June 26, 2008

သရဖူမဂ္ဂဇင်း website

မမေရဲ့ Blog အသစ်ကို သွားလည်ရင်း သရဖူမဂ္ဂဇင်း website ကို တွေ့ထားတာ ကြာပါပြီ။ မကြာခဏဆိုသလိုလည်း မမေရဲ့ Blog ဆီကို သွားလည်ဖြစ်ပါတယ်။ ဂျူးစာအုပ် တွေရယ် ကိုယ်ကြိုက်တဲ့ သီချင်းတွေကို မမေဆီက ရတတ်တာလည်း ပါတယ်။ အခုမဂ္ဂဇင်းလင့်ကိုလည်း မမေဆီမှာ ခွင့်တောင်းပြီး ကိုယ့် Blog ပေါ်မှာ တင်မယ်လို့ စိတ်ကူးထားခဲ့တာ ကြာပြီ။ အခုမှပဲ တင်ဖြစ်တော့တယ်။ သရဖူ မဂ္ဂဇင်း website တွေ့လိုက်ရတော့ ပျော်သွားပြီး တခြားသူတွေကိုလည်း ပြန်ဝေမျှပေးချင်တာကြောင့် website လမ်းညွှန်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။


မြန်မာပြည်မှာတုန်းက သရဖူမဂ္ဂဇင်းကို ဈေးကြီးလို့ ၀ယ်မဖတ်နိုင်ပါဘူး။ ငှားဖတ်မယ်ဆိုရင်လည်း တော်တော်နဲ့ ကိုယ့်လက်ထဲ မရောက်နိုင်တော့ဘူး။ စာအုပ်ဆိုင်မှာ ကိုယ့်ထက် ၀ီရိယကောင်းတဲ့သူတွေက ဘယ်အချိန်ကတည်းကများ တန်းစီထားသလဲတော့ မသိဘူး။ နောက်ဆုံး လက်ထဲရောက်လာရင် စာရွက်တွေကို ဖြဲထားကြပါပြီ။ အထဲက ကြော်ငြာဓာတ်ပုံနဲ့ သုံးထားတဲ့ စာရွက်တွေက ကောင်းတော့လည်း လိုချင်စရာပဲပေါ့။ နောက်ပိုင်း စာသားပါတဲ့ စာရွက်တွေပါ ဖြဲယူလာကြတော့ ဖတ်နေရင်း ဒေါသထွက်ရတာနဲ့ ငှားမဖတ်ဖြစ်တော့ဘူး။ နောက်တော့ forever space က စာအုပ်အဟောင်းတွေကို free ပေးလို့ download လုပ်ပြီး ဖတ်ဖူးတယ်။ သရဖူ မဂ္ဂဇင်းလိုပဲ အမျိုးသမီးတွေအတွက် Fashion Image မဂ္ဂဇင်းလည်း အရင်တုန်းကဆို တစ်အုပ်လုံးစာ PDF file နဲ့ download ပေးလုပ်သလို website လည်းရှိတယ်။ အခုတော့ PDF File လည်း မပေးတော့ဘူး။ သူ့ website လည်း update မလုပ်နိုင်တော့ အသစ်မဖတ်ရတော့ဘူး။


ပြီးခဲ့တဲ့ ၃လလောက်ကတော့ ရွှေအမြုတေ မဂ္ဂဇင်း ကို website လမ်းညွှန်ရေးပြီးပြီ။ အခုဟာကတော့ သရဖူ မဂ္ဂဇင်းပေါ့။ အဲဒီလို online မဂ္ဂဇင်းတွေ များများပေါ်လာပါစေလို့ ဆုတောင်းရမလိုပါပဲ.. သူငယ်ချင်းတို့လည်း သွားလည်ကြည့်နော်.. အမျိုးသမီးရေးရာ၊ ၀တ္ထုတို ၊ ကျန်းမာရေး အလှအပ အမေးအဖြေ၊ ပြီးတော့ အနုပညာရှင်တို့ရဲ့ အင်တာဗျူးတွေအစုံအလင်ပါတာမို့ စိတ်ဝင်စားမှာ သေချာတယ်။ သရဖူမဂ္ဂဇင်း Website အဖွဲ့သားများ နဲ့အတူ Emotional Corner @ LanOLay ကိုကျေးဇူးတင်တယ်လို့ ပြောပါရစေ။


(** မဂ္ဂဇင်း website တွင် မြန်မာစာလုံးပေါ်ရန်အတွက် MyMyanmar Unicode Font ကို install လုပ်ရန် လိုပါသည်။ Font install လုပ်ပြီးသွားသော အခါ လက်ရှိ window ၏ default system font ကိုပါ MyMyanmar Font အဖြစ် ပြောင်းသွားပါမည်။)

ဇွန် ၂၇၊ ၂၀၀၈။

14 comments:

ဇနိ said...

အမရေ
သရဖူညွှန်းတာ ကျေးဇူးပါ။
ကိုယ်ကိုကိုက တခါတလေ အဲဒါမျိုးတွေက တွေ့တာ မဟုတ်ဘူး...

khin oo may said...

c box where

Anonymous said...

အမျိုးသားရေးရာ မပါဘူးလားဗျး) မျှဝေတာကျေးဇူးတစ်ခါခါ ဘလော့မှာ အသစ်တွေမရှိရင်ဖတ်ရတာပေါ့ ။

kay said...

နုစံရေ..သံချောင်မခေါက်ဖြစ်တာ ကြာပီ...
ဒေါင်..ဒေါင်..ဒေါင်...
သရဖူ လည်း..အရုပ်လှန်လိုက်အုံးမယ်..
စာတော့..မဖတ်နိုင်တော့ဘူး..
း)

Anonymous said...

အမရေ မျှဝေတာကျေးဇူးပါ။ သရဖူရော၊ရွှေအမြူတေရော ကျွန်မအကြိုက်တွေပေါ့။

Anonymous said...

မမရေ မနက်ကပဲ ဖတ်ပြီးပြီ။ ဝေမျှတာ ကျေးဇူးပါ။ ပျော်ရွှင်ဖွယ်ရုံးပိတ်ရက် ဖြစ်ပါစေ။

Dr. Yi Yi Win said...

နုစံရေ.. မျှဝေတာကျေးဇူးပါ။

nu-san said...

ကိုဇနိရေ... ကျေးဇူးတင်ဖို့ မလိုပါဘူး။ နောက်ကြုံမှ မုန့်ကျွေးရင် ရပါတယ်.. :D

မခင်ဦးမေ>>ရှိဘူး.. အမ.. :D

မောင်မျိုး>> အမျိုးသားရေးရာ ပါမလား မသိဘူး.. တွေ့မိတာတော့ အမျိုးသမီးရေးရာပဲ.. ကိုယ့်ချစ်သူအတွက် မှတ်သားထားသင့်တာလေးတွေ မှတ်ထားပေါ့ ငါ့မောင်ရဲ့.. :D

မကေ>> မကေရေ.. ညက သံချောင်းခေါက်သံကြားလို့ ထကြည့်လိုက်သေးတယ်... :) မကေဆီလည်း ရောက်ဖြစ်ပါတယ်ဗျ.. ဘာမှသာမရေးခဲ့တာ။

ကလေးတို့မေမေ>> ကြိုက်တယ်ဆိုလို့ အမ ၀မ်းသာတယ်။ ဘာလို့လည်းဆိုတော့ အမက မဂ္ဂဇင်းဆို သိပ်ဖတ်ချင်တာ။ ဒါပေမယ့် ရန်ကုန်ကနေ ပြန်မှာဖို့ဆို မလွယ်ဘူးမို့လား။ အဲဒါဆိုတော့ ကိုယ့်လိုပဲ ဖတ်ချင်သူတွေ ဖတ်ရအောင် တွေ့တာလေးတွေ blog ပေါ်ရေးလိုက်တာ။

မဇနိ>> ညီမလေးလည်း ပျော်ရွှင်စရာ ပိတ်ရက်ကို ပိုင်ဆိုင်ပါစေနော်.. အခု ဒီ comment ရေးချိန်မှာ တနင်္ဂနွေညဘက်ဆိုတော့... ကြိမ်းသေတယ်.. တနင်္လာနေ့ကတော့ ပျော်စရာကောင်းမှာ မဟုတ်ဘူးနော်.. :D

Ma Yi Yi Win>> အမရေ.. တကူးတကလာလည်တာ ပြန်ကျေးဇူးတင်ရမှာ.. :)

မေ said...

မနုစံရေ
သရဖူက ဖတ်လို့ကောင်းတယ်။ စာအုပ်အနေနဲ့ဆိုရင် အလေးကြီး (ကြော်ငြာများလို့)။ သရဖူဝက်ဘ်ပေ့ခ်ျက ရွှေအမြုတေလို ဇော်ဂျီသုံးရင် ကောင်းမှာပဲ။ သရဖူဆိုက်က မိုင်မြန်မာကို အင်စတောလုပ်ရတာ သိပ်အဆင်မပြေဘူး။ ဟိုတစ်ခါက ဇော်ဂျီ သုံးမရလို့ ဒုက္ခရောက်သွားသေးတယ်။

diLo said...

thx for sharing lovely sis! :D

Anonymous said...

ကျေးဇူးပါ.. မရေ..။
ဒါပေမယ့် မမေ ပြောသလိုဆိုရင် မိုင်မြန်မာ သွင်းရမှာတောင် ခပ်လန့် လန့် ပဲ ။

nu-san said...

မေ>> ဟုတ်တယ်မမေ။ အရင်တုန်းကဆို သရဖူမဂ္ဂဇင်းက ကြော်ငြာတွေများပြီး လေးလို့ ဖတ်ချင်ပေမယ့်လည်း ငှားမဖတ်ဖြစ်ဘူး။ မိုင်မြန်မာကို အမစက်မှာ install လုပ်တော့ လုပ်လို့ရသွားတယ် ဒါပေမယ့် window ရဲ့ default font setting ကိုပါပြောင်းသွားတယ်လို့ထင်တယ်။ အမတော့ အခုထိ စက်ထဲမှာ install လုပ်ထားလိုက်မိတယ်။ ပြန်ဖြုတ်မယ်ဆို စက်ကို format ပြန်လုပ်ရမလားတောင် မသိဘူး.. :)

dilo>>Thanks for visiting nyi ma lay.. :)

လေးမရေ>> အင်း.. မိုင်မြန်မာ install မလုပ်တာ ပိုကောင်းမယ်လို့ အမတော့ ထင်တယ်။

Anonymous said...

အစ်မရေ
သူက ဘာfont နဲ့ရေးထားတာလဲ မသိဘူး
ညီမဖတ်လို့မရလို့

nu-san said...

လင်းရီ>> ညီမရေ.. အဲဒီ မဂ္ဂဇင်း website ကို အမ မသွားဖြစ်တာ ကြာပြီ။ စာဖတ်လို့ ရအောင် မိုင်မြန်မာ Font ကို Install လုပ်ရတယ်။ ဒါပေမယ့် ညီမလေးရေ.. အပေါ်က comment တွေမှာ ပြောထားသလိုပေါ့.. သူတို့ဆီက Font ကို Install လုပ်ရင်တော့ ရတယ်.. ပြန်ဖြုတ်လို့ မရလို့ အားလုံး အလုပ်ရှုတ်ကုန်ကြတယ်.. တကယ်လို့ အဲဒီ Font ကို ပြန်ဖြုတ်ချင်တယ် ဆိုရင် အတော်လေး ဒုက္ခရောက်လို့ ညီမ Install လုပ်မယ်ဆို သေချာစဉ်းစားပါလို့ ပြောချင်ပါတယ်။ သူတို့ဆီမှာ Font ကို Install လုပ်ဖို့ အပေါ်ဆုံးမှာ Download Font ဆိုပြီး လင့်လေး ပေးထားတယ်။ ပြီးတော့ အဲဒီ မဂ္ဂဇင်း website က အမ သိသလောက်တော့ Update မလုပ်တာ ကြာပြီ။