December 22, 2008

Flower Arrangement - Dec 9, 2008



ဒီဇင်ဘာလ ၉ ရက်နေ့တုန်းက Christmas Candle (クリスマス キャンドル アレンジメント(生花)) လို့ခေါ်တဲ့ ပန်းအိုးလေး လုပ်ဖြစ်ခဲ့ပါတယ်။ Christmas ကလည်း နီးနေပြီဆိုတော့ ပန်းအိုးပြင်ချင်တယ်ဆိုရင် အလွယ်တကူ ပြင်လို့ရအောင် Blog ပေါ်တင်ပေးလိုက်ပါတယ်။


*****

Christmas Candle ပန်းအိုးအတွက် သုံးတဲ့ ပန်းအရောင်တွေက အဖြူရောင်၊ အ၀ါဖျော့ဖျော့နဲ့ အစိမ်းရောင်တွေ သုံးထားတာ များပါတယ်။ အခုတစ်ခေါက်မှာတော့ ဆရာမက ပန်းနာမည်တွေကို မပြောပြပါဘူး။ ဒါကြောင့် ကျမလည်း သိသလောက်ပဲရေးပေးလိုက်ပါတယ်။ နှင်းဆီပန်းအ၀ါရောင် ဖျော့ဖျော့ ၃ ပွင့်ရယ်၊ ကြားထဲမှာ ညှပ်ပြီး ထိုးရတဲ့ ထင်းရှုးပင်မျိုးနွယ် ကျောက်ခက်တွေရယ် ပြီးတော့ ပန်းအဖြူအခက်လေးတွေရယ်ပါ။ အဲဒီ ပန်းအဖြူခက်တွေက ရုတ်တရက် ကြည့်လိုက်ရင် စပယ်ပန်းအဆုပ်လိုက် ပွင့်နေတာနဲ့ တူပြီး အနံ့လည်း သင်းပါတယ်။ အခုတလောရုံးသွားတော့ အဲဒီလိုပန်းမျိုးတွေ အိမ်နားက ပန်းခြံမှာ စိုက်ထားတာ မြင်မိသေးတယ်။ နောက်ပြီး ဂန္ဓမာပန်းအဖြူလေးတွေလည်း ပါတယ်။ ကျန်တဲ့ ပစ္စည်းတွေကတော့ ပန်းအိုး၊ အလှဖယောင်းတိုင် ၁ တိုင် နဲ့ ပန်းထိုးစိုက်ဖို့ ဖော့တုံးတို့ လိုအပ်ပါတယ်။





ဒီတခါ ပန်းအိုးပြင်တာက လွယ်ပါတယ်။ စစချင်း ပန်းတွေကို ဖြတ်တဲ့အခါမှာ အရှည်ကြီး မဖြတ်ပဲ ၂ လက်မသာသာလောက်ပဲ မှန်းပြီး ဖြတ်ပါတယ်။ နောက် ပန်းအိုးထဲကို ဖော့တုံးရေဆွတ်ပြီးသား ထည့်ပါတယ်။ ပြီးရင် အလယ်တည့်တည့်မှာ ဖယောင်းတိုင် စိုက်ပြီး စောစောက ဖြတ်ထားတဲ့ ပန်းအဖြူခက်တွေကို ဖော့တုံးဘေးပတ်လည်မှာ လိုက်ထိုးပြီး နှင်းဆီပန်း ၃ ပွင့်ကို ဖယောင်းတိုင်ဘေးနားမှာ သင့်သလို ထိုးစိုက်ပါတယ်။ နှင်းဆီပန်းနဲ့ ပန်းအဖြူတွေ နေရာချပြီးပြီဆိုမှ ကျန်တဲ့နေရာလွတ်တွေမှာ ကျောက်ခက်အစိမ်းတွေကို လိုက်ဖြည့်ပြီး ထိုးလိုက်တာပါပဲ။ ကျမထိုးခဲ့တဲ့ ပန်းအိုးက ထမင်းစားပွဲအပုလေးပေါ် တင်ဖို့ ရည်ရွယ်ပြီး ထိုးတာဆိုတော့ အပေါ်က စီးကြည့်ရင် လှမယ်ထင်သလို ပြင်လိုက်တာပါ။ တချို့အမြင့်မှာ တင်ထားချင်တဲ့သူတွေက ဘေးဘက်ကနေ ကြည့်ရင် လှသလို ပြင်ယူကြပါတယ်။ ဆရာမထိုးထားတဲ့ ပန်းအိုးလေးက ပိုလှလို့ ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။ အပေါ်ဆုံးမှာ တင်ထားတဲ့ ပန်းအိုးက ဆရာမ လက်ရာပါ။





ဒီဇင်ဘာလ ၉ ရက်နေ့က ပြင်ခဲ့တဲ့ ပန်းအိုးလေးကို ထမင်းစားပွဲပေါ် တင်ထားပြီး ၂ ရက်ခြားတစ်ခါ ရေနည်းနည်းချင်း လောင်းပေးလာတာ ပန်းတွေ တဖြည်းဖြည်းပွင့်လာပြီး ဒီနေ့မနက်မှ မလှတော့လို့ လွှင့်ပစ်လိုက်ရပါတယ်။




အခုတခါ ပန်းအလှပြင်တာက လွယ်လည်းလွယ်သလို အချိန်ကုန်လည်း သက်သာပါတယ်။ ၀ါသနာပါတယ်ဆိုရင် အခုလို ပန်းအိုးမျိုးလေး စမ်းပြီး လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ပြီး အခုလို ပန်းအဖြူ၊ အ၀ါဖျော့ဖျော့ပန်းတွေနဲ့ အစိမ်းရောင်ရင့်ရင့် အရွက်တွေ ရောပြီး ထိုးကြတဲ့ ပုံစံမျိုးကို ဂျပန်မင်္ဂလာဆောင်တစ်ခုသွားတုန်းကလည်း မြင်ခဲ့ရဖူးပါတယ်။ နောက်ကြုံမှပဲ ဓာတ်ပုံတွေ ပြန်ရှာပြီး တင်ပေးပါ့မယ်။ အခုတော့ ပန်းအလှပြင်တုန်းက ရိုက်ခဲ့တဲ့ဓာတ်ပုံလေးတွေပဲ ကြည့်သွားလိုက်တော့နော်။





ဒီဇင်ဘာ ၂၁၊ ၂၀၀၈။

17 comments:

khin oo may said...

တို့၁

khin oo may said...

လှလိုက်တာ။တို့ကတော့ ဒီအတိုင်းထိုးစိုက်လိုက်တာဘဲ။

nu-san said...

မမခင်ဦးမေ>> မမရေ.. ချက်ချင်းပဲ ရောက်လာတယ်နော်.. မအိပ်သေးဘူးလား.. :P လှတယ်ဆိုလို့ ကျေးဇူးပါ အမရေ.. =)

ThuHninSee said...

လှတယ်..လှတယ်။ ပန်းအဖြူလေးတွေ ကြိုက်တယ်။

pandora said...

မှတ်သွားတယ်

ဒါနဲ့ မနုစံ ပို့စ်အသစ်တင်ရင် သိအောင် အပေါ်က လစ်စ် မှာ လင့်ခ် ထားလိုက်တယ်။ များများ မြန်မြန် ရေးပေတော့ နော်။

PAUK said...

နုတို့များ..စိတ်ရှည်လိုက်တာ..
လှတယ်...
အဖြူလေးနဲ့အစိမ်းလေး...

A Linn Nyi said...

နုနုရေ..ပန်းအိုးလေးကြည့်သွားတယ်။ အရောင်စပ်ထားတာ ကြိုက်တယ်။

Anonymous said...

မနုစံ Christmas Candleပန်းအိုးလေး လာဖတ်သွားရင်း ဆုတောင်းပေးခဲ့တယ်နော်၊
ဝမ်းမြောက်၊ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ်အချိန်အခါသမယမှာ မနုစံမိသားစုအပေါ် ကောင်းချီးမင်္ဂလာများ ကျရောက်ပါစေ.....အာမင်

Anonymous said...

အမနုစံ ပန်းအဖြူလေးတွေ ချစ်စရာလေးတွေ။ ပန်းအိုးလေးတွေ တခါမှ ဒီလို စိတ်ရှည်လက်ရှည် မပြင်ဖူးဘူး။
အနုပညာမျက်စိ မရှိတာလား မိန်းမ မပီသတာလား မသိဘူး အမရေ။
ဒါပေမယ့် ကိုယ့်အိမ်လေးနဲ့ကိုယ် နေရတဲ့အခါ အမပြောသလိုလေးတွေ ပြင်လိုက်အုံးမယ်။(စိတ်ကူးယဉ်လိုက်တာ)
အမရေးထားတာလေးတွေ မှတ်ထားရတယ်။
အခုတော့ တယောက်ထဲ ပြင်ချင်ဘူး။ ပျော်မှမပျော်တာ။
ကိုနိနဲ့နေမှ အပြတ်အလှဆင်လိုက်တော့မယ် အိမ်လေးကို။ ဟဲဟဲ။
အမနုစံနဲ့ အမချစ်သော အစ်ကိုတို့ မိသားစု ပျော်ရွှင်ဖွယ်ခရစ်စမတ်နဲ့ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ။
မဇနိ

May Moe said...

ပျော်ရွှင်ဖွယ်ခရစ္စမတ်ဖြစ်ပါစေ။ မမနုစံ ရောက်ပါတယ် မအော်ဖြစ်လို့။ ပန်းအဖြူလေးတွေ သဘောကျတယ် လှလိုက်တာ

Anonymous said...

Merry Christmas and Happy Holidays, Ma Nu San :)

Anonymous said...

လှတယ်ဗျို့..။ အနော့်ကိုလည်း တစ်ခြင်းလောက်ထိုးပေးမယ့်သူရှိရင် သိပ်ကောင်းမှာပဲ။း(

Anonymous said...

မနုရေ ... ခုမှ အစ်မဘလော့ကိုလာဖြစ်တယ် ... အစ်မ ပန်းအိုးလေးလှတယ် ...း)

Dr. Yi Yi Win said...

လှလိုက်တာ။ အနံ့ လေးတောင်ရနေသလိုပဲနုစံရ။ အဖြူပွင့်လေးတွေက စံပယ်အကြီးစားလေးတွေထင်ပါရဲ့။ ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေညီမရေ။

သက်ဝေ said...

ပန်းအဖြူလေးတွေက ချစ်စရာ...
ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ လို့  ဆုတောင်းသွားပါတယ် နုစံရေ...

nu-san said...

မမခင်ဦးမေ>> မခင်ဦးမေက တကယ်တော်တယ်.. အမြဲတမ်း နံပါတ် ၁ ပဲ။ :)

သုနှင်းဆီ>> ပန်းတွေ လှတယ်ပြောလို့ ၀မ်းသာတယ် မွန်။

မပန်ဒိုရာ>> မပန်ရေ.. လင့်ထားတာ ကျေးဇူးပါနော်.. များများရေးဖို့ကတော့... ဟဲ..ဟဲ.. :D

ပေါက်>> ပေါက်ရေ.. ပန်းတွေ ပြင်ရရင်တော့ စိတ်ရှည်ရှည်ထားရတယ် နို့မို့ဆို အေးချမ်းမေတွေ ဖြစ်ကုန်လိမ့်မယ်.. တခြားအချိန်တွေ ဆိုရင်တော့ စိတ်က တယ်မရှည်ချင်ဘူးရယ်...:D

အလင်းညီ>> အမ ပန်းအိုးလေး ကြည့်ယုံပဲလား... Equal Somewhere လေးကို လည်း တချက်ပြန်လှည့်ကြည့်ပါဦး.. :P

ကိုကမာနီလာ>> ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ကိုကမာ :)

မဇနိ>> မဇနိရေ...ပန်းအိုးတွေ ပန်းအရောင်အစပ်အဟပ်တွေ အမလည်း သေချာတော့ မသိဘူးရယ်.. ဆရာမပြောပြပေးသလောက်တော့ သိတယ်.. ပန်းအလှပြင်ဖို့ ပန်းရွေးတာ အရောင်ရွေးတာ ပြီးတော့ ပန်းအိုးကအစ ဆရာမပဲ အကုန်စီစဉ်ပေးတာ။ ကိုယ်က အဲဒါလေးတွေ လိုက်မှတ်ထား လိုက်တာပေါ့နော်..အဟီး. မဇနိလေး ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ :)

မေမိုး>> ပျော်ရွှင်သော နှစ်သစ်ဖြစ်ပါစေ။ X'mas က ပြီးသွားပြီဆိုတော့ အခုမှ comment တွေ ပြန်ရလို့ နောက်ကျသွားတာ.. :P

Ma Nu Thwe >> Same to you A ma yay!!

Craton>> အေး ငါ့တူလေးကို အန်တီ အလကား ပန်းထိုးပေးမယ်.. တူလေး မင်္ဂလာဆောင်ရင် ဖိတ်နော်.. :D

ကြယ်ပြာ>> ညီမလေးရေ.. လာလည်တာ ကျေးဇူးပါ။ ပန်းအိုးလေး လှတယ်ဆိုလို့ ပါးစပ် စေ့မရချင်တော့ဘူး.. =)

မယုဝရီ>> အမရေ.. အဖြူရောင် ပန်းလေးတွေက စံပယ်နဲ့ ဆင်တူတယ်။ အနံ့လည်း သင်းတယ်။ ဘာပန်းလည်းတော့ မသိဘူး.. :P

မမသက်ဝေ>> အမပေးတဲ့ဆုနဲ့ ပြည့်ပါစေလို့ ထပ်ဆင့် ဆုတောင်းပါတယ်.. :)

Anonymous said...

ပန်းလှလှလေးတွေ လာကြည့် သွားပါတယ်ရှင်