September 21, 2007

ဒီနေ့ညစာ

ဒီည နောက်ကျမှ အိမ်ပြန်ရောက်တယ်။ ဒီတလော မနောက်ကျတဲ့ရက်က မရှိသလောက်ပဲ။ တနင်္လာနေ့က ပိတ်ရက်ဆိုတော့ ဒီတစ်ပတ်ထဲ ၄ ရက်ပဲ အလုပ် လုပ်လိုက်ရတယ်။ ၄ ရက်ထဲသာဆိုတယ် လူမပင်ပန်းပေမယ့် စိတ်တော့ ပင်ပန်းသား။ ပြီးတော့လည်း အားလုံးက ပြီးသွားတာပါပဲလေ။ ဒါကြောင့် ဒီညနေ အိမ်ပြန်ရောက်တော့ ဘာမှလည်း မချက်ချင်တော့ဘူး။ (မရှက်တမ်း ၀န်ခံရရင် ချက်ထားတာလည်း ဘာမှ မရှိဘူး။) အိမ်မှာရှိတဲ့ ပစ္စည်းတွေနဲ့ ကြေးအိုးဆီချက် လုပ်စားလိုက်တာ။ ကြေးအိုးဆိုရင်လည်း သူက မစားပြန်ဘူးလေ။ နောက်ပြီး ၀က်သားက ဒီမှာ အသားချည်းပဲ ရတယ်။ ၀က်အသည်းတို့ ကလီစာတို့ ဘာမှမရဘူး။ အဲဒီတော့ ကြေးအိုး ချက်လည်း စားမကောင်းမဲ့အတူတူ ကြေးအိုးဆီချက် လုပ်စားပစ်လိုက်တယ်.. အေးရော..။


ကြေးအိုးဆီချက်က ချက်ရတာလွယ်ပါတယ်။ ၀က်သားစဉ်းထားပြီးသားထဲ ငရုတ်ကောင်း၊ သကြား၊ ဆား၊ ကြက်သွန်ဖြူ၊ ဂျင်း။ ကော်မှုန့်ထည့်ပြီး နယ်ထားလိုက်တာ။ ရေနွေးဆူရင် ၀က်သားနယ်ထားတာကို လုံးပြီး ထည့်တယ်၊ Ready Made ငါးဖယ်လုံး၊ ပဲပြား၊ ကြက်အမြစ်ပြုတ်ပြီးသားထည်၊့ အပေါ့အငန် မြည်း ပြီးရင် ဆန်ကြာဇံထည့်ပြီး မီးအေးအေးလေးနဲ့ ခဏထားလိုက်။ ကြာဇံနူးခါနီးရင် မုန်ညင်းရွက်ထည့်၊ ခဏနေရင် ဇကာထဲ သွန်ချပြီး ရေစစ်ထားလိုက်တယ်။ ပြီးမှ ဆီချက် ချက်ထားတာရယ် ပဲငံပြာရည်အကြည်ရယ် ငရုတ်ကောင်းမှုန့်နည်းနည်းထည့်ပြီး ကြာဇံရေစစ်ထားတာကိုပါ ရောမွှေလိုက်တော့ အခုလို ကြေးအိုးဆီချက် ရလာတာပေါ့။ စားခါနီးတော့ ငုံးဥလေး ထည့်လိုက်တယ်။ မယုံရင် စားကြည့်ပါလား... စားလို့ကောင်းတယ် (သူကတော့ အဲဒီလို ပြောတာပဲ...) အချဉ်ရည်က ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထောင်း၊ သကြား၊ဆား၊ ရှာလကာရည်၊ ငရုတ်ဆီ၊ ပဲငံပြာရည် အပြစ်ရည် နည်းနည်းထည့်ပြီး မွှေလိုက်တာပဲ။

(ဒီမှာရှိတဲ့ပစ္စည်းတွေကို စိတ်ကူးပေါက်သလို ထည့်ပြီးလုပ်စားခြင်းဖြစ်ပါသည်။)




စက်တင်ဘာ ၂၂၊ ၂၀၀၇။

3 comments:

မြရွက်ဝေ said...

ရှလွတ်!!!!!!
ဝက်ကလီစာနဲ့ ၀က်နားရွက် အဆင်သင့်လုပ်ပြီးသားတွေ အစားအစာ အဓိကရောင်းတဲ့ ဆူပါမားကတ်တွေမှာ ရှိတယ်အမ။ အိမ်နားက ららマット မှာ မကြာမကြာ တွေ့တယ်။ ၀က်အဆီအသားတွဲရက်အတုံးတို့ ၀က်နံရိုးတို့လည်း ရှိတယ်။ ၀က်အသဲအမြစ်တော့ မတွေ့မိဘူး။
:)

kay said...

လုပ်စားဦးမယ်..ရှလွတ်

thamudayanwe said...

ကြေးအိုးဆီချက် ဒီတပတ်လုပ်စာဒမယ်ကွ
အခုတော့ ကျောင်းနောက်ဆုံးချိန်မတက်ရလို့ ညစာနန်းကြီးသူတ်စားမယ် ဗျို့.........