January 21, 2008

Around Kyoto - III

Around Kyoto - III (Kinkaku-ji)



Kyoto မှာ နောက်ထပ် နာ
မည်ကြီးတဲ့ နေရာကတော့ Kinkaku-ji (Golden Pavilion) ပါပဲ။ ကျမတို့ကတော့ အလွယ်တကူ “ရွှေကျောင်း”လို့ပဲ ခေါ်လိုက်တယ်။ Kyoto မြို့ရဲ့ မြောက်ဘက်မှာ တည်ရှိပြီး Kinkakuji Area ထဲမှာ ပါဝင်ပါတယ်။ Kyoto Station ကနေ sightseeing bus စီးမယ်ဆိုရင် ကားနံပါတ် ၁၀၁ နဲ့ ၂၀၅ စီးရမယ်လို့ ဘတ်စ်ကားလမ်းညွှန်မှာတော့ ပြထားပါတယ်။


ကျမတို့တုန်းက
Sanjūsangen-dō ဘုရားကျောင်းကနေတဆင့် ဘတ်စ်ကားစီးရမယ်ဆိုရင် မိနစ် ၄၀ ကျော်လောက် ကြာမှာဆိုတော့ ဘတ်စ်မစီးတော့ပဲ Kyoto အရှေ့ဘက်ကနေ မြောက်ဘက်ကို taxi ငှားစီးပြီး သွားခဲ့ရပါတယ်။ Taxi နဲ့တောင် မိနစ် ၃၀ လောက် အချိန်ပေးခဲ့ရပြီး ရွှေကျောင်းကို ရောက်တော့ ညနေ ၄ နာရီ ကျော်လောက်ဖြစ်နေပါပြီ။ ၀င်ကြေးက ယန်း ၄၀၀ ပေးရပါတယ်။ ဘုရားကျောင်း ပိတ်ချိန်က ညနေ ၅ နာရီဆို ပိတ်တာမို့ ရွှေကျောင်း မပိတ်ခင် အမှီ ပြေးလာခဲ့ရတာပါ။ နောက်ပြီး ဒီမှာက ၅ နာရီလောက်ဆိုရင် အတော် မှောင်နေတာမို့ သူငယ်ချင်းလည်း ရောက်တုန်းရောက်ခိုက်မှာ ရှုခင်းလည်း ကြည့်ရအောင်နဲ့ ဓာတ်ပုံရိုက်ချင်လည်း ရိုက်လို့ရအောင် ကားငှားသွားလိုက်ကြတာပါပဲ။


တကယ်လို့များ Kyoto မှာ နာမည်ကြီးနေရာတွေပဲ ရွေးလည်မယ်ဆိုရင် တနေရာနဲ့ တနေရာ taxi စီးသွားလိုက်တာ အတန်ဆုံးပါပဲ။ လိုင်းကားက ဈေးသက်သာပေမယ့် ကားစောင့်ရမယ့် အချိန်ရယ် နောက်ပြီး ကားက မှတ်တိုင်တိုင်းမှာ ရပ်မှာဆိုတော့ အချိန် အရေးကြီးရင် ကားငှားစီးပြီး လည်တာ ပိုကောင်းပါတယ်။ ကားခကလည်း အများကြီး မပေးရတော့ လူ ၄ ယောက်နဲ့ ၅ ယောက်ဆိုရင် ကားစုငှားပြီး လည်တာ ပိုကောင်းတယ်လို့လည်း website တစ်ခုမှာပြောထားပါသေးတယ်။


ဝင်ကြေးပေးပြီး အထဲကို ၀င်လိုက်တယ်ဆိုရင်ပဲ ရွှေကျောင်းဆိုတဲ့ နာမည်နဲ့လိုက်အောင် ရွှေရောင်တ၀င်းဝင်းနဲ့ ကျောင်းဆောင်ကို ကန်ရေပြင်အလည်မှာတွေ့ရပါတော့တယ်။ ကန်ရှေ့က view ကောင်းတဲ့နေရာမှာလည်း ထုံးစံအတိုင်း အားလုံးက ရွှေကျောင်းကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ချင်ကြတော့ လူရှင်းအောင် မနည်း တန်းစီစောင့်ရင်း မမှောင်ခင်မှာ ဓာတ်ပုံအရင်ဆုံး ရိုက်လိုက်ရပါသေးတယ်။ (ကိုယ့် blog မှာလည်း ဓာတ်ပုံပါချင်သေးတာကိုး.. )


ဘုရားကျောင်းက ပေးတဲ့ လက်ကမ်းစာရွက်ပေါ်မှာ ရွှေကျောင်းနဲ့ ပတ်သက်တာတွေကို အင်္ဂလိပ်လိုလည်းပါတာမို့ ကူးယူဖော်ပြပေးလိုက်ပါတယ်။

History

Kinkaku (Golden Pavilion) is a popular name for one of the main buildings of this temple, which is properly called Rokuon-ji Temple. In the 1220's it was the comfortable villa of Kintsune Saionji.

Yoshimitsu, the 3rd Shōgun of Ashikaga, abdicated the throne in 1394. After three years, he began to build Kitayamaden and he made a special effort to make it a breath-taking site. He indulged in his peaceful life in this serene setting. After Yoshimitsu's death, Kitayamaden was made into a Zen temple in accordance with his will. All the buildings of those days came to ruin expect Kinkaku. The garden, however, remains as it was in former days and can be enjoyed as it was hundreds of years ago. Rokuon-ji Temple was inscribed as World Cultural Heritage in 1994.


Building

Kinkaku was formally called Shariden. The elegant, harmonious building consists of three types of architecture. The 1st floor is Shinden-zukuri, the palace style. It is named Hō-sui-in. The 2nd floor is Buke-zukuri, the style of the samurai house and is called Chō-on-dō. The 3rd floor is Karayō style or Zen temple style. It is called Kukkyō-chō. Both the 2nd and 3rd floors are covered with gold-leaf on Japanese lacquer. The roof, upon which the Chinese phoenix settles, is thatched with shingles.

Recently, the coating of Japanese lacquer was found a little decayed and a new coating as well as gilding with gold-leaf, much thicker than the original ones, was given to the building and was completed in 1987. Furthermore, the beautiful painting on the ceiling and the statue of Yoshimitsu was restored, with utmost care, to their original splendor. Then, the restoring of its roof was performed in the spring of 2003.


Points of interest

The name of the pond is Kyōko-chi (Mirror pond). The pond contains many large and small islands. Climbing a few steps, you stand at the edge of another small pond, An-min-taku. The small stone pagoda on the island is called Hakuja-no-tsuka (the mound in memory of the white snake).

The classic tea house is called Sekka-tei. In Sekka-tei there is a celebrated pillar made of a nandin. The house was restored in 1997. On the way to the exit of the temple, you will find the small Fudōdō shrine where the stone Fudō-myōō (Acara) is enshrined as a guardian.


စာရွက်ပေါ်မှာ ရေးထားတာတွေကတော့ ဒါအကုန်ပါပဲ။ Website တချို့ကတော့ ရွှေကျောင်းအတွင်းထဲမှာရှိတဲ့ ဓာတ်ပုံတွေကို ဖော်ပြပေးထားတာတွေ့ရပါတယ်။ ရွှေကျောင်းကို အပြင်ကနေပဲကြည့်ခွင့်ရှိပြီး ကျောင်းဆောင်ထဲကိုတော့ ၀င်လို့မရပါဘူး။ ရွှေကျောင်းကို ကျမရောက်ဖူးတာ ၂ ခါရှိပေမယ့် ၂ ခါစလုံးက အရမ်းအေးတဲ့အချိန်မှာပဲ ရောက်ဖြစ်တာမို့ ရာသီဥတုက အမြဲတမ်းပဲ ညို့မှိုင်းမှိုင်းအဖြစ် မြင်ခဲ့ရတာချည်းပါပဲ။ ရောက်သွားတုန်းကတော့ စာရွက်ထဲက အကြောင်းအရာတွေလည်း သေချာ မဖတ်မိပဲ မှောင်နေပြီမို့ မြန်မြန် သွက်သွက် ပန်းခြံထဲ နှံ့အောင် လျှောက်ကြည့်ရင်း ပြန်လာခဲ့ရပါတော့တယ်။ တကယ်လို့ ဘုရားကျောင်းအတွင်းဘက်က ပုံတွေ ကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာ ကြည့်လို့ရပါတယ်။


ဇန်န၀ါရီ ၂၁၊ ၂၀၀၈။

8 comments:

မြရွက်ဝေ said...

အဲဒီ"ရွှေကျောင်း"အကြောင်းကို ကျိုတိုအကြောင်းမိတ်ဆက်အစီအစဉ်တွေ ဉာဏ်စမ်းတွေမှာ ခဏခဏတွေ့ဘူးတယ်။ အထဲတော့ ဝင်လို့ရပုံမပေါ်ဘူး။ အဝေးကဘဲ ကြည့်ရတယ်ဆို။ နောက် အဲဒီကျောင်းက မီးလောင်သွားလို့ နောက်ပိုင်းမှ ပြန်ပြုပြင်ထားတာလို့ ဉာဏ်စမ်းအစီအစဉ်မှာ ကြည့်လိုက်ရသလိုဘဲ။ ရေရေရာရာ နားမလည်တော့ အဲလိုဘဲမှတ်မိတယ်။ ဟုတ်လား အမနု-စံ??

Anonymous said...

အမရေ...ဆောင်းပါးတွေစုထားနော်...
တစ်နေ့နေ့ ကျရင်စာအုပ်တောင်ထုတ်လို့ရတယ်..

Winkabar said...

အစ်မစာတွေဖတ်ရတာ ခြေမညောင်းပဲနဲ့ တစ်ခေါက်လောက်အလည်ရောက်သွားသလိုပဲ။ အားလုံးဖတ်သွားတယ်နော်။

အစ်မဆီလည်းမရောက်တာတောင်ကြာပြီ။ အခုတလောဘယ်မှကိုသိပ်မရောက်ဖြစ်ဘူးဖြစ်နေတာ။ နေကောင်းတယ်နော်အစ်မ။

ကလိုစေးထူး said...

မနုစံရေ…
မရောက်ဖြစ်ခဲ့တဲ့ ရက်တွေ အတင်း တင်ထားတဲ့ ခရီးသွားပို့စ်လေးတွေကို လာဖတ်သွားပါတယ်။ ဗဟုသုတလဲရ၊ ကိုယ်တိုင်ရောက်သလိုလဲ ခံစားရတာမို့ ကျေးဇူးပါဗျာ။

Anonymous said...

အစ်မ စာလာဖတ်ပါတယ်....၀င်ကြေးကလဲဈေးကြီးးလိုက်တာနော် ...
ရောက်ဖူးချင်နေတာနဲ့ အစ်မတင်တဲ့ ပို့ စ်တွေကြောင့် ကျနော်တော့ ဒွတ်ခပဲဗျ

Anonymous said...

မန်းလေးမှာလည်း ရွှေကျောင်းရှိတယ်...။ အဲမှာလည်းရှိတယ်..နော်..။ မ..ရေ..ရောက်ခဲ့တဲ့ အတွေ့အကြုံအပြင် လင့်ခ်တွေ ထပ်ပေးထားတာ ကျေးဇူး..။

nu-san said...

မြရွက်ဝေ>> အရင်တုန်းက မီးလောင်သွားတယ်လို့ အမလည်း စာထဲဖတ်ဖူးတယ် ညီမရဲ့.. ဟုတ်တယ်.. အထဲဝင်လို့မရဘူး... :)

မုတ်သုန်>> အင်း.. စုထားမယ် မုတ်သုန်ရေ.. စာအုပ် ထုတ်ရင်တော့ အမရေးထားပုံမျိုးနဲ့ မွဲမယ်ထင်ပါရဲ့ဟယ်.. :D :D

ဝင်္ကဘာ>> အမလည်း ညီမလေးဆီ မကြာခဏဆိုသလို ရောက်ဖြစ်ပါတယ်။ အသစ်ရေးပါအုံး ညီမရဲ့.. အမလည်း နေကောင်းပါ့.. လာလည်တာ ကျေးဇူးနော်.. :)

ကိုစေးထူး>> ခရီးသွားပို့စ်တွေကို တကူးတက လာဖတ်ပေးတာပဲ ကျေးဇူးပြန်တင်ရပါတယ် ကိုစေးထူးရေ..

မောင်မျိုး>> လာလည်ပါလား မောင်မျိုး။ အမအိမ်မှာတည်းလေ။ မပန်ကိုလည်း အမအဲဒီအတိုင်းပဲ ခေါ်ထားသေးတယ်.. :P တနေ့တော့ ရောက်ရမှာပေါ့ မောင်မျိုးရယ် ကံဆိုတာ ရှေ့ကို ကြိုမမြင်နိုင်တာမို့ အတိအကျ ဘာမှ ပြောလို့မရပါဘူး။

လေးမ>> တနေ့နေ့တော့ လေးမပြောတဲ့ မန်းလေးက ရွှေကျောင်းကို ရောက်အောင် သွားဦးမယ်.. :)

မျှားပြာ said...

စာရေးကောင်းလိုက်တာ အစ်မရယ် မျောသွားတယ်