August 13, 2007

ထူးအိမ်သင် အမှတ်တရ

မနက်ဖန် သြဂုတ်လ ၁၄ ရက်။ ဒါဆိုရင် ထူးအိမ်သင် ဆုံးတာ ၃ နှစ်ပြည့်ပြီ။ အခုထိကို သူ့သီချင်းတွေက ရင်ထဲမှာစွဲကျန်နေတုန်း၊ သူကတော့ လူ့လောကမှာ မရှိတော့ပြီ။ တကယ့်ကို လေးစားစရာကောင်းတဲ့ အဆိုတော်တယောက်၊ အနုပညာ ဗီဇပါလာသူမို့ သူ့ ဂီတ၊ သူ့သီချင်း ၊ သူ့အနုပညာက တစ်ခေတ်မှာ တစ်ယောက် ဟု ဆိုနိုင်လောက်ပေသည်။

ကျွန်မ သီချင်းစပြီး နားထောင်တတ်ခါစက ”နာရီပေါ်မှ မျက်ရည်စက်များ” အခွေ ဖြင့် ဂီတလောကထဲ ၀င်ရောက်လာခဲ့သည်။ အဲသည့်နောက် အောင်မြင်မှုခြေလှမ်းတွေကို ဖြေးဖြေးမှန်မှန် လှမ်းရင်း ပရိသတ်ရဲ့ ချစ်ခင်နှစ်သက်ခြင်းခံရသူ၊ လေးစားခြင်းခံရသူ။ ငွေကြေးနောက်မလိုက်ပဲ အနုပညာ သက်သက်ကိုသာ ပရိသတ်အတွက် ပေးချင်သူ။ ဒါကြောင့်လည်း သူ့သီချင်းတွေမှန်သမျှ စွဲလန်းနှစ်ခြိုက်ခဲ့ရသည်မှာ သူနောက်ဆုံးသီဆိုခဲ့သော ”ချစ်ခြင်းအားဖြင့်” အခွေထိပါပဲ။

မှတ်မှတ်ရရ သူဆုံးတော့ အင်တာနက်စာမျက်နှာများတွင် သူ့သီချင်းများအား ပြန်ဆိုတေးမလုပ်ဖို့ ပရိသတ်များက အပြင်းအထန်ကန့်ကွက်ခဲ့ကြသည်။ သူ့သီချင်းတွေကို သူ့မူပိုင်အဖြစ်သာ ရှိစေချင်ကြသည်။ သူ့မူ သူ့ဟန်အတိုင်း ဆိုထားသော သီချင်းများကို စီးပွားရေးသက်သက်မျှဖြင့် ပြန်လည် အသုံးမပြုစေချင်သည်မှာ ထူးအိမ်သင်အပေါ်ထားရှိသော ပရိသတ်များ၏ ဆန္ဒပင်ဖြစ်သည်။

ထူးအိမ်သင် ခေါ် ကိုငှက်ကြီး ကောင်းရာ ဘုံဘ၀ ရောက်ပါစေလို့ဆန္ဒပြုရင်း.....

သြဂုတ် ၁၄၊ ၂၀၀၇။

No comments: