March 24, 2009

Flower Arrangement - Mar 19, 2009

အခုလ ၁၉ ရက်နေ့တုန်းက ရုံးမှာ ပန်းအလှပြင်ပွဲ တစ်ခါ ထပ်လုပ်ပါတယ်။ ရုံးအနေနဲ့ဆို ၂၉ ကြိမ်မြောက် ဖြစ်ပြီး ၂၀၀၉ ခုနှစ်အတွက် ပထမဆုံး ပန်း အလှပြင်တာလို့လည်း ပြောလို့ရတာပေါ့။ ဒီတစ်ခေါက် ပန်းအိုးထိုးတာက Easter အတွက် ရည်ရွယ်ပြီး ပန်းပြင်ကြတာ။ ပါဝင်တဲ့ ပန်းတွေက ပုံမှာ ပြထားသလိုပါပဲ။ အင်္ဂလိပ်လို ပန်းနာမည်တွေမို့ မြန်မာလို ဘယ်လို ခေါ်မှန်းလည်း မသိပါဘူး။ အခုတစ်ခါ ပန်းပြင်တာက အ၀ါရောင်ပန်းတွေကို အဓိက ထားပြီး ဘေးကနေ သစ်ရွက် အစိမ်းတွေကို ရံပြီး ထိုးရတာ။

Ranunculus - ラナンキュラス
Sweet Pea -スイートピー
Pittosporum tenuifolium - ピットスポルム
Marigold - マリーゴールド
Marguerite -マーガレット
Nigella - ニゲラ
Spiraea cantoniensis -コデマリ
ငှက်ရုပ် - 鳥ピック


ပန်းပြင်ဖို့အတွက် ပါဝင်တဲ့ ပန်းနဲ့ ပစ္စည်းတွေပါ။

စစချင်း ရေစိမ်ထားတဲ့ အိုအေစစ် ဖော့တုံးကို ပန်းအိုးအလယ်မှာ ထည့်ပါတယ်။ နောက်ပြီး အပေါ်ကနေ ငှက်သိုက်ပုံစံဖြစ်အောင် အုန်းဆံမျှင်လို အမျှင်ဖြူဖြူလေးတွေ တင်ထားလိုက်တယ်။ အဲဒီအပေါ်မှာမှ သစ်ခက်စိမ်းတွေကို ကွေးပြီး ကိုယ်လိုသလို ပုံဖော်ယူရတာပါ။ ကျမတို့ကို သင်ပေးတဲ့ ဆရာမကတော့ သစ်ခက်တွေကို အသည်းပုံလေး ဖြစ်အောင် ပုံဖော်ယူတယ်။ ကျမကတော့ အ၀ိုင်းကွင်းလေး ၃ ခုကို ဆက်နေတဲ့ပုံစံ လုပ်ဖို့ စိတ်ကူးလိုက်ပါတယ်။ အဲဒီအတွက် အရင်ဆုံး သစ်ခက်ကို ကိုယ် လိုသလောက် ဖြတ်ယူလိုက်တယ်။ သစ်ကိုင်းအစ တဖက်ကိုတော့ ဖော့တုံးမှာ အရင် ထိုးစိုက်လိုက်ပါတယ်။ ပြီးမှ အဖျားပိုင်းကို ပြန်ကွေးယူရင်း ပြုတ်မထွက်အောင် နန်းကြိုးကို ကလစ်ပုံစံ လုပ်ပြီး ဖော့ထုံးမှာ ထိုးစိုက်လိုက်ပါတယ်။ အဲဒီလိုမျိုး အ၀ိုင်းလေး ၃ ခု ဖြစ်အောင် လုပ်ယူလိုက်တာပါ။


အဲဒီ အဆင့်ပြီးရင် အပေါ်ကနေ ပန်းတွေကို ကိုယ်ကြိုက်နှစ်သက်သလို ပြင်ယူရတာ။ ကျမ လုပ်ခဲ့တဲ့ ပန်းအိုးက အလယ်မှာ အ၀ါရောင် ပန်းတွေကို အရင် စိုက်တယ်။ ဘေးကနေ ခရမ်းရောင် Sweet Pea လို့ခေါ်တဲ့ ပန်းတွေနဲ့ ရံပြီးထိုးစိုက် ပါတယ်။ အဲဒါတွေ ပြီးပြီဆိုရင် အစိမ်း နဲ့ အဖြူစပ်ကြား သစ်ခက်ကို အခက်သေးလေးတွေ ဖြတ်ပြီး လွတ်နေတဲ့ နေရာမှာ လိုက်ဖြည့်လိုက်တာပါပဲ။ ငှက်ရုပ်လေးကိုတော့ နောက်ဆုံးမှ စိုက်လိုက်တာ။ သဘောကတော့ ငှက်သိုက်ပေါ်မှာ ငှက်ကလေး ရှိတယ်ဆိုတဲ့ ပုံစံမျိုး ပြင်ယူတာပါ။

ဒီတစ်ခါ ပန်းထိုးရတာ အောက်ဆုံးမှာ ငှက်သိုက် လုပ်ထားတဲ့ အမျှင်တွေ ရှိနေတော့ ပန်းထိုး စိုက်လိုက်ရင် ဖော့တုံးကို မထိပဲ ခဏခဏ ပြန်ပြင်ထိုးရတယ်။ အဲဒီတော့ ပန်းခက်တွေ ကျိုးတာပေါ့။ နောက်ပြီး ပန်းတွေ များတော့ လွှင့်ပစ်ရမှာလည်း နှမြောတယ်။ ပန်းတွေလည်း အကုန်လုံး ပါအောင်ဆိုပြီး တဖြည်းဖြည်းချင်း ပြင်ယူတာ နောက်ဆုံး အောက်က ပန်းအိုးလေး ရလာတာပါပဲ။


ဒီပန်းအိုးက ကျမ ပြင်ထားတာပါ။


ဒီပန်းအိုးကတော့ ဆရာမ ပြင်ပေးထားတာ။

မတ်လ ၂၄၊ ၂၀၀၉။

25 comments:

Anonymous said...

အစ်မ...ဘလော့ကို စရောက်ဖူးတော့ ပန်းအိုးလေးတွေနဲ့ သတိထားမိတယ်း) ဒါနဲ့ အစ်မ ပန်းအလကားပြင်ပေးမယ်ဆိုတာလေ တစ်ယောက်တော့ နီးပြီး ကျနော်တော့မဟုတ် ကျနော့်ဆရာ ဟီး လာဖွတာ ရိုက်ခံထိအုံးမယ် ။ ငှက်ရုပ်ကလေးလိုချင်တယ်ဗျာာ။

khin oo may said...

ိနုစံ ပြင်တာ ပိုလှတယ်။

khin oo may said...

တို့ကအရင်ရောက်တာပါ.ခံစားနေတုံး မောင်မျိုးဖြတ်စီသွားတာပါ။

ThuHninSee said...

နှစ်မျိုးလုံးလှပါတယ်။ နုစံထိုးတာတော့ အရောင်ပိုလှတယ်။
နွေဦးနဲ့ ပန်းအ၀ါဖျော့လေးလိုက်မှလိုက်။ အိမ်ဘေးမှာ daffodilလေးတွေ
ပွင့်နေတယ်။ အ၀ါဖျော့လေးတွေပဲ။ ရေလဲမလောင်း၊ ဘာမှလဲမလုပ်ပေးရပဲ သူ့ဟာသူပွင့်နေတာ။

Anonymous said...

လှလိုက်တာမမရယ်

ပုံရိပ် / Pon Yate said...

မနုစံက တော်လိုက်တာ။ ပန်းအိုးလေးက ချစ်စရာလေး။ ငှက်ကလေးထည့်ထားတာကို သဘောကျမိတယ်။

မြရွက်ဝေ said...

ဂျစ်ချာလေး ဂျစ်ချာလေး သာမီးဖို့လည်း တအိုးလုပ်ပေးပါ။ :P
နွေဦးမို့ အဝါရောင်ပန်း သုံးတာထင်တယ်နော်။ အိမ်နားက ပန်းခြံမှာလည်း ဘာပန်းလည်းတော့သိဘူး ဝါဝါလေးတွေ ပွင့်နေတာ အများကြီးဘဲ။

တန်ခူး said...

နုရေ… လှလိုက်တာ… အ၀ါနဲ့ အစိမ်းတွဲဖက်ထားတာ စိတ်ကိုကြည်သွားတာပဲ… သစ်ရွက်လေးတွေကို အ၀ိုင်းလေးတွေလို ကွေးတဲ့ နုစိတ်ကူးလေးက ဆန်းပြီး လှတယ်… နုက တဆင့်ချင်းပြထားပေမယ့် လိုက်ထိုးရင် တူမှာ မဟုတ်တာသေချာတယ်… talent လေ…နုက သိပ် talent ရှိတာပဲ.. အားကျလိုက်တာ…

JuneOne said...

အပေါ်ကလူတွေပြောတာထောက်ခံတယ်။မနုစံ ပန်းအိုးလေးကပိုလှတယ်။

Anonymous said...

အမနုစံပန်းအိုးလေးက အရောင်ရော ပိုလှတယ်။ ညကတည်းက ကိုဇနိက ပြောနေတာ။ ညီမက အိပ်နေပီ။ အမ ပန်းအိုးတွေ ပြင်ထားတယ်တဲ့။ ညီမရော ပြင်တတ်လားတဲ့။ ဟင့်အင်းလို့။ နောက်တခါ သင်ခိုင်းနေရင်တော့ အမနုစံဆီ လာသင်မယ်နော်။

Nu Thwe said...

လှလိုက်တာ နုရေ။ ကျေးဇူး။
Banner က ချယ်ရီတွေကလည်း အဆုပ်လိုက် အဆုပ်လိုက် အားရပါးရ လှနေလိုက်ကြတာနော်။ နွေဦး ရောက်ပြီကိုးလေ။

Anonymous said...

အမနုစံရေ
ပန်းအိုးထိုးတဲ့ ပညာဆိုတာ ဂျပန်အမျိုးသမီးတွေတိုင်းတောင် မတတ်ကြတာအမှန်ဘဲ၊ အမ ထိုးတာလေးကလှတယ်၊ ပန်းအကြောင်း သိပ်တော့နားမလည်ပေမယ့် ဂျပန်က ပန်းထိုးခြင်းအနုပညာ ယဉ်ကျေးမူဟာ ရှေးအကျဆုံးနဲ့ ယခုအချိန်အထိ ခေတ်စားနေဆဲမို့ အမထိုးထားတာလေးတွေ့လို့ ဂုဏ်ယူဝမ်းသာမိပါတယ်၊ နောက်အကျဆုံးမှ ရောက်လာတာ ခွင့်လွတ်ပါ၊ အိမ်ပြောင်းဖို့အတွက်အလုပ်ရှုပ်နေတာရော ၊ တခြားကိစ္စလေးတွေနဲ့ ဗာဟိရများနေလို့ပါ အမ၊

ကြယ်ပြာ said...

အစ်မရေ ... အစ်မပြင်ထားတဲ့ အိုးလေးက လှလိုက်တာ ... အစ်မဘလော့လေးလာရတာ မျက်စိအရမ်းအေးတာပဲ ...

ကလိုစေးထူး said...

မနုစံ..အသစ်ထပ်ရေးပါဦး။ အလုပ်တွေရှုပ်နေတယ် ထင်တယ်။

Moe Cho Thinn said...

နုရေ
နုက အနုပညာမျက်စိ ရှိလို့ ထင်တယ်။ ပန်းအိုးလေးက ငှက်ကလေးအတွက် နေချင်စဖွယ်၊ မြင်တဲ့သူအတွက် ကြည်နူးဖွယ်။
ဆရာမထိုးတာလဲ လှပါတယ်။ ဒါပေမဲ့ သူက အသည်းပုံ ဖော်တော့ ငှက်ကလေး ၂ကောင်ဆို ပိုလိုက်ဖက်မယ် ထင်မိတယ်။
နုထိုးထားတာက သဘာဝ ပိုဆန်တယ်။ ပိုကြိုက်တယ်။

Anonymous said...

please visit

http://myanmarblogreader.blogspot.c
om/

PAUK said...

နုရေ...
မတွေ့တာကြာလို့..မအားနေတာလား..

ပုံရိပ် said...

မနုစံ ဆီဗုံးမရှိတော့ ဒီမှာပဲ လာပြောသွားတယ်။ မင်္ဂလာနှစ်သစ်ပါ။ နှစ်ဆန်းတရက်နေ့မှာ ပုန်းမနေပါဘူး :)

ဇနိ said...

အမနုစံရေ - မင်္ဂလာနှစ်သစ်ပါ.. ပျော်ရွှင်ပါစေ
း)
ဒီမှာလာပြီး လူကြီး ၂ ယောက်ကို ဂါရဝပြုသွားပါတယ်
ကိုနိ မနိ

သက်ဝေ said...

ညီမလေးရေ...
နှစ်သစ်မှာ ပန်းကလေးတွေလို အမြဲတမ်း လှပမွှေးပျံ့ပြီး ကိုယ်၏ကျန်းမာခြင်း စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုတောင်းပါတယ်...။
(နဲနဲတောင် နောက်ကျနေပြီ... အဟဲ...)

JuneOne said...

နှစ်သစ်မှာပျော်ရွှင်ပါစေ။စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာပါစေ။
မိသားစုလူဦးရေလည်းတိုးပါစေ။

တန်ခူး said...

ညီမလေးရေ… နှစ်ဟောင်းက အကြွေးလဲချေဘူး… စတာပါနုရေ…
စိတ်ချမ်းသာကိုယ်ကျန်းမာသော ပျော်ရွှင်ချမ်းမြေ့သောနှစ်သစ်ဖြစ်ပါစေလို့ …

T T Sweet said...

သူငယ်ချင်းတွေက ညီမလေးဆိုတော့ ကိုယ်ကလဲ ညီမလေးပဲပေါ့။ ညီမလေးနုစံ အစ်မဘလော့မှာ ရေးသွားတဲ့ ကွန့်မန့်ကို ဖတ်ပြီး ပြုံးမိတယ်။ ဘ၀တူတွေကိုး။
ပန်းအိုးပြင်တာ အရမ်းလှတယ်။ လာအားပေးသွားပါတယ်။

Nyi Nyi Myanmar said...

လာလည်သွားပါတယ်ခင်ဗျာ

ရွှန်းမီ said...

ငှက်ရုပ်ကလေး လိုချင်လိုက်တာ . .