June 23, 2008

Flowers in Japan

ကျမ ရဲ့ Blog မှာ အမြဲတမ်းမဟုတ်တောင် Banner လေးတွေ ပြောင်းနေတာ သတိထားမိမှာပါ။ အခုနောက်ပိုင်း Banner ကို ဂျပန်က ပန်းပွင့်ချိန်အလိုက် update လုပ်လေ့ရှိပါတယ်။ ဧပြီမှာ ချယ်ရီတွေ ပွင့်တော့ ချယ်ရီပန်း Banner ပေါ့။ နောက်တော့ စဆုကိ (さつき) လို့ခေါ်တဲ့ ပန်းပုံပါ။ အပင်နဲ့ အရွက်က မြန်မာပြည်က ပုဏ္ဏရိတ်ပင်နဲ့ အတော်လေး တူပါတယ်။ စဆုကိ နဲ့ အပွင့်ဆင်တူပြီး တချိန်တည်း ပွင့်တဲ့ပန်းက ဆုဇုဂျိ (つづじ) ပန်းပါ။ ဆုဇုဂျိ ပန်းကတော့ အပွင့်နည်းနည်းကြီးပြီး အရွက်လည်း ပိုကြီးပါတယ်။ များသောအားဖြင့် ပန်းရောင် အနု၊အရင့် နဲ့ အဖြူရောင်တွေ ပွင့်လေ့ရှိပါတယ်။ ဓာတ်ပုံတွေ ထဲမှာတော့ အနီရောင်အပြင် တခြားအရောင်တွေလည်း မြင်ဖူးတယ်။ အဲဒီ ပန်း နှစ်မျိုးစလုံးက နွေဦးပေါက်ချိန် မေလလောက်ဆိုရင် ပွင့်လေ့ရှိပြီး ပန်းတွေ တချိန်တည်း ပွင့်ရင် အရွက်တောင်မမြင်ရပါဘူး။ ကျမတို့ ရုံးရှေ့မှာလည်း စဆုကိ (さつき) ပင်တွေ ကို စနစ်တကျ စိုက်ထားပြီး အဆောက်အဦးစောင့်တဲ့သူတွေက မနက်ဆိုရင် ရေဖြန်းပေးပါတယ်။ ပြီးရင်အရွက်လေးတွေ ညီနေအောင် ပုံဖော်ပေးကြတယ်။ ဒါမှလည်း ပန်းပွင့်ရင် အားလုံး ညီပြီး လှနေအောင်လို့တဲ့။










အပေါ် ၂ ပုံက ရုံးရှေ့မှာ စိုက်ထားတဲ့ satsuki (さつき)


အခုလက်ရှိ Blog Banner မှာ တင်ထားတဲ့ပုံကတော့ Ajisai (
あじさい) သို့မဟုတ် Hydrangea လို့ခေါ်တဲ့ အပင်က ပွင့်တဲ့ ပန်းပါ။ အခုတလော ရုံးသွားတိုင်း လမ်းမှာတွေ့နေရပြီး အပင်ပုပုလေးနဲ့ အဆုပ်လိုက်ပွင့်နေတာ အတော်လေး ကြည့်လို့ကောင်းပါတယ်။ အဲဒီပန်းက ဂျပန်ရဲ့ မိုးရာသီမှာပွင့်လေ့ရှိပြီး အရောင်မျိုးစုံရှိပါတယ်။ အဖြူ၊ အနီ၊ အပြာ၊ ပန်းရောင်၊ ခရမ်းရောင် ရှိပြီး ပန်း ရဲ့ အရောင်က မြေကြီးမှာပါဝင်တဲ့ pH ပေါ်လည်း မူတည်တယ်လို့ wiki မှာ ဖတ်ရပါတယ်။ acidic မြေကြီးမျိုးဆိုရင် အပြာရောင်ပန်း၊ alkaline မြေအမျိုးအစားဆိုရင်တော့ ပန်းရောင်နဲ့ ခရမ်းရောင်ပန်း ပွင့်တတ်ပြီး သာမန်မြေကြီး အမျိုးအစားဆိုရင် cream အရောင်ရှိတဲ့ ပန်းမျိုးပွင့်တယ် လို့ ဆိုထားပါတယ်။ တခြားအရောင်တွေလည်း ရှိပါသေးတယ်။











ပြီးခဲ့တဲ့ ပို့စ်ရဲ့ comment မှာ မတန်ခူးနဲ့ မသက်ဝေ က အခု Banner က ပန်းကို ဘာပန်းလဲလို့မေးထားလို့ ပို့စ်တစ်ခုတင်ပြီး ပြောပြပေးလိုက်ပါတယ်။ Google images မှာ Ajisai ဒါမှမဟုတ် Hydrangea ဆိုပြီး ရှာကြည့်ရင်လည်း ပန်းပုံတွေကို တွေ့ရမှာမို့ ရှာကြည့်ပါနော်။ wiki မှာ ဖတ်ချင်တယ်ဆိုရင်တော့ ဒီမှာ ဖတ်ကြည့်လို့ရပါတယ်။ နားလည်သလို ခပ်လွယ်လွယ်ဘာသာပြန်ထားတာ အမှားပါရင် ပြင်ပေးနော်.. :)


(ပန်းပုံများကို အင်တာနက်မှ ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။)


ဇွန် ၂၄၊ ၂၀၀၈။

13 comments:

ThuHninSee said...

အဲဒြီပန်းလေးလှတယ်နော်။
အရွက်လေးလိုပဲ။

တန်ခူး said...

နုရေ…ခုလို ဝေေ၀ဆာဆာ ချစ်စရာပုံလေးတွေနဲ့  ဖြေပေးတာကျေးဇူးနော်…ပန်းလေးတွေရှိတဲ့ ပတ်ဝန်းကျင်မှာ နေရတာလဲ ကံကောင်းခြင်းတမျိုးပေါ့… satsukiအဖြူရောင်လေးတွေက စံပယ်လေးလိုပဲ…

Anonymous said...

ပန်းတွေတော်တော် လှတာပဲ ကောင်းလိုက်တာ အစ်မရယ် အလုပ်သွားရင်း ပန်းလေးတွေ ကြည့်သွားရတော့ အလုပ်ထဲမှာ စိတ်ကိုလန်းနေမှာပဲ ကျနော့် မှာတော့ ပန်းကြည့်ဖို့ နေနေသာသာ ခြံနောက်ဖေးက ချဉ်ပေါင်ပင်တွေပဲ ကြည့်နေရတယ် ဟီးးး :)

diLo said...

mama nu!
thanks for such a lovely post!
i love it..hehe..
u sure is lucky to see such nice ones on ur way to work!
btw, can i steal those pix away?
wish i can find such nice ones in sg too..too bad here, they will only display on ïmportant occassions :( hin hint..

သက်ဝေ said...

Ajisai သို့မဟုတ် Hydrangea ဆိုတဲ့ ပန်းကလေးတွေကို ပိုကြိုက်တယ်။ အရောင် အသွေးစုံစုံနဲ့ အရမ်းချစ်စရာကောင်းတာဘဲနော်..။
ဟုတ်ကဲ့ပါရှင်...
အခုလို တကူးတကနဲ့  အချိန်ယူ ရှာဖွေစုဆောင်း ဖြေကြားပေးတဲ့ မမနုစံကို ညီမလေးတို့  ဘလော့ဂ်အသံ က အထူးဘဲ ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်ရှင်...။

ThinkingHoney said...

ကော်မန့်တင်နေတာလဲ ၂ညရှိပြီ
အရမ်းလှတာပဲလို့ ပြောမလို့ အမရေ
အသက်ရှူတောင်ရပ်သွားတယ်
:)

တန်ခူး said...

နုရေ…အသစ်တွေမတွေ့ တော့ ပိုလွမ်းတယ်…

မြရွက်ဝေ said...

အစိမ်းရောင်အရူးမူးမို့ ဘန်နာက ပန်းစိမ်းစိမ်းလေးကို အကြိုက်ဆုံးဘဲ။ ဒီမှာ အေးလို့လားမသိဘူး၊ ပန်းတွေအရမ်းလှတာဘဲနော်။ လမ်းဘေးက ပန်းသေးသေးလေးတွေကိုလဲ ချစ်တယ်။ ပန်းဆိုင်တန်းထဲဖြတ်ရင်လဲ မမြင်ဖူးတဲ့ပန်းအစုံ လိုက်ငေးတာဘဲ။ ပန်းတွေမြင်ရရင်ပျော်တယ်။ ပန်းအိုးလေးတွေ ဝယ်စိုက်ချင်ပေမယ့် တီကောင်ကြောက်လို့။ :D

Anonymous said...

အစ်မရေ...
အမြဲတန်းလာရေးပေးနေတဲ့ ကောမန့်တွေအတွက်
ကျေးဇူးပါခင်ဗျာ...
အစ်မဆီတော့ ရောက်ဖြစ်နေဦးမှာပါ...
ပျော်ရွှင်အဆင်ပြေပါစေဗျာ....

Anonymous said...

အမရေ Sakura-Myanmar ဆိုတဲ့နာမည်လေးကိုက စိတ်ဝင်စားစရာကောင်းလို့ စာတွေလာလာဖတ်တယ်။ အမတင်တဲ့ ပို့စ်တိုင်း ဖတ်ဖြစ်တယ်။ ဂျပန်လို နာမည်တွေဆို မသိတာများတော့ ဒီကနေ ဗဟုသုတလည်းရတယ်။ ဓါတ်ပုံတွေလည်း ကြည့်ရလို့ ကျေးဇူးတင်မိတယ်။

“ထတော့ ဘုန်းဘုန်းတွေ ခေါင်းလောင်းထိုးနေပြီ။ ထတော့.. ထတော့..”
“အင်း... ဘယ်နှစ်နာရီ ရှိပြီလဲ..”
“၈ နာရီ ၁၀ မိနစ်”
“အာ.. စောသေးတယ်၊ မထချင်သေးဘူး။ ညက အိပ်မရလို့.. ခေါင်းကိုက်နေတယ်။ ၁၀ မိနစ် ဆက်အိပ်မယ်နော်.. ၈ နာရီခွဲခါနီး ပြန်နှိုး.. ”

....
....
....

“ ၈ နာရီ ခွဲနေပြီ။ ထတော့..”
“အင်း.. ထချင်သေးဘူးဟာ.. ချမ်းတယ်ဟ...”
“Heater ဖွင့်ပေးထားတယ်.. ထတော့ .. ထတော့.. ”
ဒီပို့စ်လေးဖတ်တုန်းက သဘောကျမိတာ အမရဲ့။ ကွန်းမန့်တွေက ရေးရမှန်း မသိတော့ မရေးဖြစ်ခဲ့ဘူး။ အမက အတော်ကံကောင်းတာပဲလို့။ ညီမကိုလည်း မနက်တိုင်း ကိုဇနိက ဖုန်းမက်ဆေ့ခ်ျပို့ပြီး အိပ်ယာကနှိုးရတာဆိုတော့ မက်ဆေ့ခ်ျ၃ ခါလောက်မှ ထတာအမရဲ့။ ချမ်းလို့၊ ခေါင်းကိုက်လို့နဲ့ ၅ မိနစ် ၁၀ မိနစ် ခိုးခိုးအိပ်တာလေ။ အမလို အနားမှာ မရှိတော့ heater ဖွင့်ပေးတယ်လဲ ပြောမရတော့ ကိုဇနိလည်း ခိုးအိပ်တာ ထိုင်စောင့်ရတတ်တယ်။ အမရေ ပျော်ရွှင်ပါစေနော်။

မေ said...

banner လေးကို အစက four-leaf clovers လေးတွေ ထင်နေတာ။

nu-san said...

သုနှင်းဆီ>> ဟုတ်တယ် ညီမလေးရေ.. အဲဒီပန်းက အရွက်လေးတွေလိုပဲ.. :)

တန်ခူး>> မတန်ခူးရေ.. လာလည်လို့ ပြန်ပြီးကျေးဇူးတင်ရမှာ။ ပန်းတွေကို မြင်ရတာ စိတ်အေးချမ်းတာတော့ အမှန်ပါပဲ.. :)

မောင်မျိုး>> မောင်မျိုးရေ.. ချဉ်ပေါင်ပင်ကို မြင်ရတာလည်း ကံကောင်းခြင်းတစ်မျိုးပဲ။ ဒီက လူတွေ ချဉ်ပေါင်ရွက်ကို စားဖူးဖို့နေနေသာသာ မမြင်ဖူးကြဘူး။ အမတို့အတွက် ဒီမှာ ချဉ်ပေါင်ရွက်က ရွှေထက် အဖိုးတန်တာ.. နေရာချင်းခဏလဲနေလို့ရရင် ကောင်းမယ်နော်.. :D

Dilo Bear>> nyi ma lay dilo, pls feel free to take any pictures from my site. Those are not copyright however if you use those pictures for commercial, don't forget to give me 50%.... heee...hee.. :D

သက်ဝေ>> အဟဲ.. ဘာရေးရမှန်းမသိချိန် မေးခွန်းတွေမေးလာတဲ့ သက်ဝေတို့ ဘလော့ဂ်အသံကိုလည်း ကျမ နုစံက ကျေးဇူးအများကြီးတင်ပါတယ်ရှင်.. (အဟိ.. အတိုင်အဖောက်က ညီနေတာပဲနော်.. :D)

Honey >> ဟန်နီရေ.. အရမ်းလှတာပဲလား.. အသက်ရှုတော့ မရပ်ပါနဲ့နော်.. :)

မတန်ခူး>> ပို့စ်အသစ်တွေ တင်ဖို့ စာရေးပျင်းနေလို့ပါ တန်ခူးရ.. Feeling မလာသေးဘူးပေါ့.. :D အခုတော့ ကြိုးစားပြီး ရေးထားပြီးပြီ။.. :P

မြရွက်ဝေ>> ဟုတ်တယ် ညီမလေးရေ... ဒီက ပန်းတွေက ကိုယ်မမြင်ဖူးတာတွေ များတယ်။ အမလည်း ငေးတာပဲ။ လှလို့။ ၀ယ်ဖို့တော့ သိပ်စိတ်မကူးရဲဘူး။ ဈေးက တအားကြီးလို့.. တီကောင်ကြောက်တယ်လား... ဒါဆိုလာပြီ.. ရော့.. ~~~~~~~~ :D

မုတ်သုန်>> စာရေးမကောင်းတဲ့ အမဆီ အမြဲတမ်းလာလည်တဲ့ မုတ်သုန်ကို ပြန်ပြီး ကျေးဇူးတင်ရမှာ.. :)

မဇနိ>> စာတွေ လာဖတ်တယ်ဆိုလို့ ၀မ်းသာပါတယ် ညီမလေးရေ.. ညီမလေးလည်းကံကောင်းပါတယ်။ ကိုဇနိက စိတ်ရှည်တတ်မယ့်ပုံပဲ။ ဖုန်း message ပေးပြီး စိတ်ရှည်ရှည်နိုးပေးတယ်ဆိုလို့... ဟုတ်တယ်နော်... ဒီမှာက ညဘက်အိပ်တာနောက်ကျတော့ မနက်ဆို အိပ်ယာက မထချင်ဘူး.. (အဟဲ..အမှန်က အမ အပျင်းထူတာ.. ကလေးကို အဖော်လိုက်စပ်နေတာ... :P)

မမေ>> မမေလာလည်တာ ၀မ်းသာတယ်။ ဟုတ်တယ်နော်... မမေပြောမှ သတိထားမိတယ်။ ပန်းပွင့်ကို အနီးကပ်ရိုက်ထားတော့ four-leaf clovers နဲ့အတော်လေးဆင်တယ်။

Anonymous said...

မရေ ... ပန်းလေးတွေ ပွင့်နေတာ အဆုပ်လိုက်ကလေး.. လှလိုက်တာ...။