September 26, 2009

I'm back

Blog မှာ စာမရေးဖြစ်တာ အတော်ကြာနေပြီ။ သိပ်မကြာသေးပါဘူးနော် ၅ လ လောက်ပါပဲ။ Blog မရေးဖြစ်တော့ ဘာတွေ လုပ်နေလဲ ဘာတွေ ဖြစ်နေလဲလို့ ထင်ကြမှာပဲ။ ဒီ ၅ လ အတွင်း ဘာမှ ထူးထူးခြားခြားလည်း မလုပ်ဖြစ်ပါဘူး။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ရုံးအလုပ်ရယ်၊ အိမ်အလုပ်ရယ်နဲ့ တနေ့ တနေ့ လုံးလည်လိုက်နေတာပါပဲ။ Blog မရေးဖြစ်တော့ အချိန်ပိုတွေ ထွက်လာတာ အမှန်ပဲ။ ရန်ကုန်က သယ်လာတဲ့ ၀တ္ထုစာအုပ်တွေ ဖတ်လိုက်၊ မြန်မာ ရုပ်ရှင်၊ ဗွီဒီယိုကားတွေ ကြည့်လိုက်နဲ့ ဇိမ်ကို ကျနေတာပဲ။ ပြီးတော့ ကိုယ်စားချင်တဲ့ ဟင်းချက်နည်းကို Blog တွေမှာ ရှာဖတ်ရင်း စမ်းချက်ကြည့်ဖြစ်တယ်။ ဂိမ်းသေးသေးလေးတွေ ဆော့တယ်။ သီချင်းနားထောင်တယ်။ တခါတလေလည်း ဟိုနား ဒီနားလျှောက်လည်ပြီး ဈေးဝယ်ထွက်တာမျိုး လုပ်တယ်။ စနေနေ့မှာ ဂျပန်ကျောင်းလည်း မတက်ဖြစ်တော့ ပိတ်ရက်ဆို အိမ်ထဲမှာပဲ အနေများပြီး အိမ်အလုပ်နဲ့ ကိုယ်လုပ်ချင်တာလေးတွေ လုပ်လိုက်၊ စားချင်တာ လုပ်စားလိုက်နဲ့ ၅ လဆိုတဲ့ အချိန်က ခဏလေးလိုပဲ။ Blog မရေးတော့ အိမ်က Editor ကြီးလည်း အချိန်တွေ ပိုပြီး ဂိမ်းပိုဆော့ရတာပေါ့။ သူကတော့ ကျိတ်ပြီး ၀မ်းသာနေမှာ။


စာ မရေးချင်လို့သာ မရေးဖြစ်တာ Blog ပိတ်ဖို့တော့ စိတ်မကူးပါဘူး။ ဒါကြောင့်သူငယ်ချင်းတွေ လာအော်လည်း မျက်နှာပူပူနဲ့ငြိမ်နေတာပေါ့။ Blog မရေးဖြစ်ပေမယ့် Blog တွေတော့ အားရင် အားသလို လည်ဖြစ်ပါတယ်။ Comment မရေးမိတာလည်းရှိတယ်။ ရေးခဲ့တာလည်းရှိတယ်။ ကိုယ်ဖတ်နေကျ Blog List မှာ အသစ်တင်တဲ့ Blog တိုင်းကိုတော့ ပုံမှန်ဖတ်ဖြစ်တယ်။ တခြား စိတ်ဝင်စားစရာ Blog တွေ့ရင် ဖတ်ဖြစ်လိုက်တာပါပဲ။


Blogspot ကို မ၀င်ဖြစ်တာ ကြာတော့ အခု ပို့စ်တင်တာတောင် လူက အူကြောင်ကြောင်နဲ့။ Blog နဲ့ ပတ်သက်ပြီး လုပ်ရမယ့် အကြွေးတွေလည်း ရှိသေးတယ်။ Banner ပြောင်းဖို့ရှိတယ်။ နောက်ပြီး မမတန်ခူး ရေးခိုင်းတဲ့ နောင်လာမယ့် အနှစ်နှစ်ဆယ် ရေးပေးဖို့ ရှိတယ်။ ရေးခိုင်းတဲ့ အမကတောင် မေ့နေလောက်ပြီ ထင်တယ်။ အရင်ပို့စ်က comment တွေတော့ မပြန်တော့ဘူး။ ကြာပဲ ကြာလှနေပြီဆိုတော့ သူငယ်ချင်းတွေကို အားလည်းနာတယ် ခင်လည်း ခင်တယ်။ Favorite List က ပြင်ပြီးသွားပြီ။ နောက်ရက်တွေမှပဲ စာပြန်ရေးဖြစ်အောင် ကြိုးစားပြီး စာအသစ်တင်ပါ့မယ်လို့....


စက်တင်ဘာ ၂၇၊ ၂၀၀၉

16 comments:

PAUK said...

ဟယ်..မနုစံလို ဥပေက္ခာ ပြုတတ်ချင်လိုက်တာ..
အနားယူတဲ့ ၅လအတွင်း ဘယ်တွေသွားလို့..
ဘယ်တွေ လည်ခဲ့လဲ..
ပို့စသ်ရေးအုန်းလေ..

ThuHninSee said...

အမြဲ.. မျှော်နေတယ်...။ ဘလော့ဂ်ထက် facebookကပိုဆိုးတယ်။

minthant2009 said...

ဟေးသူပြန်လာပြီ

ပုံရိပ် said...

မနုစံ ပြန်လာပြီလား။ လွမ်းနေတာ ကြာပေါ့။ ပြောသာ ပြောတာ ပုံရိပ်ကိုယ်တိုင်လည်း အဲဒီလို ငြိမ်နေတာ ကြာပြီ။ ဘာပဲဖြစ်ဖြစ် ရေးနိုင်တဲ့ အခါ ရေးနော်။

မီယာ said...

နုစံ ပြန်လာတာ ၀မ်းသာတယ်... ကော်မန့်တွေ တွေ့တိုင်း သတိရတယ်။ အသစ်တွေ မျှော်နေဦးမယ်။

khin oo may said...

နုစံ …….

khin oo may said...

စကားတွေအများကြီးပြောသွားတယ်။ ကြားလား………..

khin oo may said...

ကြားရင်အကြောင်းပြန်

:P said...

ဒါပဲ

subuueain said...

အမ ပြန်လာတာ ဝမ်းသာလိုက်တာ။ အမြဲမျှော်နေပါတယ်ရှင်။
ညီမတော့အလုပ်ရှုတ်နေလို့ 
ခဏပျောက်လိုက်ဦးမယ် :))

JuneOne said...

ဘလော့ဖွင့်လိုက်တာနဲ့ 'I'm back'ဆိုတာတွေ့လို့အမြန်ပြေးလာတာ။
မျှော်နေတာ။

သက်ဝေ said...

Welcome Back...

Moe Cho Thinn said...

ဝမ်းသာလိုက်တာ..

Khaing said...

welcome back ma Nu San!!
waiting for new post. :)

ကြယ်ပြာ said...

ပြန်လာတာဝမ်းသာတယ်ဗျိုး .....

kay said...

အဲ..ပြန်လာပီ ဆိုလို့ ပြေးလာဖတ်တာ
ပြန်လာ တာ ပဲ ရှိသေးတာပဲ..ဘာမှလဲ ရေးဘူး..း)
သိပါဘူး..ဒီလောက်ကြာ အောင် ငြိမ်နေတော့..ဧကန္တ လို့.. ထင်နေတာ..