုင်နေတဲ့ သူတွေလည်း ကိုယ်နဲ့သိသိ မသိသိ လက်ခုပ်တီးပြီး သီချင်းဝိုင်းဆိုပေးကြတာပါပဲ။ မွေးနေ့ရှင်ကတော့ အံ့သြပြီး ၀မ်းသာတာပေါ့။ ကျမတို့ ၂ ယောက်လည်း လက်ခုပ်တီးပြီး သီချင်းဆိုရင်း ဘေးကနေ ဘာမဆိုင် ညာမဆိုင် ပျော်နေသေးတာ။ ကြည်နူးတာပေါ့။ Valentine Day နဲ့ မွေးနေ့ တရက်တည်းဆိုတော့ ပျော်စရာကြီး။ သူတို့တွေလည်း ပျော်သလို အားလုံးသော ချစ်သူစုံတွဲတွေလည်း ပျော်ရွှင်ပါစေ။


ဒီနေ့ မှာစားဖြစ်တာတွေပါ။ ထမင်းနဲ့ အအေးခွက်တွေတော့ မရိုက်ခဲ့တော့ပါဘူး။

* Monsoon Style Indonesian Fried Rice


* Satay Set (Chicken, Pork, Beef, Shrimp)


* Fried Pork Ribs flavored with Garlic


* Grilled Rack of Lumb (Served with Asian BBQ Sauce)



ဖေဖေါ်ဝါရီ ၁၄၊ ၂၀၀၉

20 comments:

Dr. Yi Yi Win said...

အားကျလိုက်ပါဘိ နုစံရေ။

ThuHninSee said...

အစ်မရေ.. ဒီနှစ်တော့ ဒိုင်စားတာပဲသိလား။
နက်ဖြန်ရယ်..ကြာသာပတေးရယ်မှာ စာမေးပွဲ။
ပေပါတွေလဲ တန်းစီနေလို့ အရူးမီးဝိုင်းနေတယ်။
ဟားဟား..ဒီတော့ စာအုပ်နဲ့ပဲ ကျင်းပလိုက်တယ်။
သူကတော့ ပိုက်ဆံကုန်သက်သာလို့ပျော်နေမှာပဲ။
ပိုစားပေးခဲ့တယ်မဟုတ်လား။

khin oo may said...

အရူးမီးဝိုင်းလေးကလည်း လာစားနိုင်သေးတယ်နော်။

khin oo may said...

စားကောင်းတယ်ဟုတ်။

Anonymous said...

မနုစံ စားချင်စရာကြီး။ မနာလိုလိုက်တာနော်...။

JuneOne said...

ပုံတွေကြည့်ပြီး သရေကျသွားပြီကွယ်။

Layma said...

မရယ်... မရယ်... မနုစံရယ်
အားလည်းကျတယ်...
သွားရေလည်းကျတယ်...

ကြည်နူးစရာလေးနော်..။

သက်ဝေ said...

ပျော်စရာ ကြည်နူးစရာ Valentine Day လေးကို နှစ်စဉ်နှစ်တိုင်း အခုလိုပဲ အတူတူ ကျင်းပနိုင်ကြပါစေ လို့ ဆုတောင်းပေးသွားတယ်နော်...

Anonymous said...

စားချင်စရာတွေကြီးပဲ အစ်မကြီး..ပျော်နေတယ်ဟုတ် ဘာလက်ဆောင်တွေရသေးလဲး)

Anonymous said...

၂ယောက်ထဲ အတော်စားနိုင်တယ်.. သိတယ်လေ.. ဟိုတယောက်က..စားနိုင်တယ်ဆိုတာ..နု ပြောဖူးတယ်။ အဟဲ။ ပျော်စရာကြီး..ကိုယ်တော့..မနေ့က..တယောက်က နေမကောင်းလို့ ဆန်ပြုတ်ပဲ ပြုတ်သောက်လိုက်ကြတယ်..း(

မကေ

ZT said...

ကောင်းပါ့။ ရိုမန်းတစ် ဖြစ်တဲ့ ညစာကိုကြည့်ရင်း အားကျသွားပါတယ်။

WWKM said...

သွားရည်ကျသွားပါတယ်ရှင်။ မနေ့တုန်းက ဦးဥာဏ်က
ညမိုးချုပ်မှ ကွန်ဖရင့်ကနေပြန်ရောက်တာလေ။ အမှတ်တရ အပြင်မှာ တစ်ခုခုထွက်စားကြမလားလို့
ဖုန်းဆက်လာတော့ သမီးလေးက မိုးချုပ်နေလို့ ဘယ်မှ
မသွားချင်ဘူးတဲ့။း( အိမ်မှာပဲ မိသားစုတွေ ဗယ်လင်တိုင်းပါတီလေးလုပ်ဖြစ်ကြတယ်။း)

အားကျသွားပါတယ် မနုစံရေ။း)

Anonymous said...

အမနုစံ စားစရာတွေလည်း အများကြီးပါ့လား။ တူနှစ်ကိုယ်အတူစားရတဲ့ ချစ်စရာ့ပါတီလေးပေါ့။ အားကျတယ်။ နောက်ပြီးတော့ သွားရေကျတယ်။ အေးချမ်းပျော်ရွှင်ပါစေ အမရေ။

Anonymous said...

ရောက်တယ်အမနုစံရေ ညစာစားပွဲလေး အကြောင်းဖတ်ရင်း သွားရေတွေကျသွားပါတယ်။ အားလည်းကျမိပါရဲ့ ကျနော်တော့ ကိုယ်နားမလည်တဲ့ ဘာသာစကားတွေနဲ့ လုံးထွေးနေရလို့ အွန်လိုင်းက မိတ်ဆွေတွေဆီလည်း မရောက်ဖြစ်သလို အသစ်လည်းမရေးနိုင်သေးဘူး၊ အစစအဆင်ပြေပါစေဗျာ။

နှင်းပွင့်ဖြူ said...

လောင်းတိုင်းနိုးစီးးးးးးး အစ်မရေ နေကောင်းလားးးး
မရောက်တာကြာလို့ အလည်လာရင်း စားစရာတွေ ငမ်းသွားတယ်........း)

Anonymous said...

ပျော်စရာတွေက ခ နေတဲ့ အမှတ်တရ ညလေးပေါ့။
အားကျသွားပါ၏။

တန်ခူး said...

နုရေ… ပြီးပြည့်စုံတဲ့ ညနေခင်းလေးပေါ့… ညနေစာလေးကိုက romanticဖြစ်နေတယ်… ဒီလိုချစ်စရာ ရင်ခုန်စရာ ကြည်နူးစရာ ညနေခင်းလေးပေါင်းမြောက်မြားစွာ ပိုင်ဆိုင်နိုင်ပါစေလို့ …

မီယာ said...

နုစံ အားကျပါဘိ... ကြည်နူးစရာနော်.. တ

တန်ခူး said...

နုရေ… နုအီးမေးလ်လေးအမကိုပြောလို့ ရမလား…အမအီးမေးလ်ပို့ ချင်လို့ …

nu-san said...

မယုဝရီ၊ မီယာ>> အားကျတယ်လား :P

သုနှင်းဆီ>> မွန်ရေ.. ကြိုးစားထားနော်.. နောက်နှစ်ကျမှ အတိုးချပြီး ၀ယ်ကျွေးခိုင်း သိလား.. :D

မမခင်ဦးမေ>> စားကောင်းတယ် မ.. :)

ပုံရိပ်>> ပုံရိပ်ကမှ ပိုပြီး မနာလိုစရာကောင်းတာ.. ခွေးသေးပန်းလေး မွှေးလိုက်၊ ထန်းညှက်လေး စားလိုက်၊ Valentine အမှတ်တရ ကဗျာလေး ဖတ်လိုက်နဲ့ ဘယ်လောက် ဇိမ်ကျလဲ.. :D

JuneOne၊ လေးမ>> ညီမလေးတို့.... အားကျတာတော့ ကောင်းတာပေါ့.. သွားရည်ကျတာ မကောင်းဘူးနော်.. တော်ကြာ ကွန်ပျူတာမှာ သွားရည်တွေ ပေကုန်လိမ့်မယ်.. :D

မမသက်ဝေ>> ဟုတ် မ၊ နှစ်တိုင်း အခုလိုပဲ ကျင်းပချင်ပါတယ်.. အမ ပေးတဲ့ဆုနဲ့ပြည့်ရပါစေ.. :)

မောင်မျိုး>>ပျော်တာပေါ့ မောင်မျိုးရ.. တခြားလက်ဆောင်တော့ မရပါဘူး.. :)

မကေ>> အမတို့ကတော့ Valentine ဆန်ပြုတ်ပေါ့။ အဲဒါလည်း romantic ဖြစ်တာပဲ.. :D

ZT>> အားကျတယ်ဆိုရင် နောက်နှစ် valentine day မှာ ၂ ယောက်အတူ သွားစားနော်.. :)

မ၀ါဝါခိုင်မင်း>> မ၀ါတို့က မိသားစု valentine party လေး လုပ်ဖြစ်တာ ပိုပျော်ဖို့ကောင်းတာပေါ့ အမရ.. :)

မဇနိ>> စားစရာတွေ အများကြီး ဟုတ်ပါဘူး ညီမလေးရဲ့.. အဲဒါစားပြီး ဗိုက်က သိပ်မ၀ချင်ဘူး.. မဇနိက ပြောတတ်တယ်.. “တူနှစ်ကိုယ်အတူစားရတဲ့ ချစ်စရာ့ပါတီလေး” တဲ့.. :)

ကမာနီလာ>> ကိုကမာရေ.. အားမှ Blog ရေးပါ။ အပြင်က အလုပ်က ပိုအရေးကြီးတာပဲ။ မအားတဲ့ကြားက တကူးတက လာလည်တာ ကျေးဇူးပါ။ အလုပ်မှာလည်း အဆင်ပြေပါစေနော်.. :)

နှင်းပွင့်ဖြူလေး>> Long time no see ပါ။ အမ နေကောင်းပါတယ်ရှင်။ တူမလေးရော နေကောင်းရဲ့လား.. စားစရာတွေ ကြိုက်သလောက် ငမ်းသွားနော်.. :D

မေအောင်>> ဟုတ်တယ် ညီမလေးရေ.. ပျော်တာတော့ အမှန်ပါပဲ.. :)

မတန်ခူး>> မရေ.. ပေးတဲ့ဆုနဲ့ပြည့်ပါစေ.. မေးလ်ပို့ပေးလိုက်ပါပြီနော်.. :)