January 15, 2008

Around Kyoto - II

Kiyomizu-dera ကနေ ကျမတို့ ပြန်ထွက်လာတော့ နေ့လည် ၁ နာရီကျော်လောက်ဖြစ်နေတာနဲ့ နေ့လည်စာ စားဖို့ အနီးအနား တစ်ဝိုက်မှာ စားသောက်ဆိုင် လိုက်ရှာကြတာပေါ့။ ဖြစ်ချင်တော့ အဲဒီနေ့က ဇန်န၀ါရီလ ၁ ရက်နေ့ဆိုတော့ ဆိုင်တော်တော်များများ ပိတ်ထားတာနဲ့ ကြုံပါတယ်။ ဗိုက်ဆာဆာနဲ့ ၃ ယောက်သား စားသောက်ဆိုင်တွေ့လို တွေ့ငြား လမ်းလျှောက်လာရင်း ကားမှတ်တိုင် ၂ တိုင် ကျော်လည်းရောက်ရော နောက်ထပ် ဘုရားကျောင်းတစ်ခုကို ထပ်ရောက်ပါတယ်။ ဘုရားကျောင်းရဲ့ လမ်းတဖက်မှာလည်း ထမင်းဆိုင် ရှိတာနဲ့ အဲဒီမှာပဲနေ့လည်စာ စားဖြစ်ခဲ့တယ်။ ဘုရားကျောင်းရဲ့ နာမည်ကတော့ Sanjūsangen-dō ပါ။

Around Kyoto - II (Sanjūsangen-dō)

Sanjūsangen-dō
ဘုရားကျောင်းက
Kyoto မြို့ရဲ့အရှေ့ဘက် ၊ Hagashiyama Area မှာ တည်ရှိပါတယ်။ Kyoto Station ကနေ ဘတ်စ်ကား စီးမယ်ဆိုရင်လည်း ခဏလောက်ပဲ စီးရမှာဖြစ်ပြီး လမ်းလျှောက်ရင်တော့ ၁၅ မိနစ် လောက်ဆို ရောက်နိုင်ပါတယ်။ Kiyomizu-dera ဘက်ကို သွားတဲ့ ဘတ်စ်ကားကိုပဲ စီးရမှာဆိုတော့ ကျမတို့က Kiyomizu-dera ဘုရားကျောင်းကိုအရင်သွားပြီး အပြန်မှာမှ Sanjūsangen-dō ကို ၀င်ဖြစ်ခဲ့တာပါ။ ဘုရားကျောင်းထဲမ၀င်ခင်မှာ ၀င်ခအတွက် လက်မှတ်ဖြတ်ပြီး ဘုရားကျောင်းက ၀န်ထမ်းတွေ ကမ်းတဲ့ စာရွက်လေးမှာရေးထားတာတွေကို မူရင်းအတိုင်းပဲ ကူးယူဖော်ပြပေးလိုက်ပါတယ်။ ၀င်ကြေးကတော့ ယန်း ၆၀၀ ပါ။


ဘုရားကျောင်းဆောင်အပြင်ဘက်ကနေ ရိုက်ယူထားတဲ့ပုံပါ။

The official name of Sanjūsangen-dō is Rengeō-in temple, and the structure is registered as a National Treasure by the Japanese government. It was established by the powerful warrior-politician Taira-no-Kiyomori in 1164. The original temple building was lost in a fire, but the building was reconstructed in 1266. That structure has remained unchanged for 700 years since then with four great renovations during that period. The long temple hall, which is about 120 meters long, is made in the Wayo (Japanese) style architecture. As there are thirty-three spaces between the columns, this temple came to be called ' Sanjūsangen-dō ' (a hall with thirty-three spaces between columns). Other noteworthy objects in this temple are the roofed earthen fence and the Sought Gate, which are registered as Important Cultural Properties. They are noted in connection with Regent Toyotomi Hideyoshi and reflect the aesthetics of the 16th century.

ကျမတို့လည်း ပထမဆုံး ရောက်ဖူးတာဖြစ်တဲ့အပြင် ဒီဘုရားကျောင်းကို ၀င်ဖူးရခြင်း အဓိက အကြောင်းကတော့ ရှေးနှစ်ပေါင်းများစွာက သက်တမ်းကြာလှပြီဖြစ်တဲ့ ကျောင်းဆောင်အပြင် အတွင်းမှာ ဘုရားဆင်းတုပေါင်း ၁၀၀၁ ဆူရှိတယ်ဆိုတာကြောင့် ၀င်ဖူးဖြစ်တာပါ။



The principal images of Sanjūsangen-dō temple are the 1001 statues of the Buddhist deity. Juichimen-senju-sengen Kanzeon, which is often called by the simplified name, "Kannon". One thousand standing statues of Kannon (Important Cultural Properties) and one gigantic seated statue (National Treasure), placed at the center of the standing statues, are housed in the temple hall. The statues are made of Japanese cypress. Among the standing statues, 124 were made in the 12th century when this temple was founded, and the remaining 876 were made in the 13th century when the temple was renovated.






ဘုရားကျောင်းဆောင်အတွင်းမှာရှိတဲ့ ဆင်းတု ၁၀၀၁ ဆူနဲ့ နတ်ရုပ် ပုံတွေပါ။ ဓာတ်ပုံတွေကို ဒီနေရာ က ကူးယူဖော်ပြပါတယ်။


ဘုရားကျောင်းဆောင်ထဲကို ၀င်မယ်ဆိုရင် စီးလာတဲ့ ဖိနပ်တွေကို အပြင်မှာ အရင်ချွတ်ခဲ့ပြီး ကျောင်းဆောင်အတွင်းမှာ စီးရမဲ့ ဖိနပ်ကို လဲစီးရပါတယ်။ နောက်ပြီး ဓာတ်ပုံလည်း မရိုက်ရဘူးလို့ စာရေးထားလေတော့ ကျမတို့လည်း ပါလာတဲ့ ကင်မရာတွေကို အကုန်စုပြီး သိမ်းထားလိုက်ရတော့တာပေါ့။ ကျောင်းဆောင်ထဲမှာတော့ များပြားလှတဲ့ ဘုရားဆင်းတုတော်တွေအပြင် အရှေ့မှာရှိတဲ့ ထူးခြားတဲ့ နတ်ရုတ်တွေရဲ့ သမိုင်းရာဇ၀င်တွေကိုပါ အင်္ဂလိပ်လို ရေးထားတာကို ဖတ်ခဲ့ရပါတယ်။ ထူးခြားတဲ့ နတ်ရုပ် ၂ ရုပ် အကြောင်းကတော့ လက်ကမ်း စာရွက်ပေါ်မှာလည်း ရေးထားပါတယ်။ ကျန်တဲ့ နတ်ရုပ်တွေရဲ့ ရာဇ၀င်ကိုတော့ စာရွက်ထဲမှာ တိတိကျကျ မရေးပြထားတာမို့ ကျမလည်း ဘုရားကျောင်းဆောင်ထဲမှာ ဖတ်ယုံတင်ပဲ ဖတ်ခဲ့ပြီး အခုချိန်မှာတော့ ခေါင်းထဲမှာ ဘာမှ မကျန်နေတော့ပါဘူး။ ထူးခြားတဲ့ နတ်ရုပ် ၂ ရုပ်ကတော့ လေနတ်သားနဲ့ မိုးနတ်သား ပါပဲ။



The powerful and dynamic statues of the Thunder God and Wind God are placed at either side of the temple hall on raised pedestals of cloud shape. The images of these gods derived from people's fear of and gratitude for nature in the old days. People worshipped them as deities who controlled rain and wind, and brought about good harvests. These statues are representative masterpiece sculptures of the Kamakura period (12th - 14th centuries).

လေနတ်သားနဲ့ မိုးနတ်သား ရုပ်တုတွေအပါအ၀င် တခြားလက်ရာမြောက်လှတဲ့ နတ်ရုပ်တွေနဲ့ အားလုံးပေါင်း ရုပ်တု ၂၈ ခုရှိပါတယ်။

The twenty-eight images placed in a straight line in front of the 1001 Kannon statues are guardian deities which protect the Buddhist deity Kannon as well as pious Buddhists who believe in Kannon. Many of these deities, whose mythic images are expressed in a vivid manner, have their origin in ancient India. Technically these statues are made in an assembled construction method. Arms and heads are carved separately, then joined together, coated with lacquer, and finished by coloring.



လေနတ်သားနဲ့ မိုးနတ်သား နတ်ရုပ်ပုံ။ ဓာတ်ပုံကို ဒီနေရာ မှ ကူးယူဖော်ပြပါသည်။


စာရွက်ထဲမှာတော့ ဘုရားကျောင်းနဲ့ ပတ်သက်ပြီး ရှင်းပြထားတာကတော့ အဲဒါအကုန်ပါပဲ။ နတ်ရုပ်တွေကို ထုဆစ်ထားတဲ့ လက်ရာတွေက တကယ့်ကို အံ့မခန်းပါပဲ။ ဓာတ်ပုံရိုက်လို့ မရဘူးလို့ပြောပေမယ့် အင်တာနက်မှာရှာကြည့်တော့ ဓာတ်ပုံတွေ အများအပြားတွေ့ရပါတယ်။ ဂျပန်နိုင်ငံ Kyoto မြို့ရဲ့ နှစ်ပေါင်း ၇၀၀ ကျော်အောင် ထိန်းသိမ်းထားတဲ့ ဆင်းတု ဘုရားတွေအပြင် နတ်ရုပ်တွေရဲ့ လက်ရာကိုပါ ကြည့်လို့ရအောင် ကျမ blog မှာ ဖော်ပြပေးလိုက်ပါတယ်။ အသေးစိတ် သိချင်ရင် wiki နဲ့ japan guide မှာလည်း ဖတ်ကြည့်လို့ ရပါတယ်။


ဓာတ်ပုံကို ဒီနေရာ မှ ယူပါသည်။


ဘုရားကျောင်းမှာ နှစ်စဉ်နှစ်တိုင်း ဇန်န၀ါရီလဆိုရင် ပွဲတော် ၂ ခုကျင်းပတယ်လို့ wiki မှာ ဖတ်ရပါတယ်။ ဇန်န၀ါရီ ၁၅ ရက်မှာတော့ ဘုရားကျောင်း hall ရဲ့ မြောက်ဘက်အစွန်ကနေ တောင်ဘက်အစွန်အထိ မြှားပစ်ပြိုင်ပွဲ Toshi-ya Matsuri ကို ကျင်းပပါတယ်။ နောက်ထပ် ပွဲတော်ကတော့ ခေါင်းကိုက်တဲ့သူတွေအတွက် ဆေးကုပေးတာပါ။ ဘုရားကျောင်းမှာရေးထားတဲ့ စာကို ဖတ်ရတာတော့ တပတ်တိတိ ဘုရားစာရွတ်ဖတ်ပြီး ဆက်ကပ်လှူဒါန်းထားတဲ့သောက်တော်ရေကို မိုးမခပင်ရဲ့ အခက်(willow branch) နဲ့ ခေါင်းကို ပုတ်ပေးရင် ခေါင်းကိုက်ပျောက်တယ်လို့ဆိုပါတယ်။


(ကျမသိသလောက်၊ မှတ်မိသလောက် နဲ့ အင်တာနက်ထဲက အချက်အလက်တွေကို ရှာဖွေစုဆောင်းပြီး ရေးပြပေးထားတာပါ။)


ဇန်န၀ါရီ ၁၅၊ ၂၀၀၈။

8 comments:

Chit Lay Pyay said...

အမရေ ကျိုတို ခရီးစဉ် ၂ ကို လာရောက် ဖတ် ရှု သွားပတယ်။ ဓာတ်ပုံလေးတွေက ကြည်ညိုဖို့ ကောင်းတယ်နော်၊

မြရွက်ဝေ said...

ဘုရားကျောင်းက ရှေးဟောင်းလက်ရာတွေ အများကြီးဘဲနော်။ အရင်က ဂျပန်မှာ ဗုဒ္ဓ္ဓဘာသာ အတော်ထွန်းကားခဲ့မယ်ထင်တယ်။

Anonymous said...

Wow ma nu, really interesting Around Kyoto article. thanks for that. one day i will defiantly visit Japan. PL

မျှားပြာ said...

ဓါတ်ပုံလေးတွေ ကြည့်သွားတယ် အစ်မရေ မျှားပစ်ချင်တယ်။
း) အဆင်ပြေပါစေ အစ်မနုစံရေ

Anonymous said...

ဘုရားတွေက အများကြီးပဲနော်..။ အားလုံးရှေးလက်ရာလား..။
ဂျပန် နတ်ရုပ်တွေက ကြောက်စရာကြီးနော်..။
ခေါင်းကိုက် ကုပေးတယ်ဆိုတာ တအားစိတ်ဝင်စားတယ်။။။

pandora said...

အမရေ အေးအေးဆေးဆေးပြန်ဖတ်ပြီး မှတ်ထားရမယ့် ပို့စ်တွေပါ
လာလည်ချင်လိုက်တာ

Anonymous said...

အစ်မရေ့...မေ၇ာက်တာလဲကြာသွားတယ် စာတွေတော့ လာလာဖတ်ဖြစ်ပါတယ်ဗျာ ...
ဓာတ်ပုံတွေကော စာတွေ အရမ်းကိုကောင်းတယ် မရောက်ဖူးပေမယ့် တကယ်ရောက်သွားးသလိုပါပဲ...
တကယ်လဲေ၇ာက်ဖူးချင်တယ်ဗျ ဟီးဟီး ထီထိုးလိုက်အုံးးမယ် ဖူဂျီတောင် သွယးးချင်လို့ 
ပျော်ရွှင်ပါစေ ဗျာ...မျှားပစ်သွားတယ်နော်

nu-san said...

လေပြေရေ>> လာလည်တာ ကျေးဇူးပါ ညီမရေ.. :)

မြရွက်ဝေ>> ဟုတ်တယ်ညီမလေး.. ရှေးဟောင်းလက်ရာတွေ များတယ်။ အင်္ဂလိပ်လို ရှင်းပြထားလို့ အမလည်း နည်းနည်း နားလည်တာ။ :)

PL>> Thank you for your comment also. :)

မျှားပြာ>> မျှားပြာက မျှားပစ်ချင်တယ်ဆိုလို့... :P

လေးမ>> အင်း.. နတ်ရုတ်ကြီးတွေက တကယ်ကြောက်ဖို့ကောင်းတယ်သိလား.. လေးမက ခေါင်းကိုက်တတ်လို့လားဟင်..

မပန်>> မပန်လာလည်ပါလား.. အမရှိတယ်လေ.. အမ အိမ်မှာတည်းလို့ရပါတယ် မပန်ရဲ့..:)

မောင်မျိုး>> ထီအမြန်ဆုံးပေါက်ပါစေ မောင်မျိုးရေ.. မျှားပြာကလည်း မျှားပစ်ချင်တယ်.. မောင်မျိုးကလည်း မျှားပစ်ချင်တယ်ဆိုတော့ ပြိုင်ပွဲလုပ်ရင် ကောင်းမယ်နော်..:P