October 17, 2008

အချစ်ဆိုသည်မှာ...

စာမရေးနိုင်တာတောင် အတော်လေးကြာနေပြီ။ မသက်ဝေ Tag ထားတဲ့ “အချစ်ဆိုသည်မှာ” ဆိုတာလည်း ရေးနေတာ စိတ်ကူးပေါက်သလို လျှောက်ရေးထားတာဆိုတော့ စာပိုဒ်တွေက စပ်ဆက်မှုလည်း မရှိဘူး။ စာတစ်ပုဒ်လုံးချောအောင်ရေးဖို့ အတော်လေး အခက်တွေ့ပြီး ဘာရေးရမှန်းကို မသိဘူး။ Tag ထားတာလည်း ရှိတော့ အရင် ရေးထားတာတွေကို သင့်တော်သလို နေရာချပြီး ပို့စ်တစ်ခုအဖြစ် ရေးလိုက်ပါတယ်။

အချစ်ဆိုတာမျိုးက ဆယ်ကျော်သက် အရွယ်တုန်းကသာ ရင်ခုန်သံတွေ ချိုမြလတ်ဆတ်နေတာပါ။ အခုချိန်မှာ အချစ်သီချင်းတွေ နားထောင်မိရင် အရင်တုန်းကလောက် ရင်ကို လာမထိတော့သလိုပဲ။ အမျိုးသားကို “ဘယ်လိုရေးရင် ကောင်းမလဲ” ဆိုပြီး မေးတော့ သူက ရီနေပြီး “ထွန်းအိန္ဒြာဗို သီချင်းရေးပေးလိုက်ပေါ့” လို့ ပြောပါတယ်။

“အချစ်”အကြောင်းကို သီချင်းတွေထဲလည်း ထည့်ဆိုကြတယ်၊ ၀တ္ထုထဲလည်း ဖတ်ဖူးတယ်၊ ရုပ်ရှင်တွေကြည့်တော့လည်း များသောအားဖြင့် “အချစ်” ကိုအခြေခံထားပြီး ရိုက်ကူးတင်ပြထားကြတယ်။ အဲဒါဆိုတော့ “အချစ်”ဆိုတဲ့ စကားကို ရင်းနှီးနေပြီးသားပါ။ ဒါပေမယ့် ဘယ်သူမှ အချစ်ဆိုတာကို တိတိကျကျ အဓိပ္ပာယ်မဖွင့်ဆိုနိုင်ဘူး။ တိကျတဲ့အဖြေရဖို့ ညီမျှခြင်း ချပြီး ပုံသေနည်းထဲ အစားသွင်း တွက်ထုတ်လို့ရရင် ကောင်းမယ်။


*****

လူတစ်ယောက်ကို
ချစ်တယ်ဆိုတာ
ထိုသူ့အပေါ်
ယုံကြည်ခြင်း နှင့်
သူအနိုင်ယူတာ
အပြုံးမပျက်
နှစ်သက်စွာ
အရှုံးပေးလိုခြင်းရယ်ပါ။


*****

အရင်တုန်းက ဖတ်မိတဲ့ကဗျာလေးတပုဒ်ပါ။ ဘယ်မှာ ဖတ်မိမှန်းလည်း မမှတ်မိသလို ဘယ်သူရေးထားတာလည်း မသိတော့ပါဘူး။ အခု“အချစ်ဆိုသည်မှာ” ဆိုတော့ အဲဒီကဗျာလေးကို သတိရလာလို့ ကောက်ရေးလိုက်တာပါ။


တကယ်တမ်း ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အချစ်ဆိုတာက ကဗျာထဲကလိုမျိုး ကိုယ့်ကိုလည်း အနိုင်မယူပါဘူး။ ကိုယ်ကလည်း သူ့ဆီက အနိုင်ယူပြီး ပြုံးပျော်နေတဲ့သူ မဟုတ်ရပါဘူး။ သူကလည်း အရှုံးမပေးရသလို ကိုယ်ကလည်း အရှုံးပေးစရာ မလိုခဲ့ပါဘူး။ အဓိကက နှစ်ယောက်စလုံး စိတ်ချမ်းသာဖို့ပါ။ ကိုယ့်အချစ်ကြောင့် သူ့ကို ချုပ်နှောင်ထားတာမျိုး မဖြစ်စေရသလို စိတ်ဆင်းရဲတာမျိုးလည်း မဖြစ်စေချင်ဘူး။ ကိုယ့်ကြောင့် စိတ်မညစ်စေချင်တာပါ။ သူနဲ့အတူနေရလို့ စိတ်ချမ်းသာမယ်၊ ပျော်မယ်လို့ ယုံကြည်တဲ့အတွက် လက်ထပ်ခဲ့တာ။ တကယ်လည်း ကျမကို စိတ်ချမ်းသာမှု ပေးတဲ့အပြင် ဘ၀အတွက် လုံခြုံမှု ပေးခဲ့တဲ့ သူပါ။ အဲဒီအတွက်လည်း ကျမတို့ နှစ်ယောက်ကို တွေ့ဆုံခွင့်ပေးတဲ့ ဖူးစာကံကို အမြဲကျေးဇူးတင်နေမိပါတယ်။


ကဲ..ပြီးပါပြီ အချစ်အကြောင်း။ ရေးတော့ ရေးလိုက်တာပါပဲ။ ဒီပို့စ်လေးနဲ့အတူ ထွန်းအိန္ဒြာဗိုရဲ့ အချစ်ဆိုသည်မှာ သီချင်းကို အမှတ်တရ ဖော်ပြပေးလိုက်ပါတယ်။


အချစ်ဆိုသည်မှာ

တေးဆို - ထွန်းအိန္ဒြာဗို


အချစ်ဆိုသည်မှာ .. အံ့သြမှုများနဲ့ .. ဆန်းကြယ်သောအရာ..
အချစ်ဆိုသည်မှာ .. လူသားတိုင်းရဲ့ နှလုံးသားထဲက အရှင်သခင်..
အချစ်ဆိုသည်မှာ.. ကြေကွဲခြင်းများနဲ့ မျက်ရည်တို့ရဲ့ ကဗျာ..
အချစ်ဆိုသည်မှာ .. ခံစားချက်တို့ မွေးဖွားရာ နေရာ..

အချစ်ဆိုသည်မှာ .. ကြည်နူးကြတဲ့အခိုက် .. လမင်းတရာ..
အချစ်ဆိုသည်မှာ .. ၀မ်းနည်းတဲ့အခါ နေမင်း.. ကုဋေကုဋာ..
အချစ်ဆိုသည်မှာ .. တားဆီးတတ်ခဲ့ .. အိပ်စက်ခြင်းများစွာ..
အချစ်ဆိုသည်မှာ .. အိပ်မက်များနဲ့ အရုဏ်ဦး အလှတရား..

တကယ်ဆိုရင်.. အချစ်ဟာ .. ဖြေရှင်းမရတဲ့ပြဿနာ..
အချစ်ဟာ .. အဖြေရှာမရတဲ့ပုစ္ဆာ ..
ငါကိုယ်တိုင်.. အချစ်ဟာ .. ဘာလဲ မသိတော့ပါ..
တခါတရံ .. အချစ်ဆိုတဲ့ .. အရာနဲ့ ဆုံဆည်းလိုက်ချင်လည်း..
တခါတရံတော့ .. အချစ်နဲ့ ဝေးချင်တယ်..


အောက်တိုဘာ ၁၈၊ ၂၀၀၈။

14 comments:

ThuHninSee said...

ဟယ်...ပြန်ရေးတာဝမ်းသာတယ်။
လွမ်းနေတာ။

PAUK said...

နုရေ...
အချစ်ဆိုသည်မှာ...
အချစ်ပေါ့...
ဟီးဟိ

Moe Cho Thinn said...

စာပြန်ရေးပြီ။ ၀မ်းသာလိုက်တာ..

သူကလည်း အရှုံးမပေးရသလို ကိုယ်ကလည်း အရှုံးပေးစရာ မလိုခဲ့ပါဘူး။ အဓိကက နှစ်ယောက်စလုံး စိတ်ချမ်းသာဖို့ပါ တဲ့..
တို့လဲ အဲဒါကို အချစ်လို့ သဘောတူတယ်။

khin oo may said...

Nu-san ရဲ့ အချစ် ကို ခံစားသွားပါတယ်။

မြရွက်ဝေ said...

"ကိုယ့်အချစ်ကြောင့် သူ့ကို ချုပ်နှောင်ထားတာမျိုး မဖြစ်စေရသလို စိတ်ဆင်းရဲတာမျိုးလည်း မဖြစ်စေချင်ဘူး။" <--- ဟုတ်တယ်နော်

မမတို့ကို အားကျတယ် အဟိ ကျလိ ကျလိ :P

Anonymous said...

အမနုစံ ကဗျာလေးကို ကြိုက်တယ်။
အမဖွင့်ဆိုတဲ့ အချစ်ဆိုသည်မှာက တမျိုးလေးပါ့လား။
အမစာလေးတွေ တက်လာတာကိုက ၀မ်းသာမိတယ်ဗျ။

Anonymous said...

အစ်မစာတွေစောင့်ဖတ်ရတာ လည်ပင်းတောင်ရှည်နေပြီးဗျး) အချစ်အကြောင်း ဂွဒ်ပ ၂ ယောက်စလုံးကံကောင်းတာပေါ့ နားလည်မှုတွေ အနိုင်ယူမှုတွေမရှိတဲ့ အိမ်ထောင်ရေးလေးက အမြဲသာယာပြီး အချစ်တွေက ချိုမြိန်နေမှာ ။

Taungoo said...

မမနုတို့များ
မရေးလို့ စောင့်လိုက်ရ။ လာချောင်းရနဲ့ ကြာလှပါပကော။ ရေးမယ့်ရေးတော့ အချစ်နဲ့ ပြန်ဖွင့်တယ်။ ကောင်းပါလေလေ့။

PAUK said...

နုရေ....
မချိုးသင်းဖက်မှာတွေ့လို့..
အခု..ဒီမှာလာနုတ်ဆက်တာ..
ဟီးဟိ..

တန်ခူး said...

ဟေး… ပျော်တယ်ဟေ့… စာအသစ်လေးတွေ့ ပြီ… ဘန်နာအသစ်လေးတွေ့ ပြီ…
နုတို့ အချစ်လေးက ငြိမ်းအေးကြည်နူးစရာပါ… မျှဝေကြည်နူးသွားတယ်…
ကြည့်စမ်းပါဦး… ကောင်မလေး တယောက် ဘယ်လောက်များ ချစ်တတ်လဲဆိုရင် အမျိုးသား စကားလေး နားတောင်ပြီး သီချင်းလေးကို တကယ်ထည့်ရေးလိုက်တာ…

Layma said...

မနုစံရေ...
အစ်မရဲ့ ကောင်းကင်ကို အချစ်အကြောင်း lecture ကောင်းကောင်းပေးပြီးပြီလား...
သေချာ ချစ်လိုက်နော်... အဲ.. ပြောပြလိုက်.. ။

လင်းလက်ကြယ်စင် said...

အချစ်ဆိုသည်မှာ သီချင်းလေးက အဓိပ္ပာယ်တော်တော်လေး ပြည့်စုံပါတယ် :)

သက်ဝေ said...

နုရေ...
သေချာ ရေးပေးတာ ကျေးဇူးပါနော်... ဖတ်ရတာ စိတ်နှလုံး အေးချမ်းစရာပါ...။
Comment အရေး နောက်ကျတာ စိတ်မရှိပါနဲ့  ချစ်ညီမရေ့ ... အလုပ်တွေဖိစီးလွန်းလို့ ပါ...။

nu-san said...

သုနှင်းဆီ>> မွန်ရေ.. လွမ်းနေတယ်ဆိုလို့ ၀မ်းသာလိုက်တာ.. :)

ပေါက်>> ပေါက်ရေ.. အချစ်ဆိုတာ အချစ်ပေါ့နော့.. လွယ်လွယ်လေးကို.. :D

မမိုးချိုသင်း>> အမရေ.. Blog vacation ကလည်း ပြတ်တောင်းပြတ်တောင်းပါ အမရယ်။ ဒီ Blog သံယောဇဉ်ကလည်း ကြီးပါတယ်။ ဟုတ်.. အမသဘောတူတယ်ဆိုလို့ ၀မ်းသာလိုက်တာ.. :)

မခင်ဦးမေ>> မမခင်ဦးမေ ခံစားပြီးတော့ ကိုယ်တိုင်လည်း ပုံဖော်ပါဦး :)

မြရွက်ဝေ>> ညီမလေးရေ.. အားကျတယ်လား.. ကျလိ..ကျလိ.. ဟီး..ဟီး.. :D

မဇနိ>> မဇနိလေးရေ.. အဲဒီကဗျာက ဟိုး.. Long long ago က ကဗျာလေးပါကွယ်။ ဦးနှောက်ရဲ့ တဒေါင့်တနေရာမှာ ကပ်နေတာလေးပါ။ ကိုယ်တိုင်ရေးထားတာလည်း မဟုတ်ပါဘူး။ ဘယ်စာအုပ်ထဲက ဖတ်မိမှန်းလည်း မမှတ်မိတော့ဘူးရယ်.. :)

မောင်မျိုး>> အော်.. ဒါကြောင့် ငါ့မောင်လေး ဓာတ်ပုံထဲမှာ လည်ပင်းနည်းနည်းရှည်နေတာကိုး.. အဲဒါဆိုတော့ အမအပြစ်ဖြစ်နေပြီပေါ့နော်.. :D မောင်မျိုးရေ.. သူများအချစ်တွေဖတ်ပြီး အားကျမနေနဲ့နော်.. ကိုယ်တိုင်လည်း ကြိုးစားပါကွယ်.. :D

ကိုတောင်ငူ>> လာချောင်းရတယ်ဆိုလို့ sorry ပါ ကိုတောင်ငူရေ.. အချစ်နဲ့ပြန်ဖွင့်တာတော့ မဟုတ်ရပါဘူး..အဟီး.. တိုက်ဆိုင်သွားတာပါ။ :D

ပေါက်>> ပေါက်ရေ.. မမိုးချိုသင်းဘက်မှာ တွေ့တုန်းက လှမ်းခေါ်လိုက်ရောပေါ့.. :)

မတန်ခူး>> မရေ.. Banner ကလည်း ဟောင်း၊ ပို့စ်အသစ်လည်း မရေးနိုင်၊ Blog လည်း မကြည့်ဖြစ်မို့ အားချိန်လေးမှာ လုပ်ချင်တာတွေ လုပ်လိုက်ရတာ။ အဟိ.. စကားနားထောင်တာ မဟုတ်ပါဘူး မ ရ.. ပို့စ်က အရမ်းတိုနေလို့ ဆားချက်လိုက်တာပါ။ :P

လေးမ>> Lecture ပေးနေတုန်းပါပဲ လေးမရေ.. အိမ်က ကောင်းကင်ကြီးကတော့ အမရဲ့ Lecture တွေက အပ်ကြောင်းထပ်နေလို့ ရိုးနေပြီ ထင်ပါရဲ့.. :D

လင်းလက်ကြယ်စင်>> ညီမလေးရေ.. လာလည်တာ ကျေးဇူးလည်းတင် ၀မ်းလည်းသာပါတယ်။ “အချစ်ဆိုသည်မှာ” သီချင်းကတော့ ရေးသူရော ဆိုတဲ့သူတွေပါ ကောင်းပြီး အဓိပ္ပာယ်လည်း ပြည့်စုံပါတယ်။

မသက်ဝေ>> မရေ.. comment ပေးတာ နောက်ကျတာ ပြောနေဖို့ မလိုပါဘူး အမရယ်.. စိတ်ထဲ မထားပါနဲ့။ အလုပ်များရင် စိတ်ဖိစီးတာကို ကိုယ်ချင်းစာပါတယ်.. အရေးမကြီးပါဘူး မရ.. :)