April 11, 2008

မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာ


photo by chanmyasoe ,from flickr
(ဓာတ်ပုံကို မုတ်သုန် blog ကနေ တိုက်ရိုက် copy ကူးယူထားပါတယ်။)


ဘာလိုလိုနဲ့ သင်္ကြန်ရောက်လာပြန်ပြီ။ ဒီနေ့မနက် စောစောစီးစီး ၀င်္ကဘာလေး က ရေလာလောင်းတယ်လေ။ “၀င်္ကဘာလေးရေ.. အစောကြီးရှိသေးတယ် ရေလိုက်လောင်းနေပြီလား။ သိပ်မဆော့နဲ့နော်။ အအေးပတ်မယ်။ :) ” ဒီမှာတော့ ရာသီဥတုက ပူတယ်လည်းမဟုတ် အေးတယ်လည်းမဟုတ်။ ဒီနေ့အပူချိန်က ၁၅၊ ၁၆ လောက်ကနေ နောက်တစ်နေ့ဆိုရင် ၂၀၊ ၂၁ လောက်ဖြစ်တာမျိုး။ ဒီကြားထဲ မိုးက ရွာချင် ရွာသေးတယ်။ ဒါကြောင့် လူလည်း နေမကောင်းဖြစ်ပြီး အိပ်ယာထဲခွေနေတာနဲ့ blog ပေါ်လည်း စာအသစ်မတင်ဖြစ်ဘူး။ ဒီနေ့မနက် မေးလ်စစ်ကြည့်တော့ သူငယ်ချင်းတွေရဲ့ မြန်မာနှစ်သစ်အတွက် ဆုတောင်းစာတွေလည်း ဖတ်လိုက်ရသေးတယ်။ သူတို့ဆီက စာတွေ ဖတ်ပြီးတော့ blog မှာ မြန်မာနှစ်သစ်ကူးအတွက် ဆုတောင်းစာလေး တင်ဦးမယ်ဆိုပြီး စိတ်ကူးရလာမိတယ်။ ဒါကြောင့်

“အားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...”
လို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါရစေ...


သင်္ကြန်အတွက် သီချင်းတွေနဲ့ ရန်ကုန်သတင်းထူးတွေကို မုတ်သုန် blog မှာလည်း ဖတ်လို့ရပါတယ်။ မုန့်လုံးရေပေါ်နဲ့ ရွှေရင်အေးကိုတော့ မမလု blog မှာပဲ သွားစားလိုက်တော့နော်.. :D


ဧပြီ ၁၂၊ ၂၀၀၈။

4 comments:

Anonymous said...

ဝေးး........အစ်မ နုစံ ကိုရေလာလောင်းတယ်ဗျ အစ်ကို့ ကိုပါလောင်းသွားတယ် ပျော်စရာကြီးး ဟားဟား ကျွေးလဲမကျွေးဘူး မုန့် လုံးရေနစ် လမ်းညွှန်လုပ်နေတယ် :P ။ အစ်မတို့ လည်း မြန်မာနှစ်သစ်မှာ ပျော်ရွှင်ကြပါစေဗျာ။

Thyda said...

Happy Myanmar New Year to you..Nu-san!!!

I got fragrance of Padauk..haaa. I miss so much for our Thingyan..

Wishing you all the best naw..from our New Year onwards.

Anonymous said...

မုန့်တွေလာပို့တယ်အစ်မရေ
မနိုင်လို့ကူသည်ပေးပါဦး
လမ်းမှာတွေ့တဲ့မဏ္ဍပ်ကအကုန်ယူလာတာ

သက်ဝေ said...

ပျော်ရွှင်ဖွယ်ရာ မြန်မာနှစ်သစ် ဖြစ်ပါစေ။