August 14, 2007

Obon Festival



ဂျပန်မှာ အခုရက်ပိုင်းက Obon Festival ဆိုတော့ ကျောင်းတွေ ရုံးတွေ တော်တော်များများပိတ်ကြတယ်။ မြန်မာပြည်က သီတင်းကျွတ်ပွဲတော်လိုပါပဲ။ ဒီပိတ်ရက်မှာ အကြောင်းအမျိုးမျိုးကြောင့် ခွဲနေရတဲ့ သားသမီးတွေက မိဘအိမ်၊ ကိုယ့်မွေးရပ်မြေကို ပြန်လေ့ရှိကြတယ်။ အိမ်ထောင်သည် အမျိုးသမီးဆိုရင်လည်း အမျိုးသားဘက်က အမိအဖ ဆီကို လိုက်လည်ရတယ်။ တကယ်လို့ ယောင်္ကျားဘက်က မိဘတွေက မရှိတော့ဘူးဆိုရင် သူတို့ကို မြုပ်နှံတဲ့နေရာ ဂူသင်္ချိုင်းမှာ ဖယောင်းတိုင်၊ အမွှေးတိုင်ထွန်းပြီး သွားရောက်ပူဇော် ကန်တော့ရတယ်။

Obon Festival အတွက် မီးထွန်းပွဲတော်ကို Nara မှာ နှစ်တိုင်းကျင်းပလေ့ရှိတယ်။ ဒီနှစ်အတွက် ပွဲတော်ရက်က သြဂုတ် ၅ ရက်နေ့ကနေ ၁၄ ရက်နေ့အထိပါ။ ပွဲတော်ရက်ဆိုရင် အားလုံးက Nara ကို သွားကြပြီး မီးထွန်းပွဲမှာ လျှောက်လည်ကြပါတယ်။ Nara Park ကတော့ တော်တော်လည်း ကျယ်တယ်။ ပြီးတော့ လမ်းတောက်လျှောက်မှာလည်း ဆီမီးခွက်တွေ အပြည့်ထွန်းထားကြတယ်။ ကျွန်မတို့ Nara ရောက်တော့ ညနေ ၄ နာရီဆိုတော့ မီးမထွန်းသေးပါဘူး။ ည ၇ နာရီလောက်မှ မီးစထွန်းပြီး မီးထွန်းထားတဲ့နေရာတော်တော်များများကို Photo Club က လူတွေက ဓာတ်ပုံနဲ့မှတ်တမ်းတင်ထားကြပါတယ်။

ထူးခြားတာကတော့ Nara ပန်းခြံထဲမှာ သမင်တွေက ဒီအတိုင်းလူကြားထဲ လျှောက်သွားနေကြတာ။ သူတို့ကလည်း လူကို မကြောက်သလို လူတွေကလည်း သူတို့ကို ကိုင်ပြီး ဓာတ်ပုံရိုက်လိုက် အစာကျွေးလိုက်ပါပဲ။ ဓာတ်ပုံတွေက များလို့ virtual tour လုပ်ပြီးသားကိုပဲ တင်ပေးလိုက်ပါတယ်။

* Obon Festival အကြောင်းကို wiki မှာ ရှင်းပြပေးထားတာက ပိုပြည့်စုံပါတယ်။

သြဂုတ် ၁၂၊ ၂၀၀၇။

No comments: