May 8, 2008

A Rescue Fund for Myanmar Cyclone Victims (Japan)

မြန်မာပြည်က လေဘေးဒုက္ခသည်တွေအတွက် ကူညီအားပေးဖို့ဆိုတာ ပြည်ပရောက်နေသူတွေအဖို့ ငွေကြေး ကူညီမှုလေး တစ်ခုလောက်ပဲ လုပ်နိုင်ပါတယ်။ ဒီညတော့ မုန်တိုင်းဒဏ်ခံရတဲ့ ဒုက္ခသည်တွေအတွက် ဂျပန်ကနေ အလှူငွေ လှူလို့ရတဲ့ website link ကို Kyoto မှာနေတဲ့ သူငယ်ချင်းက ကျမဆီ ပို့ပေးလာပါတယ်။ အဲဒီ website ကို တာဝန်ယူနေတဲ့သူတွေကလည်း ဂျပန်မှာ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေပါ။ ဂျပန်မှာရောက်နေတဲ့ တခြား လှူချင်တဲ့သူတွေလည်း လှူလို့ရအောင် web link ကို ကျမ Blog ပေါ် တင်ပေးလိုက်ပါတယ်။ တတ်နိုင်သလောက် မြန်မာပြည်သူတွေအတွက် အလှူငွေထည့်ဝင်ပေးကြပါလို့လည်း တိုက်တွန်းချင်ပါတယ်။

Link:
A Rescue Fund for Myanmar Cyclone Victims (Japan)

မေ ၈၊ ၂၀၀၈။

17 comments:

diLo said...

:D thanks for the link sis..
so glad burmese oversea are giving a helping hand..with the donation !!

Anonymous said...

အဆင်ပြေနေကောင်းလားအစ်မရေ
အလုပ်တွေက ရှုပ်နေလို့
အခုဆို လုပ်ရမှာတွေ ပိုတောင်များလာပြီ
နိုင်သလောက်တော့လုပ်နေတာပဲအစ်မရေ
နိုင်သလေညက်ပေါ့ဗျာ

Dr. Yi Yi Win said...

ညီမနုစံ ဘလော့လင့်မနည်းရှာပြီးလာလည်ခဲ့ပါတယ်နော်။ ညီမလည်း cbox မရှိတော့
နှုတ်မဆက်ဖြစ်ခဲ့တာလည်းရှိတယ်။

ညီမမေးထားတာလေးတွေရေးမလို့ စာရိုက်နေတာ တ၀က်လောက်ရောက်နေတုန်း မုန်
တိုင်းဝင်သွားတာနဲ့  နက်လည်းပျက်သွားခဲ့ တော့ မုလည်းပျောက်သွားတယ်။ ဂျေက ၀င်
ဖြေပေးလိုက်လို့ နည်းနည်းတော့သိသွားရောပေါ့။ တစ်ခုပြောဖို့ ရှိတာက abortion ဖြစ်
တာနဲ့  ကလေးမြုံတာနဲ့ ကသပ်သပ်စီပါ။ အသက် ၃၇ နှစ် အထက်ဆိုရင်တော့ ကလေးရ
နိုင်ချေနည်းသွားပြီတဲ့။ ၃၀ ကျော်ရုံလေးဆိုရင်တော့ငယ်ပါသေးတယ်။ ကိုယ်မအားသေး
ရင်လည်းနေလို့ ရပါသေးတယ်။ ယူနိုင်ရင်တော့အဲဒီအရွယ်က အကောင်းဆုံးပေါ့လေ။

ဒါနဲ့ ဒီလင့်လေးတွေတင်ထားပေးတာ ကောင်းတယ်သိလား။ တတ်နိုင်သလောက်ဝိုင်းရ
တာဆိုတော့။

Soe Mya Nandar Thet Lwin (Borros Roxo) said...

လာလည်သွားပါတယ်။ အစစအရာရာ အဆင်ပြေပါစေ.,

Soe Mya Nandar Thet Lwin

တန်ခူး said...

နုရေ…အဆင်ပြေငြိမ်းချမ်းပါစေ…စိတ်တွေက မွန်းကြပ်ပူလောင်နေတုန်းပဲကွယ်…

ThinkingHoney said...

ကောင်းလိုက်တာ အမရေ သာဓုပါ နိုင်သလောက်လုပ်ကြရမှာပေါ့ ပလိုင်းပေါက်နေလည်း ဖားတော့ကောက်နေရပါတယ် အမရေ

Anonymous said...

အစ်မရေ့ အဆင်ပြေလား ကျနော်တို့ လည်း အဝေးရောက်နေတာ ဆိုတော့ နိုင်သလောက်ပေါ့နော် ဘယ်တိုက်နိုင်မလဲ နောက်ထပ်တစ်လုံးဆိုတာတော့ မဖြစ်ပါစေနဲ့ လို့ ဆုတောင်းရမှာပဲ ဟူးးးးးးးးးးး မလွယ်ပါလားနော် ဒုက္ခတွေက များလိုက်တာ ။

ThinkingHoney said...

အမရေ မုတ်သုန်ရေးတာဖတ်ပြီး မျက်ရည်တောင်ကျတယ် ကယ်လို့မှ ရပါဦးမလား

Anonymous said...

ကောင်းတယ်ဗျို့။ ကျွန်တော့်ဆိုက်ဒ်မှာလည်း တတ်နိုင်သမျှ မုန်တိုင်း လင့်ခ်တွေ တင်ထားတယ်ဗျို့။ အစစအရာရာ အဆင်ပြေပါစေဗျာ။ သိပ်ကရကထမများဘူးဆိုရင် Cbox လေးတပ်ပါလားဗျာ။

ThinkingHoney said...

cbox မထားတာ နုစံရဲ့ စတိုင်လ် ဗျ ;) ဟုတ်တယ်နော်
အမ ... နိုင်သလေညက်ဆိုတာ ဘာပြောတာလဲ

ThinkingHoney said...

အမရေ မုတ်သုန်စုတ်က အဲဒါ typing error လို့ပြောသဗျ
တော်သေးတာပေါ့ ဗမာစကားကိုနားမလည်တာထင်ပြီး ကိုယ့်ကိုယ်ကို စိတ်ညစ်သွားတယ် :D

Anonymous said...

မရေ. ..မနုစံ ..ရေ ..
သတိရနေပါတယ် .. စိတ်ပူပေးတဲ့အတွက်ရော .. ဒီပို့ စ်လေးအတွက်ရော .. ကျေးဇူးတင်ပါတယ်…။ သာဓု..ပါ မ..ရေ ..။

ကလိုစေးထူး said...

တတ်အားသရွေ့ လုပ်ဆောင်နေတာတွေ အတွက် သာဓု သုံးကြိမ်ခေါ်ပါတယ် မနုစံ…။

သက်ဝေ said...

နုစံရေ...
လာလည်ရင်း ဒီ Comment နေရာ မှာဘဲ နှုတ်ဆက်သွားပါတယ်။
အလုပ်တွေကရှုပ်... စိတ်တွေကနောက်နဲ့  ဘယ်မှ မလည်ဖြစ်တာ ကြာနေပြီ...။
အဆင်ပြေ နေကောင်းတယ်ဟုတ်...???

cyclonevictimfund said...

ကျေးဇူးပါ.. နုစံရေ.. အဆင်ပြေရင် ဒုတိယအသုတ်ကို ကိုယ့်အလှူကို ဓာတ်ပုံလေးမြင်ရင် စိတ်ချမ်းသာလွန်းလို့ ဓာတ်ပုံလေးမြင်ရအောင်လုပ်ဖို့ စိတ်ကူးထားတယ်။ ဘယ်သူမှ မရောက်သေးတဲ့ ရွာတွေကို သွားပီး လှူဖို့ လုပ်ထားပါတယ်။
အလှူငွေကိုတော့ ဒီတနလာင်္နေ့လောက်ပို့မလားလို့..။
ကျေးဇူးတင်ပါတယ်။
ပြည်သူတွေကိုယ်စား ..

ThinkingHoney said...

i just learned the news about mothonlay
arrested for doing good deeds!!! this is my mother land!!! this is our government!!!
AND
THIS IS OUR LIFE!!!

တန်ခူး said...

နေကောင်းရဲ့လားနုရေ...အသစ်တွေမတင်တာကြာပြီနော်...take care