October 25, 2007

အရှင် ရဝေနွယ်(အင်းမ) website

ဒီနေ့တော့ ရုံးမှာ အချိန်နည်းနည်းရတာနဲ့ အင်တာနက်ထဲ လျှောက်သွားတုန်း ကံအားလျော်စွာပဲ အရှင် ရဝေနွယ် (အင်းမ) ရဲ့ ၀က်ဆိုဒ်ကို တွေ့ခဲ့ပါတယ်။ စာရေးသူ ရဲ့ BIOGRAPHY နဲ့အတူ ထုတ်ဝေပြီးသား စာအုပ်တွေကိုလည်း online ဖတ်လို့ရမှာဖြစ်ပါတယ်။ အရှင်ရဝေနွယ် (အင်းမ) ရဲ့ စာဖတ် ပရိတ်သတ်တွေနဲ့အတူ ဗုဒ္ဓဘာသာဝင်တိုင်း ကြိုက်နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ထုတ်ဝေထားပြီးသား ထဲက ဖတ်လို့ရမယ့် စာအုပ်တွေပါ ....
၁) အတွေးများနှင့် မိတ်ဖွဲ့ခြင်း
၂) မင်္ဂလာအတွေးများ
၃) မေတ္တာအတွေးများ
၎) စိတ်ဆိုးတော့မယ်ဆိုရင် ဆောင်းပါး
၅) ဘ၀တိုင်းဆုံတွေ့ချင်ပါသလား နှင့် ဘာသာရေး လမ်းညွှန် ဓမ္မစာစုများ
၆) ကုသိုလ်ဖြစ်အောင် တွေးမယ်
၇) အချစ်နဲ့ ၀ိပဿနာ
၈) ရွှေစကားတို့ရဲ့ မြစ်ဖျား
၉) သံသရာ ခရီးဖော်

ဒီ website လေးဟာ ကျမအတွက်တော့ တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာသိုက်တွေ့လိုက်ရသလိုပါပဲ။ သူငယ်ချင်းတို့လည်း အားရင် အဲဒီ website လေးဆီကို သွားဖြစ်အောင် သွားကြည့်ကြပါနော်။ website link က ဒီမှာ ပါ။

အောက်တိုဘာ ၂၆၊ ၂၀၀၇။

9 comments:

kay said...

နုစံရေ.. website ကိုသွားပါဆိုပီး link ရှာမတွေ့လို့။ မနေ့ကလည်း တိုဖူး တွေ..သရေ ကျသွားတယ်။ ခုတလော..ဟိုနောက်ဒီ နောက်..သိပ်မလုပ်ဖြစ်လို့.. ။ မကြာခင်တော့...။

thamudayanwe said...

thanks, nu nu yay,
today i call u.but u didn't reply.

Layma said...

မရေ..ဖိတ်စာပို့ချင်တာ လိပ်စာမသိလို့...။ ခုမှ လိပ်စာတွေ့ တာ...။ ကျေးဇူးပါနော်...။

စိုးထက် - Soe Htet ! said...

သွားဖြစ်အောင် သွားကြည့်လိုက် ပါတယ် ... ကျေးဇူး ... :)

pandora said...

မနုစံရေ ဝေမျှပေးတာ ကျေးဇူးပါ။ အမဆိုဒ်မှာကတော့ အမြဲ တရားဓမ္မနဲ့ အေးချမ်းနေတာပါပဲ။

Thyda said...

I noted it as a bookmark. Thanks for your link.

စိုးထက် - Soe Htet ! said...

အဆင်ပြေပါစေ ... :)

imaginary clouds no 2 said...

အရှင် ရဝေနွယ် ဆိုဒ်ကို ပေးတာ ကျေးဇူးတင်ပါတယ် ။

Thet Htar Khin said...

Thank you very much Ma Nu San for sharing the link.
Wish you all the best for 2008!