October 18, 2008

သူငယ်ချင်းများအတွက်...

ကျမက ညီမလေး မြရွက်ဝေရဲ့ ထမင်းဘူး Blog ကို နေ့တိုင်းသွားကြည့်နေကြပါ။ သူ့ရဲ့ Cbox မှာ ကြာဇံချက် ကျွေးထားတာ မြင်ပြီး စိတ်ထဲက ကြာဇံချက် စားချင်နေတာ။ ဒီနေ့မနက် မမွန် ဆီ ရောက်တော့ အုန်းနို့ခေါက်ဆွဲ ချက်စားဖြစ်တယ်ဆိုတာနဲ့ ကျမလည်း အုန်းနို့ခေါက်ဆွဲ စားချင်လိုက်သေးတယ်။ ပြီးခဲ့တဲ့ရက်က ကြက်သား ဆီသတ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားတာ ရှိနေတော့ စားချင်တာ အလွယ် လုပ်စားလိုက်ယုံပါပဲ။ ကြက်သား ဆီသတ်ထားတာက ၂ မျိုးစလုံးအတွက် အဆင်ပြေတယ်လေ။ ကြာဇံချက်ပဲစားစား၊ အုန်းနို့ခေါက်ဆွဲပဲ စားစားပေါ့။ အဲဒါနဲ့ ဒီနေ့တော့ ကြာဇံချက် ချက်ပြီး မနက်ဖန်မှ အုန်းနို့ခေါက်ဆွဲချက်စားဖို့ ကိုယ့်ဘာသာပဲ အဆိုတင်သွင်းပြီး ကိုယ်တိုင်ပဲ ထောက်ခံလိုက်တော့တယ်... :)


ကြာဇံချက် ချက်ရင်းက “မဇနိလေး နေမကောင်းရှာဘူး။ ဒါကြောင့် Blog မှာပျောက်နေတာ” ဆိုပြီး သွား သတိရမိတယ်။ နေမကောင်းဖြစ်ရင် ကြာဇံချက် စားချင်နေမလား တွေးမိလို့ Blog ပေါ်တင်လိုက်တာပါ။ အပြင်မှာလည်း တကယ်ကျွေးချင်တာ။ နေရတာဝေးနေလို့သာ။ နောက်ပြီး သီတင်းကျွတ်မှာ လာကန်တော့တဲ့ မောင်လေး ညီမလေးတွေရော၊ ဆုတောင်းပေးတဲ့ သူငယ်ချင်းတွေရော၊ မုန့်ဖိုး ပေးတဲ့ မမတွေရော၊ Blog ကြွလာ သူငယ်ချင်းတွေရော အားလုံးကို ကြာဇံချက်ကျွေးပါတယ်။


ရန်ကုန်မှာက အလှူလုပ်တော့မယ်ဆိုရင် လူဘယ်နှစ်ယောက် လာမယ်ဆိုတာ အတိအကျ ခန့်မှန်းလို့မရဘူးမို့လား။ သတ်မှတ်ထားတဲ့ လူဦးရေထက် ပိုပိုသာသာ ထည့်တွက်ထားရတာပဲ။ “ဘယ်နှစ်ယောက်လာမယ်ဆိုတာ မသိတဲ့ အခါမျိုးဆို အလွယ်တကူ ကြာဇံချက် ချက်ကျွေးတာ အဆင်ပြေတယ်” လို့ ကျမတို့ အဒေါ်က ပြောဖူးပါတယ်။ သူ့အိမ်မှာ ဘုရားပင့်ပြီဆိုရင် အမြဲ ကြာဇံချက်ပဲကျွေးတယ်။ ပွားလို့လည်းလွယ် (ရေထိုးလွယ်တယ်လို့ ပြောတာ)၊ ချက်လို့လည်းလွယ်၊ ပန်းကန်ဆေးရတာလည်း လွယ်ဆိုတော့ ၁ ချက်ခုတ်ရင် ၃၊ ၄ ချက်လောက်ကို ပြတ်တာ။ ဒါကြောင့် ဘလော့ခ်ပေါ်က သူငယ်ချင်းတွေလည်း ဘယ်နှစ်ယောက်လာမယ်မှန်းမသိလို့ ပွားရတာ လွယ်တဲ့ ကြာဇံချက်ပဲ ချက်ကျွေးလိုက်တော့တယ်။ မပွားခင်လေး သုံးဆောင်သွားကြပါဦးလို့...




အောက်တိုဘာ ၁၉၊ ၂၀၀၈။

24 comments:

Anonymous said...

အမရေ ဒီတခါတော့ ကျနော် ဦးအောင် စားသွားပြီဗျ..
း)

ThuHninSee said...

ညကြီးမင်းကြီး ပို့စ်ထတင်နေပါလားအစ်မ။
အိပ်မပျော်ဘူးလား။

Anonymous said...

That is why u wa tote become fatter after marriage. :-P

Anonymous said...

အမနုစံရေ အဟုတ်ကို ထိုင်စားနေပြီ။ ကြာဇံချက်ကလည်း စားချင်စရာကောင်းလိုက်တာ။ အစာတွေလည်း စုံနေတာပါပဲလား။ မနေ့ကလည်း အဖျားနဲနဲကျန်သေးလို့ ကြာဇံချက်စားတာ။ မကောင်းဘူး အမရ။ အခုအမဆီမှာတော့ မနက်နိုးနိုးချင်း စားသွားပြီ။ အမပို့စ်လေးတင်ထားတာတွေ့တော့ ၀မ်းသာအားရပြေးလာတာ။ နေမကောင်းတာရော သတိတရမုန့်ကျွေးလို့ ကျေးဇူးလည်းတင် ပျော်လည်းပျော်မိတယ် အမရေ။ အား ပါး ပါး။ ကောင်းလိုက်တဲ့ကြာဇံချက် အဖျားတောင်ပျောက်ချင်သွားပြီ။

WWKM said...

မနုစံ ရေ..
အစားမြင်လို့ပြေးလာတာ. ဟောဟဲ
ကြာဆံချက်လေး တကယ်စားချင်လိုက်တာ။ ဂလု
ဝါ၀ါကတော့ အခု မုန့်ဟင်းခါးချက်နေတယ်။
မုန့်ဟင်းခါးကျက်သေးဘူး။ ကြာဆံချက်အရင် စားသွား
ဦးမှပဲ။ ကောင်းမှကောင်း ( အိုအိရှီ ) :P

ခင်တဲ့
ဝါ၀ါ

A Linn Nyi said...

နုနု ကြာဇံချက်လေး မြည်းသွားတယ်။ သီတင်းကျွတ်မှာ ..ပျော်ရွှင်ပါစေ :)

PAUK said...

နုရေ...
ငြုပ်သီးများများ ။သံပုရာရည်များများလေး
တစ်ပွဲပေးပါဗျိုး...

မြရွက်ဝေ said...

မနုစံချက်တာက ပိုစားကောင်းမှာ။ ပုံကြည့်ပြီး စားချင်လာပြီ။ ရှလွတ်

Anonymous said...

မရေ.. မနေ့ ညက သုတ်သုတ်လေးလာပြီး ငုံးဥ သုံးလေးလုံးလောက် တစ်ပြိုင်ထဲ ပါးစပ်ထဲသွပ်.. နုတ်တောင်မဆက်ရသေး.. အိမ်ပြန်ပြေးရတယ်...။
ကျေးဇူး...မ။။ မ.. ရဲ့ ကြာဇံချက်ကို အားကျလို့  ဒီနေ့  ရှမ်းခေါက်ဆွဲ သုတ်စားတယ်..။ ကုန်သွားပြီ..။ :P

Moe Cho Thinn said...

တိုက်တိုက်ဆိုင်ဆိုင် ညီမရေ။
အမလဲ မနေ့ကပဲ ကြာဇံချက်နဲ့ ရှောက်သီးသုပ် လုပ်စားသေးတယ်။ ညီမလိုတော့ မကောင်းဘူး။ အိမ်က အိုးကိုပစ်ပြီး ဒီမှာ လာသောက်သွားပြီ။

khin oo may said...

ပွါးလဲ စားမှာဘဲ။

May Moe said...

အဲ ပွါးပြီးသွားပြီလား ဟီးပွါးလဲစားမှာပါပဲ ငုံးဥ ၅ လုံးထည့်စားသွားပါတယ် :P

Anonymous said...

ကျနော်ကတော့လေ အစ်မ ချက်ထားတာ ကောင်းမကောင်း မစားရသေးဘူး ပြင်ထားတာနဲ့ တင် လှပြီး စားချင်စိတ်ဖြစ်လွန်းလို့  သွားရည်ပါကျတယ် ရှလွတ်း)

photoshop ဟုတ်ပါဘူး အစ်မရ ကိုယ့်မောင်လေးကိုနော့် အကြောင်းရှိလို့  အမှတ်တရပါ နောက်တော့ပြောပြမယ် ဟိဟိ

သက်ဝေ said...

ဟေ့.. ညီမလေး...
နှစ်ပွဲထဲလား...
ဒီက အ၀စားပြီး ပါဆယ်ပါယူသွားချင်တာ... ဟီဟိ

PAUK said...

နုနုရေ...
နေကောင်းလား
ဘာတွေရှုပ်နေလဲ..
မကြိုက်တာတွေတူနေတဲ့အတွက်..
ရီချင်နေတယ်..
ပေါက်က ဖရဲသီးနဲ့မတည့်ဘူး..
စားပြီးတိုင်း..နေမကောင်းဖြစ်တယ်..

Anonymous said...

Fatty Ma Maaaa

တန်ခူး said...

မနက်ဖြန်ကာ သူငယ်ချင်းလာလည်မယ်ဆိုလို့  ဘာချက်ရမလဲ စဉ်းစားနေတာ… ခုတော့ နုဆီက အကြံရသွားပြီ… နုပြန်ရေးပြီဆိုတော့ တို့ ပါးစပ်လေးတွေ စိုဦးမှာပေါ့…ကြိုဆိုပါတယ်နုရေ…

Dr. Yi Yi Win said...

အစ်မကတော့ အမြဲနောက်ကျမှရောက်တော့ ပွားစရာကျန်တော့ဝူးထင်တယ်။ အသစ်ပြန်ချက်ကျွေး ရဘူး။

ရွှန်းမီ said...

ခုမှရောက်.. ခုပဲ ၀င်စားသွားပါတယ် =)

khin oo may said...

ချက်နည်းတော့မပါဘူးနော်။ ဒါနဲ့ အဝ စားသွားတယ်။ပါဆယ် လည်း ဆွဲ သွားတယ်။ျ

khin oo may said...

ကြာဇံချက်ထပ်လာကြည့်သွားပြန်တယ်။ မစားရ ညေှ်ာ်ခံ

khin oo may said...

ကြာဇံချက်ထပ်လာကြည့်သွားပြန်တယ်။ မစားရ ညေှ်ာ်ခံ

PAUK said...

နုရေ..
အသစ်မတင်ပါ့လား...
အိပ်မပျော်ဘူးအေ...

ThinkingHoney said...

အား Ginko!
မရောက်တာကြာလို့ လာသွားတယ်အမ
ကြာဆံတော့မကျန်တော့ဘူး
:)