မနှစ်က အောက်တိုဘာလ မှာ ပြင်သစ်က ကောင်မလေး တစ်ယောက် ကျမတို့ ရုံးကို Training အနေနဲ့ ရောက်လာခဲ့တယ်။ ပြင်သစ်က လာတယ်ဆိုပေမယ့် သူ့မိဘတွေက ကမ္ဘောဒီးယား နိုင်ငံသားတွေပါ။ သူ့ကိုတော့ ကျမတို့က “စိုးစိုး” လို့ခေါ်တယ်။ စိုးစိုး ဒီကို ရောက်လာပြီး သိပ်မကြာဘူး ၊ နိုဝင်ဘာလောက်ကျတော့ သူ့ကောင်လေးလည်း Osaka ကို ရောက်လာခဲ့တယ်။ သူ့ကောင်လေးက Holiday Working Visa နဲ့ ရောက်လာတာမို့ တစ်နှစ်ပဲ နေခွင့်ရှိတယ်လို့ ပြောပါတယ်။ စိုးစိုးနဲ့ ပတ်သက်ပြီး ကျမတို့လည်း သူ့ကောင်လေးနဲ့ပါ သူငယ်ချင်းဖြစ်သွားကြတာပေါ့။
ဒီနှစ် နိုဝင်ဘာလဆိုရင် သူ့ကောင်လေး
*****
ဘူဖေးဆိုင်က ရုံးဖွင့်ရက်ဆို လူမများပေမယ့် ပိတ်ရက်ဆို တန်းစီရတာ အကြာကြီးပဲ။ တစ်ယောက်ကို ၂၀၉၇ ယန်း ပေးရပြီး ၂ နာရီအချိန်ပေးပါတယ်။ မနေ့ (စနေနေ့) က ပိတ်ရက်ဆိုတော့ သူငယ်ချင်းတွေက ၇ နာရီခွဲလောက်ကတည်းက သွားတန်းစီထားကြတယ်။ အမျိုးသားနဲ့ ကျမက ၈ နာရီ ထိုးခါနီးလောက်မှ အဲဒီဆိုင်ရောက်သွားကြတာ။ တကယ်တမ်း စားရတော့ ၈ နာရီခွဲခါနီးနေပါပြီ။
ဗိုက်လည်း ဆာနေပြီမို့ ကျမတို့ အုပ်စုလည်း ဆိုင်ထဲရောက်တာနဲ့ ခေါင်းမဖော်တမ်း စားပစ်လိုက်တာ မိနစ် ၃၀ အတွင်း ဗိုက်တော်တော် တင်းသွားကြတယ်။ ၁၀ နာရီ ခွဲခါနီးတော့မှ ဆိုင်က ထွက်လာကြတာ လူတွေက အိပဲ့ အိပဲ့နဲ့ ဗိုက်တင်းပြီး လမ်းတောင် သိပ်မလျှောက်နိုင်ဘူး။ ဆိုင်က ချပေးတဲ့ ဟင်းပွဲတွေက တစ်ပွဲကုန်ရင် နောက်တစ်မျိုး အသစ်ပြောင်းပြီး အလှည့်ကျ ချပေးတာမျိုးဆိုတော့ ဟင်းအမည် အားလုံးလည်း မမှတ်မိတော့ပါဘူး။ dim sum လိုမျိုးတွေလည်း ပါတယ်။ ရေနွေးကြမ်း အပါအ၀င် အအေးလည်း ၄ မျိုးလောက်လည်း ပေးထားပြီး အချိုပွဲအတွက် ရေခဲမုန့်၊ ပူတင်းနဲ့ သာဂူလို မုန့်အချိုတွေလည်းပါ ပါတယ်။
အမှန်တော့ အခုလို ဆိုင်မျိုးက ခဏခဏ သွားစားလို့ မကောင်းဘူး။ ဘူဖေးဆိုတော့ သိပ်မစားနိုင်ရင်လည်း မတန်ဘူးလို့ ခံစားရတယ်။ ကိုယ့်ဘာသာကိုယ် ၂ ယောက်တည်း အပြင်မှာ သွားစားမယ်ဆိုရင် အဲဒီလို ဆိုင်မျိုးကို မရွေးဖြစ်ဘူး။ သူငယ်ချင်းတွေနဲ့ဆိုတော့ စကားပြောလိုက်၊ နောက်ပြောင်လိုက်၊ ဟင်းအသစ်ရောက်ပြီလား တစ်ယောက်တစ်လှည့် သွားကြည့်ပြီး ယူလာပေးလိုက်နဲ့မို့ ပျော်စရာကောင်းပါတယ်။ ၂ နာရီဆိုတော့လည်း အေးအေးဆေးဆေး အချိန်ယူပြီး အချင်းချင်း စကားပြောရင်း စားလို့ရတာပေါ့။
*****
စားသောက်ပြီး လမ်းခွဲခါနီးတော့ စိုးစိုးနဲ့ သူကောင်လေးကို ကြည့်ပြီး စိတ်မကောင်းဘူး။ ကိုယ်တွေကလည်း သူ့ကောင်လေးနဲ့ပါ ခင်နေတာဆိုတော့ သိပ်မကြာခင်
ဖန်ခွက်ထဲက ၀ါဝါအရည်တွေကတော့ ၀ယ်သောက်ရတာ ဘူဖေးထဲမှာ မပါဘူး။
ည ၁၀ နာရီခွဲလောက်ရှိပြီဆိုတော့ ဆိုင်ထဲမှာလည်း လူတော်တော်ရှင်းနေပါပြီ..
အောက်တိုဘာ ၂၅၊ ၂၀၀၉။
12 comments:
Dont bring u wa tote to beer buffet.
သွားရေကျသွားပါတယ် မနုစံရေ။ buffet စားရတာ ၀ိတ်တက်စေလို့ သိပ်မစားဖြစ်ပါဘူး :D
စားချင်တယ် နုရေ.. မိသားစုနဲ့ သူငယ်ချင်းတွေနဲ့ စားရရင် ပိုပျော်စရာကောင်းလို့ အစားအသောက်ထက် အဲဒီအချိန်လေးတွေကို ပိုတန်ဖိုးထားရတာပေါ့။
ဘူဖေး စားရင်ဘယ်တော့မှမတန်ဘူး။မစားနိုင်လို့။
မန်းလေးမှာနေတုန်းက မနက်စာဘူဖေးကိုစားတာ နေ့ လည်စာတောင်စားစရာမလိုဘူးဖြစ်သွားတယ်။
အစားအသောက်တွေကို ငေးသွားပါတယ်။ တခါတလေတော့ အဲလိုသွားစားတာ ကောင်းတယ်။
စိုးစိုးအတွက်တော့ စိတ်မကောင်းဘူး။ ဖူးစာမှန်ရင် ဆုံကြမှာပါလို့ပဲ ဆုတောင်းပါတယ်။
ဒီနေရာလေးကို လာတိုင်း စားစရာတွေခဏခဏတွေ့ရတာ သဘောကျမိတယ်ဗျ... ။ ဆီဗုံး မရှိလို့ ဒီနေရာလေးကနေ ပြောသွားရတာပါ...။ လင့်ခ်ချိတ်ခွင့်ပြုပါခင်ဗျာ...။ အားတဲ့အခါ...အသစ်လေးတွေတင်တိုင်း ဖတ်ချင်လို့ပါ...။
ကျေးဇူးပါခင်ဗျာ...။
ဒီမှာ ဘူဖေးတော့ မစားဖူးသေးဘူး။ သိပ်မစားနိုင်တော့ မတန်ဘူးထင်လို့။ အများနဲ့တော့ အိန္ဒိယအစားစာဆိုင်မှာ တနာရီအတွင်း 食べ放題စားဖူးတယ်။ တယောက် ယန်းတထောင်ကျော်ဘဲကျလို့ တန်တယ်ပြောရမယ်။
(အမက ဝါဝါအရည် မသောက်ရဘူး မဟုတ်လား!)
ဝင်တီးသွားတယ်ဗျာ..
နုစံ မဖတ်ရသေးတာတွေ လာဖတ်တာ... အဖွဲ့လိုက် သွားစားရင် ပိုပျော်စရာကောင်းတယ်... တော်တော် စားခဲ့လား
နုရေ…ဒီကိုလာလည်ရင် တူတူဘူဖေးသွားစားရအောင်… ကောင်မလေး… ၀ါဝါအရည်တွေ သောက်လို့ မရဘူးနော်…
အစ်မကို တိုးတိုးတိတ်တိတ်မေးစရာရှိတယ်။
ဘယ်လိုမေးရမလဲမသိဘူး။
Post a Comment