April 21, 2009

ဝါသနာ

မတန်ခူး က “၀ါသနာ”ဆိုပြီး tag ထားတာ ကြာလှပေါ့။ ရေးလက်စကလည်း တစ်ကြောင်း နှစ်ကြောင်းနဲ့ တင် ရပ်နေတာ ဆက်မရေးဖြစ်ဘူး။ အခုတလော အလုပ်တအား များပြီး စိတ်ရှုတ် လူရှုတ် စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေလို့ပါ။ မတန်ခူးရေ တကူးတက ရေးခိုင်းတဲ့အတွက် ကျေးဇူး နဲ့ နောက်ကျသွားတဲ့အတွက် sorry ပါ အမ။


ကျမ ငယ်ငယ်က အရုပ်ပုံ ကာတွန်းပုံတွေ ဆွဲတယ်။ ကျောင်းတက်နေတုန်း ဆိုတော့ ကျောင်းစာအုပ်ရဲ့ နောက်ဘက်မှာ ပုံတွေ ဆွဲထားတာ အများကြီးပဲ။ အဲဒီလိုမှ မလုပ်ရရင် တေဇတို့ မိုးသောက်ပန်းတို့က ကာတွန်းပုံတွေ ကူးဆွဲတယ်။ ကြာတော့ စာအုပ်က စာရွက်တွေ သိသိသာသာကို ပါးလာတာ၊ အမေသိတော့ ကျောင်းစာရွက်တွေ ဆုတ်ရပါ့မလား ဆိုပြီး အရိုက်ခံရတာပေါ့။ အဲဒီနောက်ပိုင်း အရိုက်ခံရမှာ ကြောက်တာရော ကျောင်းစာတွေနဲ့ လုံးလည်လိုက်နေတာရော ပုံဆွဲချင်တဲ့ စိတ်လည်း ပျောက်သွားလိုက်တာ အခုထိပဲ။


နောက်ပြီး မိန်းကလေး ပီပီ စက်ချုပ်၊ သိုးမွေးထိုး၊ တက်တင်းထိုးတွေလည်း လုပ်ဖြစ်သေးတယ်။ ၁၀ တန်းအောင်ပြီးသွားတော့ ဓမ္မစေတီလမ်းက အိမ်တွင်းမှုကျောင်းမှာ ၃ လ သင်တန်း သွားတက်ဖြစ်ခဲ့တယ်။ ပန်းထိုး၊ အင်္ကျီချုပ်တာတွေကို သင်ပေးတာပါ။ အဲဒီကျောင်းက ပြီးသွားတော့လည်း စက်ချုပ်သင်တန်း ၂ ခုလောက် အပြင်မှာ တက်ဖြစ်ခဲ့ပါသေးတယ်။ နောက်တော့ မျက်လုံးအားနည်းတာကြောင့် ဘာမှ ဆက်မလုပ်ဖြစ်တော့တာ အခုထိပဲ။ သိုးမွေးထိုးတာကိုတော့ အခုထိလည်း လုပ်ချင်ပါသေးတယ်။ အချိန်တွေပိုနေမယ့် အခြေအနေမျိုးဆိုရင် ပြန်လုပ်ရင် လုပ်ဖြစ်မယ် ထင်ပါရဲ့။


စာရေးတာနဲ့ ပတ်သက်ပြီးတော့ ပထမဆုံးများ ဆိုတဲ့ ပို့စ်မှာလည်း ရေးဖူးတယ်လေ။ စာ စ ရေးဖူးတာ ရုပ်ရှင်မင်းသား လွင်မိုးကို ဝေဖန်တဲ့ စာ ပဲ ရေးဖူးတာ။ ကျန်တာ ဘာမှ မရေးဖူးဘူး။ အခု Blog တွေ ပေါ်လာတော့ ကိုယ်ရေးချင်တာလေးတွေ ရေးလို့ရ ဖော်ထုတ်ခွင့်ရတာမို့ Blogspot ကြီးကိုတောင် ကျေးဇူးတင်ရဦးမယ်။ စာကတော့ အားရင် အားသလို ဖတ်ဖြစ်တယ်။ စာရေးရတာက အချိန်ပေးရပြီး စာဖတ်တာကတော့ သိပ်အချိန်ပေးစရာ မလိုဘူး။ တခုခုကို စောင့်နေရမယ်ဆိုလည်း စာဖတ်နေလိုက်တာပဲ။ ရုံးမှာ ထမင်းစားရင်းလည်း ဖတ်တာပဲ။ ညဘက် အိပ်ယာ မ၀င်ခင်လည်း ဖတ်ဖြစ်တာပဲ။ ရုံးပိတ်ရက် ဘယ်မှ သွားစရာ မရှိလည်း ကွန်ပျူတာ ရှေ့ချပြီး စာထိုင်ဖတ်နေတာပဲ။ နည်းပညာ စာပေ တော့ သိပ်မဖတ်ဖြစ်ဘူး။ လောလောဆယ် အများဆုံး ဖတ်ဖြစ်တာက မြန်မာ Blog နဲ့ သတင်း website တွေပဲ အဖတ်များတယ်။ ပြီးတော့ ဂျပန် Blog ၂ ခု ၃ ခုလောက်ကို ဘာသာပြန်ပြီး ဖတ်ဖြစ်တယ်။ တခြား ဂျပန်လိုရေးထားတဲ့ အထဲက ကိုယ်ဖတ်ချင်တဲ့ အကြောင်းလေးဆိုလည်း Print ထုတ်ပြီး ဖတ်လိုက်တာပါပဲ။ ပုံသေတော့ မရှိပါဘူး။


အရင်တုန်းက မလုပ်ဖြစ်ခဲ့တာက ပန်းအလှပြင်တာပါ။ မြန်မာပြည်မှာတုန်းက ပန်းအလှပြင်တာကို အရမ်းသင်ချင်ခဲ့ပါတယ်။ သင်တန်းတက်မယ်လို့လည်း အကြိမ်ကြိမ် စိတ်ကူးဖူးတယ်။ သင်တန်းတွေလည်း စုံစမ်းခဲ့ဖူးတယ်။ အခြေအနေ မတိုက်ဆိုင်လို့ ဘာသင်တန်းမှ မတက်ဖြစ်ခဲ့ပါဘူး။ အခု ဒီရောက်တော့မှ ရုံးက ပန်းအလှပြင်တာ ၀ါသနာပါတဲ့ သူတွေ စုပြီး Flower Arrangement club ထောင်ထားလို့သာ ပန်းအလှပြင်တာကို လုပ်ခွင့်ရတာ။ ဒီမှာလည်း ပန်းအလှပြင်တာနဲ့ ပတ်သတ်ပြီး Professional သင်တန်းတွေတော့ ရှိပါတယ်။ ဒါပေမယ့် ဈေးကြီးတာကြောင့်ရော ဘာသာစကား အခက်အခဲလည်း ရှိသေးတာဆိုတော့ သီးခြား သင်တန်းအနေနဲ့ တက်ဖြစ်မယ် မထင်ဘူး။


အချက်အပြုတ်နဲ့ ပတ်သက်ပြီး အသစ်အဆန်း ချက်ကြည့် စမ်းသပ်လုပ်ကြည့်ရတာကို ပျော်တယ်။ အများကြီးလည်း မစမ်းသပ်ဖြစ်ပါဘူး။ Blog တွေ လိုက်ဖတ်ကြည့်ပြီး ဟင်းချက်နည်း အသစ်တွေ့ရင် စမ်းချက်ကြည့်လိုက်တာပဲ။ ကောင်းတာလည်း ရှိ၊ ပျက်တာလည်း ရှိ၊ လွှင့်ပစ်ရတာလည်း ရှိပေါ့။ ဟိုတလောကတောင် တိုဖူး စမ်း ကျိုကြည့်လိုက်သေးတယ်။ မအောင်မြင်သေးဘူး။ အရင် မြန်မာပြည်မှာတုန်းက စားချင်တာ အလွယ်တကူ ၀ယ်စားလို့ရပေမယ့် မြန်မာပြည် ပြင်ပ ရောက်နေတော့လည်း ချက်ပြုတ်တာက အလိုလို ၀ါသနာ ပါလာရတော့တာပဲ။ မပါလည်း အငတ်မှ မနေနိုင်တာကိုး။ အခုဆို မြန်မာ ဟင်းချက် Blog တွေ များလာလို့ ဟင်းချက်ရတာ ပိုတောင် ပျော်ဖို့ကောင်းလာသေးတယ်။


“၀ါသနာ” ဆိုတာ အားလပ်ချိန်မှာ ကိုယ်လုပ်ချင်တာလေးတွေ လုပ်ရင်း စိတ် နဲ့ ကိုယ် ကို အပန်းဖြေခြင်းပဲ လို့ လက်ခံထားတယ်။ အပေါ်မှာ ရေးထားခဲ့တာတွေက ကျမရဲ့ အားလပ်ချိန်မှာ လုပ်ချင်တာတွေ၊ လုပ်ဖြစ်ခဲ့တာတွေနဲ့ လုပ်နေဆဲအကြောင်းတွေပါ။ ဒါကြောင့် ကျမရဲ့ ၀ါသနာတွေလို့ ပြောလို့ရတာပေါ့။ ဘာမှ မလုပ်ချင်တဲ့ အချိန်ကြတော့လည်း အိပ်နေလိုက်တာပါပဲ။ အဓိကတော့ စိတ် နဲ့ ကိုယ် ကို အပန်းပြေဖို့ပဲ မဟုတ်လား။


စာကြွင်း။
Blog ကို လာလည်ကျတဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ပါတယ်။ မြန်မာပြည်ကို အလည်ပြန်ဦးမယ်။ ၃ ပတ်ကျော်လောက်တော့ နေဖြစ်လိမ့်မယ်။ မြန်မာပြည်ကနေ Blog ကို update လုပ်နိုင်မယ် မထင်ဘူး။ ဒါကြောင့် လေဆိပ် မဆင်းခင်လေး ကမန်းကတမ်း နှုတ်ဆက်ပြီး အသိပေးရတာ။ တော်ကြာနေ လေဆိပ်သွားတော့မှာ။ နောက်လမှ ပြန်တွေ့မယ်နော်။

အားလုံးပဲ တာ့တာ..



ဧပြီ ၂၁၊ ၂၀၀၉။

32 comments:

WWKM said...

အယ်.. မနုစံ ပြန်သွားတယ်လားးး
တာ့တာ ပါ မနုစံရေ.. မုန့်ဝယ်လာခဲ့နော်..း)
ဝါသနာလေးတွေ ဖတ်သွားပါတယ်..
ကျန်းမာပျော်ရွှင်ပါစေ.

JuneOne said...

့have a nice trip!

PAUK said...

ဟယ်...
တကယ်သွားတော့တာပေါ့..
လိုက်ချင်လိုက်တာ..

khaingzm said...

အမရေ.. စလုံးကို ၀င်လည်ပါလား.
ပြောသာပြောရ လေဆိပ်ကို သွားပြီလားတောင် တိဘူး..

Moe Cho Thinn said...

နုရေ
တို့လဲ ၀ါသနာလေးတွေ ပေါ်လိုက် ပျောက်လိုက်နဲ့ ဒီလိုပဲ လိမ့်တုန်းပဲ။ နုက မိန်းကလေးပီပီသသလေး ဖြစ်ပုံရတယ်။ ကိုယ့်မှာ ညီမလေး တယောက်လောက် ရှိရင်တော့ နုလိုပုံမျိုး နူးနူးညံ့ညံ့ ပန်းအလှထိုး၊ စက်ချုပ်တော်၊ ဟင်းချက်ကောင်း၊ စာရေးတတ်လေး လိုချင်ပါ့။ ကိုယ်မဖြစ်နိုင် မကျွမ်းကျင်တဲ့ ပညာတွေနဲ့ ကိုယ်ပွားလေးမျိုးပေါ့။ :)
မြန်မာပြည် အပြန်ကို ကိုယ့်စိတ်ကလေး တခြမ်း အဖော်ထည့်ပေးလိုက်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နေခဲ့ပါ။ အတွေ့အကြုံလဲ ရေးပါနော်။

မီယာ said...

ပြန်လာမှ တွေ့မယ်နော် နုစံ

Nu Thwe said...

ပျော်ခဲ့နော် နုရေး)

Anonymous said...

မုန့်ဝယ်ခဲ့နော်။
mm

မဇနိ said...

အမနုစံ မဇနိတို့ကတော့ ဘလော့ဂ်လေးမှာ အလည်လာလို့။ အမကတော့ ပျော်နေလောက်ပြီ။ မြန်မာပြည်အပြန်ကို မဇနိစိတ်လေးရော တခြမ်းထည့်ပေးလိုက်တယ်။ အမဝါသနာတွေက မိန်းကလေးပီသတယ်။ အကုန်မသိတာ မတတ်တာ မရှိတော့ဘူး။ အဲဒါကောင်းတယ် အမရေ ကိုယ်လုပ်ချင်တဲ့အချိန် ထအသုံးချလို့ရတာပေါ့နော်။

ZT said...

ပျော်စရာကောင်းတဲ့ ခရီးစဉ် ဖြစ်ပါစေ။

မြရွက်ဝေ said...

မျှော်နေမယ် အမရေ ..... :)

တန်ခူး said...

အရမ်းချစ်ဖို့ ကောင်းတဲ့ညီမလေးရေ… မပြန်ခင်ကဗျာကရာလေး ရေးပေးသွားတာကိုက ဖတ်လို့ အတော်ကောင်းနေတယ်နုရေ… ၀ါသနာလေးတွေက မိန်းခလေးပီပီသသ လေးတွေမို့  ဗျို့ … နုအမျိုးသားလေးရေ… ခင်ဗျားသိပ်ကံကောင်းတယ်… လို့  လာပြောလိုက်ချင်တယ်… ကာတွန်းလေးတွေ ပြန်ဆွဲကြည့်ပါလား နုရေ… အမလဲ နုလိုပဲ သိုးမွှေးကို ပြန်ထိုးချင်တယ်… ခုတောင် အပေါ်အကျီင်္အတိုလေး တထည်ထိုးမယ် စဉ်းစားနေတာ… နုရေ… ပျော်ရွှင်ချမ်းမြေ့ဖွယ်ခရီးလေးဖြစ်ပါစေလို့ … ပြန်လာရင် မုန့် တွေ အများကြီးဝယ်ခဲ့နော်… လွမ်းနေမယ်…

subuueain said...

ပျော်ရွှင်ပါစေ မမရေ

ကြယ်ပြာ said...

မနုရေ ... ခုရန်ကုန်ရောက်နေပြီပေါ့ .. .ပျော်စရာကြီးနော် ... အစ်မ ဆိုဒ်ကို ဒီနေ့မှပဲ ရောက်ဖြစ်တယ် ... ရန်ကုန်မှာ မုန့်တွေအများကြီးစားလာခဲ့နော် အစ်မ ... အစ်မ ပို့စ်လေးဖတ်လို့ ကောင်းတယ် .... ဆရာရော အစ်မရော ပြန်တာလားဟင် ....

ThinkingHoney said...

အမရေ...
အများကြီးရေးခဲ့ပြီး ပြန်လာမှတင်ပေါ့
ပျော်စရာခရီးလေးဖြစ်ပါစေ

Moe Cho Thinn said...

၂ပတ်ရှိပြီ။ ၃ပတ်ကျော်ကြာမှာဆိုတော့ ပြန်မလာသေးဘူးပဲ။ ခေါင်းငိုက်စိုက်နဲ့ ပြန်သွားပါပြီ။

Moe Cho Thinn said...

၂ပတ်ရှိပြီ။ ၃ပတ်ကျော်ကြာမှာဆိုတော့ ပြန်မလာသေးဘူးပဲ။ ခေါင်းငိုက်စိုက်နဲ့ ပြန်သွားပါပြီ။

ThuHninSee said...

ဒီနေ့ဆို ၃ပတ်နဲ့တစ်ရက်ရှိပြီ..ပြန်လာတော့။
ခေါင်းငိုက်စိုက်နဲ့အပြန်..လမ်းမှာတွေ့တဲ့ ကျောက်ခဲကို
ခြေထောက်နဲ့ကန်ပစ်လိုက်တယ်။
(နှောင်းတမြေ့မြေ့ထဲက သုမောင်စတိုင်လ်နဲ့)

ThuHninSee said...

တို့တွေကို သူမေ့သွားပါပြီး(

PAUK said...

နုရေ..
ပြန်မလာသေးဘူးးလားဟေ့..
တစ်လရှိသွားပြီ.

JuneOne said...

ပြန်ရောက်ပြီလားမနုစံ။

သက်ဝေ said...

နုရေ...
လွမ်းနေတာ...
ပြန်ရောက်ပြီဆို... ပျော်ခဲ့တယ်ဟုတ်...
နဲနဲနားပြီး စာတွေပြန်ရေးတော့လေ နော်...

khin oo may said...

တောင်ငူပဲ ရောက်ဖြစ်တယ်

အသာလေးငြိမ်မနေနဲ့ စောင့်နေတယ။် တောင်ငူဆိုလဲတောင်ငုပေါ့။

ရေးတတ်ရင် ရွေချည်းဘဲ။

Moe Cho Thinn said...

နုရေ စ တော့လေ။
မျှော်နေတယ်။

nyimuyar said...

Ma Nu, we are still waiting your post, especially from motherland experience.

subuueain said...

မုန့် ဝယ်ခဲ့ ပါနော်

PAUK said...

နုရေ...
ဘာတွေရှုပ်နေတာလဲ..
မတွေ့တာကြာပြီ..

ကမာနီလာ said...

အမနုစံ အမရေးတဲ့စာတွေ ဖတ်ချင်တယ်၊ ပြန်ေ၇ာက် နေရင် စာရေးတော့လေ။

MrDBA said...

မအားသေးဘူးလား အမ။

subuueain said...

မမနုစံ အလုပ်တွေရှုတ်နေလား။

သက်ဝေ said...

ရေးပါတော့ဗျိုးးးးးးးးးးးးးးးးး
မျှော်နေတယ်ကွာ...
တကြောင်း နှစ်ကြောင်း ဖြစ်ဖြစ်၊ ဘာလေးပဲ ဖြစ်ဖြစ် ပြန်ရေးတော့ နော်...

Anonymous said...

အမနုစံ လာလည်သွားတာကျေးဇူးပါ၊ co.ccကဒုက္ခပေးသွားတော့ အိမ်ဟောင်းကိုဘဲ ပြန်ရောက်နေဖြစ်တာ။ စာပြန်မရေးသေးဘူးလား၊ အမရေးတာလေးတွေ ဖတ်လို့အရမ်းကောင်းတာမို့ အားရင်(အားတဲ့အချိန်)လေးတွေ ရေးပေးပါအုံး၊ အစစ အဆင်ပြေချမ်းမြေ့ပါစေနော်။